China
နွေဦးပွဲတော် ခရီးသွားကာလ၌ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဟေးလုံကျန်းပြည်နယ်တွင် “ရထားထဲမှ ဈေးပွဲတော်” ကို စတင်
ဟားအယ်ပင်း၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဟေးလုံကျန်းပြည်နယ်၏ ၂၀၂၆ ခုနှစ်၏ ပထမဆုံး “ရထားထဲမှ ဈေးပွဲတော်” ကို လက်ခံကျင်းပသည့် ရထား K7103 သည် မြို့တော်ဟားအယ်ပင်းမှ ဖေဖော်ဝါရီ ၄ ရက်က ထွက်ခွာပြီး ကျားကယ်တာချီခရိုင်သို့ ဦးတည်ခဲ့ကြောင်း သိရသည်။ အဆိုပါဈေးပွဲတော်တွင် ဟေးလုံကျန်းပြည်နယ်၏ စိုက်ပျိုးရေးအထူးထုတ်ကုန်များ၊ ရထားလမ်းအကြောင်းအရာနောက်ခံဖြင့် ဖန်တီးထားသော ယဉ်ကျေးမှုဆိုင်ရာထုတ်ကုန်များနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင် လက်မှုပညာပစ္စည်းများ ပါဝင်သည်။ အဆိုပါ “ဈေးပွဲတော်” ၌ ဝယ်ယူသည့်ပစ္စည်းများကို ဝယ်ယူသူသတ်မှတ်သည့် လိပ်စာများသို့ ပို့ဆောင်ရေးဝန်ဆောင်မှုမှတစ်ဆင့် ပေးပို့ပေးမည်ဖြစ်ကြောင်း သိရသည်။
China Railway Harbin Group ကုမ္ပဏီလီမိတက်သည် အကြောင်းအရာနောက်ခံပြု ခရီးသည်တင်ရထားအများအပြားကို မကြာသေးမီနှစ်များအတွင်း အဆက်မပြတ်စတင်ပြေးဆွဲလာခဲ့သည်။ တစ်ချိန်တည်းမှာပင် ထိုကုမ္ပဏီက လက်ရှိနွေဦးပွဲတော် ခရီးသွားကာလကြားထဲတွင် ၎င်း၏ခရီးသည်များအတွက် တစ်မူထူးခြား၍ နွေးထွေးသောအတွေ့အကြုံကို ပေးစွမ်းနိုင်ရန် အကောင်းဆုံးကြိုးစားလျက်ရှိကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဟေးလုံကျန်းပြည်နယ်တွင် ပြုလုပ်သည့် “ရထားထဲမှ ဈေးပွဲတော်” ၌ ခရီးသည်များအား ပန်ကိတ်လက်ဆောင်ပေးနေသည့် ရိုးရာဝတ်စုံ ဝတ်ဆင်ထားသော ရထားအမှုထမ်းတစ်ဦးကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဟေးလုံကျန်းပြည်နယ်တွင် ပြုလုပ်သည့် “ရထားထဲမှ ဈေးပွဲတော်” ၌ ဖျော်ဖြေတင်ဆက်နေသည့် ရိုးရာဝတ်စုံ ဝတ်ဆင်ထားသော ရထားအမှုထမ်းများကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဟေးလုံကျန်းပြည်နယ်တွင် ပြုလုပ်သည့် “ရထားထဲမှ ဈေးပွဲတော်” ၌ (“ကံကြမ္မာ” ဟု အဓိပ္ပာယ်ရသည့်) တရုတ်စာလုံး “Fu” အား ရထားအမှုထမ်းတစ်ဦးက ရေးသားနေပုံကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဟေးလုံကျန်းပြည်နယ်တွင် ပြုလုပ်သည့် “ရထားထဲမှ ဈေးပွဲတော်” ၌ ဖျော်ဖြေတင်ဆက်နေသည့် ရထားအမှုထမ်းတစ်ဦးကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဟေးလုံကျန်းပြည်နယ်တွင် ပြုလုပ်သည့် “ရထားထဲမှ ဈေးပွဲတော်” ၌ ရောင်းချသည့် ဒေသထွက်အထူးထုတ်ကုန်များကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဟေးလုံကျန်းပြည်နယ်တွင် ပြုလုပ်သည့် “ရထားထဲမှ ဈေးပွဲတော်” ၌ ခရီးသွားဧည့်သည်တစ်ဦးအား ဒေသထွက်အထူးထုတ်ကုန်တစ်ခုနှင့် မိတ်ဆက်ပေးနေသည့် ကုန်သည်တစ်ဦးကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………
(English Version)
“In-train fair” launched in NE China’s Heilongjiang amid Spring Festival travel rush
HARBIN, Feb. 4 (Xinhua)
Train K7103, the host of Heilongjiang’s first “in-train fair” of 2026, departed from Harbin and headed for Jiagedaqi on Wednesday. The fair features agricultural specialties of the province, railway-themed creative cultural products, and handicrafts listed as intangible cultural heritage. Items purchased at the “fair” would be delivered to buyer-designated addresses via courier service.
China Railway Harbin Group Co., Ltd. has successively launched a number of themed tourist trains in recent years. At the same time, the company tries its best to enable unique and warm experience for its passengers amid the ongoing Spring Festival travel rush. ■
English Caption 1
Attendants in folk costumes showcase frozen fruits at an “in-train fair” in northeast China’s Heilongjiang Province, Feb. 4, 2026. (Xinhua/Wang Song)
English Caption 2
A attendant in folk costume presents pancakes to passengers at an “in-train fair” in northeast China’s Heilongjiang Province, Feb. 4, 2026. (Xinhua/Wang Song)
English Caption 3
Attendants in folk costumes perform at an “in-train fair” in northeast China’s Heilongjiang Province, Feb. 4, 2026. (Xinhua/Wang Song)
English Caption 4
An attendant writes Chinese character “Fu” (meaning “fortune”) at an “in-train fair” in northeast China’s Heilongjiang Province, Feb. 4, 2026. (Xinhua/Wang Song)
English Caption 5
An attendant performs at an “in-train fair” in northeast China’s Heilongjiang Province, Feb. 4, 2026. (Xinhua/Wang Song)
English Caption 6
This photo taken on Feb. 4, 2026 shows the local specialties for sale at an “in-train fair” in northeast China’s Heilongjiang Province. (Xinhua/Wang Song)
English Caption 7
A merchant (L) introduces a local specialty to a tourist at an “in-train fair” in northeast China’s Heilongjiang Province, Feb. 4, 2026. (Xinhua/Wang Song)
