China
တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ ဆက်ဆံရေးတိုးတက်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာမြောက် တည်ငြိမ်မှုအတွက် လုပ်ဆောင်ရန် ရှီ တိုက်တွန်း
ပေကျင်း၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)
အဆင့်မြင့်ကူးလူးဆက်ဆံမှုများ မြှင့်တင်ကာ နယ်ပယ်အသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်နှင့် ဖေဖော်ဝါရီ ၄ ရက်၌ အွန်လိုင်းဖြင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
သမ္မတ ရှီက ပူတင်နှင့် ရုရှားပြည်သူများအား နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက်သည် တရုတ်ပြက္ခဒိန် နွေဦးရာသီစတင်ချိန်ဖြစ်ရာ စမှတ်သစ်ကို ကိုယ်စားပြုကြောင်း ပြောခဲ့သည်။ ဤကဲ့သို့ မင်္ဂလာရှိသော နေ့ရက်တွင် ၎င်းအနေဖြင့် ပူတင်နှင့်အတူ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် စီမံချက်အသစ် စတင်ရေး လုပ်ဆောင်ရန်အသင့်ရှိကြောင်း ရှီက ပြောကြားခဲ့သည်။
ထို့နောက် ပူတင်က ရှီနှင့် တရုတ်ပြည်သူများအား ပျော်ရွှင်ဖွယ် နွေဦးပွဲတော် ဖြစ်ပါစေကြောင်း၊ ကြိုးပမ်းအားထုတ်သူများအားလုံး တက်ကြွသောစွမ်းအင်နှင့် အရေးပါသော အောင်မြင်မှု ရရှိပါစေကြောင်း ဆန္ဒပြုခဲ့သည်။
ယခင်နှစ်က ၎င်းတို့၏ တွေ့ဆုံဆွေးနွေးမှု နှစ်ခုလုံးသည် တရုတ်-ရုရှား ဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်မှု အဆင့်သစ်သို့ ဦးတည်ပေးခဲ့ကြောင်း၊ နှစ်နိုင်ငံက ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးအောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် ကျင်းပခဲ့ကာ နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေးဖလှယ်မှုများ စဉ်ဆက်မပြတ် မြှင့်တင်ခဲ့ပြီး ပြည်သူအချင်းချင်း ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်ခဲ့သလို ပိုမို တရားမျှတ၍ သာတူညီမျှရှိသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်တည်ဆောက်ရေးအတွက် ဆက်လက် ကတိပြုခဲ့ကြကြောင်း ရှီက ဆိုသည်။
ယခုနှစ်သည် တရုတ်နိုင်ငံ၏ ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ စတင်ပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အဆင့်မြင့်တံခါးဖွင့်လှစ်မှုကို တိုးချဲ့ဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်မည်ဖြစ်ကာ ရုရှားနိုင်ငံနှင့်အတူ ကမ္ဘာ့နိုင်ငံများနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းသစ်များ မျှဝေမည်ဖြစ်ကြောင်း ရှီက အလေးထားပြောကြားခဲ့သည်။
ထို့ပြင် ယခုနှစ်သည် တရုတ်-ရုရှား မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုမိတ်ဖက်နိုင်ငံဆက်ဆံရေး တည်ထောင်ခြင်း နှစ် ၃၀ မြောက် အခါသမယ၊ တရုတ်-ရုရှား အိမ်နီးချင်းကောင်းနှင့် ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးသည့် ၂၅ နှစ်မြောက်အခါသမယနှင့် တရုတ်-ရုရှား ပညာရေးနှစ် စတင်ခြင်းအခါသမယလည်း ဖြစ်ကြောင်း ရှီက ဆိုသည်။
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/9Zn

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်တို့ အွန်လိုင်းဖြင့် တွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၄ ရက် ပြုလုပ်နေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်တို့ အွန်လိုင်းဖြင့် တွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၄ ရက် ပြုလုပ်နေစဉ် (ဆင်ဟွာ)
……………………………………..
(English Version)
Xi calls on China, Russia to grow ties, work for global strategic stability
BEIJING, Feb. 4 (Xinhua) — China and Russia should increase high-level exchanges and strengthen pragmatic cooperation in various fields, Chinese President Xi Jinping said in a virtual meeting with Russian President Vladimir Putin on Wednesday.
Xi extended New Year greetings to Putin and the Russian people, stating that Wednesday coincided with the Beginning of Spring on the Chinese lunar calendar, which represents a new start. On the auspicious day, Xi expressed his readiness to work with Putin to chart a new blueprint for bilateral ties.
Putin wished Xi and the Chinese people a happy Spring Festival, vibrant energy and immediate success in all endeavors.
Noting that their two meetings last year steered China-Russia relations into a new phase of development, Xi said the two countries commemorated the 80th anniversary of victory in the World Anti-Fascist War, sustained robust bilateral economic and trade exchanges, elevated people-to-people exchanges and cooperation, and remained committed to building a more just and equitable global governance system.
Highlighting that this year marks the beginning of China’s 15th Five-Year Plan period, Xi emphasized that the country will be more proactive in expanding its high-level opening up and will share new development opportunities with countries around the world, including Russia.
This year also marks the 30th anniversary of the establishment of the China-Russia strategic partnership of coordination, the 25th anniversary of the signing of the China-Russia Treaty of Good-Neighborliness and Friendly Cooperation, and the beginning of the China-Russia Years of Education, he said.
Read update: xhtxs.cn/9Zn
Photo 1, 2, 3: Chinese President Xi Jinping holds a virtual meeting with Russian President Vladimir Putin at the Great Hall of the People in Beijing, capital of China, Feb. 4, 2026. (Xinhua/Liu Bin)
