China
တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်တွင် အကောင်ရေ ၃၀ မှ ၅၀ အထိပါဝင်သော တရုတ် လင်းပိုင်ဖြူအုပ်စု တွေ့ရှိ
ဟိုင်ခို၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဟိုင်နန်ကျွန်းပြည်နယ် ရေပြင်တွင် အထူးစူးစမ်းလေ့လာမှုအတွင်း ခန့်မှန်းခြေအကောင်ရေ ၃၀ မှ ၅၀ အထိ ပါဝင်သော တရုတ်လင်းပိုင်ဖြူအုပ်စုကို တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီအောက်ရှိ ရေနက်ပိုင်း သိပ္ပံနှင့် အင်ဂျင်နီယားရင်းအင်စတီကျုမှ သုတေသနအဖွဲ့က တွေ့ရှိခဲ့သည်။
ယခုလိုတွေ့ရှိမှုမှာ မကြာသေးမီနှစ်များအတွင်း ယင်းဧရိယာ၌ အဆိုပါမျိုးစိတ် အရေအတွက် အတော်အတန်များပြားသော တွေ့ရှိမှုဖြစ်ကြောင်း သိရသည်။ တရုတ်လင်းပိုင်ဖြူများသည် ပုံမှန်အားဖြင့် အကောင်ရေ ၁၀ ကောင်အောက်သာ စုဝေးသွားလာလေ့ရှိရာ ယခုကဲ့သို့ တွေ့ရှိမှုမှာ လွန်စွာဖြစ်တောင့်ဖြစ်ခဲပင် ဖြစ်သည်။ တရုတ်နိုင်ငံတွင် နိုင်ငံအဆင့် ပထမတန်းစား ကာကွယ်စောင့်ရှောက်မှုအောက်ရှိ မျိုးသုဉ်းပျောက်ကွယ်လုနီး မျိုးစိတ်များဖြစ်ပြီး ပင်လယ်ရေ အရည်အသွေးနှင့် ပတ်သက်၍ လွန်စွာအကဲဆတ်လှသော တရုတ်လင်းပိုင်ဖြူကို ၎င်းတို့ ကူးခတ်သွားလာနေထိုင်ခြင်းက ဂေဟစနစ် ကောင်းမွန်သည့် အညွှန်းကိန်းအဖြစ်လည်း သတ်မှတ်ထားကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ရေပြင်တွင် တရုတ်လင်းပိုင်ဖြူများကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ရေပြင်တွင် တရုတ်လင်းပိုင်ဖြူများကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ရေပြင်တွင် တရုတ်လင်းပိုင်ဖြူ တစ်ကောင်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ရေပြင်တွင် တရုတ်လင်းပိုင်ဖြူ တစ်ကောင်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ရေပြင်တွင် တရုတ်လင်းပိုင်ဖြူများကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………………..
(English Version)
A group of 30 to 50 Chinese white dolphins spotted in S China’s Hainan
HAIKOU, Feb. 8 (Xinhua) — During a special investigation in waters southwest of the island province of Hainan, a research team with the Institute of Deep-sea Science and Engineering under the Chinese Academy of Sciences spotted a group of Chinese white dolphins, with an estimated number of about 30 to 50.
This sighting recorded a relatively large number of this species in the area in recent years. Chinese white dolphins typically move in small group of fewer than 10, making this sighting a rare occurrence. Highly sensitive to marine water quality, the Chinese white dolphin, an endangered species under first-class national protection in China, is also viewed as a health indicator of the ecosystem they live in.
Photo 1, 2, 3, 6- This photo taken on Feb. 4, 2026 shows Chinese white dolphins in waters off south China’s Hainan Province. (Xinhua)
Photo 4, 5 – This photo taken on Feb. 4, 2026 shows a Chinese white dolphin in waters off south China’s Hainan Province. (Xinhua)
