China
တရုတ်နိုင်ငံ၏ ပထမအကြိမ် ဆန်ရှီးပြည်နယ် ဆောင်းရာသီ အားကစားပြိုင်ပွဲကို ယွီလျင် မြို့တွင် ဖွင့်လှစ်
ယွီလျင် ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ပထမအကြိမ် ဆန်ရှီးပြည်နယ် ဆောင်းရာသီ အားကစားပြိုင်ပွဲကို နိုင်ငံအနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ယွီလျင် မြို့တွင် ဖေဖော်ဝါရီ ၆ ရက်က ဆောင်းရာသီ အိုလံပစ်ပုံစံ ဆန်းသစ်သော အစီအစဉ်များဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဆန်ရှီးပြည်နယ်၏ “မီနီ ဆောင်းရာသီ အိုလံပစ်” အဖြစ် သတ်မှတ်ခံထားရသည့် အဆိုပါအားကစားပြိုင်ပွဲတွင် လူငယ်အဖွဲ့၌ အားကစားနည်း ခုနစ်မျိုးမှ ရွှေတံဆိပ်ဆု ၁၃၆ ခု ပါဝင်သည်။ ပွဲစီစဉ်သူများက နှင်းလျှောစီးခြင်း၊ အမြန်နှုန်းစကိတ်စီးခြင်းနှင့် ရေခဲပြင်ပေါ် ကျောက်ပြားဒိုးပစ်ကစားခြင်း စသည့် အားကစားနည်းသုံးမျိုးကိုလည်း အားကစားဝါသနာရှင်များအတွက် သတ်မှတ်ထားကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၁ ရက်အထိ ကျင်းပမည့် ယခုနှစ်၏ အဆိုပါအားကစားပြိုင်ပွဲတွင် အားကစားသမား ၁,၃၄၁ ဦးကျော် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
ခရိုင်ဖြတ်ကျော် နှင်းလျှောစီးခြင်း၊ လူငယ်အဖွဲ့၏ ရေခဲပြင်ဟော်ကီနှင့် တောင်ပေါ်နှင်းလျှောစီးခြင်းမှအပ ကျန်ယှဉ်ပြိုင်မှုအားလုံးမှာ တရားဝင်ဖွင့်ပွဲအခမ်းအနားမတိုင်မီ ပြီးစီးသွားပြီဖြစ်သည်။
အမျိုးသား ၄ ဦးစီး ပြိုင်စွတ်ဖားစီးယှဉ်ပြိုင်မှု၌ တရုတ်နိုင်ငံသားချန်ပီယံဖြစ်သူ ကျူးကျစ်လုန်က နောက်ဆုံးမီးရှူးတိုင်ကိုင်ဆောင်သူအဖြစ် မီးရှူးတိုင်ကို ထွန်းညှိ၍ အဆိုပါပြိုင်ပွဲအား ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ယွီလျင်မြို့၌ ပထမအကြိမ် ဆန်ရှီးပြည်နယ် ဆောင်းရာသီ အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားတွင် ဖျော်ဖြေတင်ဆက်နေကြသူများကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………..
(English Version)
1st Shaanxi Provincial Winter Games opens in Yulin
YULIN, China, Feb. 6 (Xinhua) — The first Shaanxi Provincial Winter Games opened in Yulin city on Friday, with the ground-breaking campaign featuring the Winter Olympics style program.
Tipped as Shaanxi Province’s “mini-Winter Olympics”, the games features 136 golds of seven disciplines in the youth group. The organizers also set three disciplines for mass sports enthusiasts, including skiing, speed skating and curling.
Over 1,341 athletes are competing in the year’s Games, which will run through to February 11.
Except cross-county skiing, ice hockey of the youth group, as well as alpine skiing, all the competitions have already concluded before the official opening ceremony.
Zhu Zilong, Chinese national champion at 4-men bobsled, lit the cauldron as the last torch bearer. ■
English Caption 1
Team Yulin parades in the opening ceremony of the 1st Shaanxi Provincial Winter Games, Yulin, Feb. 6, 2026. (Xinhua)
English Caption 2
Dancers perform in the opening ceremony of the Games. (Xinhua)
