Connect with us

China

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ အခြား APEC စီးပွားရေးနိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှု ယွမ် ၁၂၅ ထရီလီယံ ကျော်လွန်

တောင်ကိုရီးယားနိုင်ငံ ဂျောင်ဂျူမြို့၌ ကျင်းပသည့် ၃၂ ကြိမ်မြောက် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီးပွားရေးခေါင်းဆောင်များအစည်းအဝေး၏ ကြော်ငြာတပ်ဆင်ထားပုံကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွမ်ကျိုး၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)
၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၁-၂၀၂၅) အတွင်း တရုတ်နိုင်ငံနှင့် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) မှ အခြားသော စီးပွားရေးနိုင်ငံများအကြား ကုန်သွယ်မှုပမဏအနေဖြင့် စုစုပေါင်း ယွမ် ၁၂၅.၄၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၈.၀၅ ထရီလီယံခန့်) ရှိပြီး ယင်းမှာ ယခင်ငါးနှစ်ကာလကထက် ၃၉.၄ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီ ၄ ရက်၌ ထုတ်ပြန်သည့် တရားဝင်အချက်အလက်များက ဖော်ပြခဲ့သည်။
၂၀၂၅ ခုနှစ်တစ်နှစ်တည်းအတွက် ကိန်းဂဏန်းကပင် ယွမ် ၂၆.၂၉ ထရီလီယံရှိပြီး ယင်းမှာ ထိုနှစ်တွင် တရုတ်နိုင်ငံ၏ စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှု၏ ရာခိုင်နှုန်း ၆၀ နီးပါးရှိကြောင်း တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်၏ မြို့တော် ကွမ်ကျိုး၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် APEC အကောက်ခွန်လုပ်ထုံးလုပ်နည်းဆိုင်ရာ ဆပ်ကော်မတီ (SCCP) ၏ ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေးအရ သိရသည်။
အထွေထွေအကောက်ခွန်ဦးစီးဌာန (GAC) ၏ ဒုတိယအကြီးအကဲ ကျောက်ကျန်းလျန်က အာရှ-ပစိဖိတ်ဒေသ၏ အခန်းကဏ္ဍကို ကမ္ဘာ့တိုးတက်မှုအင်ဂျင်အဖြစ် မီးမောင်းထိုးပြခဲ့ပြီး ၎င်းဒေသ၏ စုစုပေါင်းစီးပွားရေးပမာဏက ယခုအခါ ကမ္ဘာ့စီးပွားရေး၏ ရာခိုင်နှုန်း၆၀ ကျော်ကို ကိုယ်စားပြုကြောင်း ထောက်ပြခဲ့သည်။
၂၀၂၆ ခုနှစ်အတွက် SCCP ဥက္ကဋ္ဌအနေဖြင့် GAC က စမတ်အကောက်ခွန်မိတ်ဖက်ဆက်ဆံရေးအောက်တွင် ပူးပေါင်းဆောင်ရွက်မှုအား နက်ရှိုင်းစေခြင်း၊ ထောက်ပံ့ရေးကွင်းဆက်ကြံ့ကြံ့ခံနိုင်စွမ်းအား မြှင့်တင်ခြင်းနှင့် ဒစ်ဂျစ်တယ်အသွင်ပြောင်းမှုအား အရှိန်မြှင့်တင်ခြင်းဟူသည့် အဆိုပြုချက်သုံးရပ်ကို အဆိုပြုထားကြောင်း သိရသည်။ (Xinhua)
………………….
(English Version)
China’s trade with other APEC economies exceeds 125 tln yuan from 2021 to 2025
GUANGZHOU, Feb. 4 (Xinhua) — Trade between China and other Asia-Pacific Economic Cooperation (APEC) economies during the 14th Five-Year Plan period (2021-2025) totaled 125.49 trillion yuan (about 18.05 trillion U.S. dollars), which was up 39.4 percent from the previous five years, official data showed on Wednesday.
The figure for 2025 alone came in at 26.29 trillion yuan, accounting for nearly 60 percent of China’s total foreign trade that year, according to the first plenary meeting of the 2026 APEC Sub-Committee on Customs Procedures (SCCP) held in Guangzhou, the capital of south China’s Guangdong Province.
Zhao Zenglian, deputy head of the General Administration of Customs (GAC), highlighted the Asia-Pacific region’s role as the world’s growth engine, noting that its total economic volume now represents over 60 percent of the global economy.
As SCCP chair for 2026, the GAC has proposed three initiatives: deepening cooperation under the smart customs partnership, enhancing supply-chain resilience and accelerating digital transformation. ■
English Caption
This photo taken on Oct. 28, 2025 shows a publicity installation of the 32nd Asia-Pacific Economic Cooperation (APEC) Economic Leaders’ Meeting in Gyeongju, South Korea. (Photo by Park Jintaek/Xinhua)