Connect with us

China

တရုတ်အသင်းက မြောက်ကိုရီးယားအသင်းကို အနိုင်ရပြီး အမျိုးသမီးအာရှဖလားပြိုင်ပွဲ အုပ်စု B ၌ ထိပ်ဆုံးနေရာရရှိ

ဩစ‌တြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ အနောက်ဆစ်ဒနီအားကစားကွင်းတွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် အေအက်ဖ်စီ အမျိုးသမီးအာရှဖလားပြိုင်ပွဲ၌ တရုတ်အသင်းနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့၏ အုပ်စု B ပွဲစဉ်အတွင်း ဘောလုံးကန်သွင်းနေသည့် တရုတ်အသင်းမှ ဝမ်စွမ်း (ယာဘက်ဒုတိယ) ကို ၂၀၂၆ ခုနှစ် မတ် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆစ်ဒနီ၊ မတ် ၁၀ ရက် (ဆင်ဟွာ)

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ကျင်းပသော ၂၀၂၆ ခုနှစ် အေအက်ဖ်စီ အမျိုးသမီးအာရှဖလားပြိုင်ပွဲ၌ လက်ရှိချန်ပီယံ တရုတ်အသင်းက မတ် ၉ ရက်ညက ကစားခဲ့သည့် မြောက်ကိုရီးယား (DPRK) အသင်းနှင့် အုပ်စုပွဲစဉ်၌ တစ်ဂိုးအောက်အခြေအနေမှ ပြန်လည်ကောင်းမွန်လာခဲ့ပြီး ၂-၁ ဂိုးဖြင့် အနိုင်ရရှိကာ အုပ်စု B ပထမနေရာကို ရရှိသွားကြောင်း သိရသည်။
ပွဲချိန် ၃၂ မိနစ်တွင် ကင်ကျုံးရုန်၏ တန်ပြန်တိုက်စစ်ဂိုးကြောင့် တစ်ဂိုးနောက်ကျကျန်ပြီးနောက် နှစ်မိနစ်အကြာတွင် နောက်ခံလူ ချန်ချောင်ကျူး က တရုတ်အသင်းအတွက် ချေပဂိုးကို သွင်းယူခဲ့သည်။
တရုတ်အသင်း၏ ခံစစ်အလယ်တွင် ထူးချွန်သော ကစားသမား ချန် က ရှောက်ကျစ်ချင်းထံမှ ဘောလုံးကို ဂိုးဧရိယာအစွန်းမှ ရရှိခဲ့ပြီး အောက်ညာဘက်ထောင့်သို့ အားကောင်းသော ကန်ချက်ဖြင့် ဂိုးသွင်းခဲ့ခြင်းဖြစ်သည်။

ပထမပိုင်းမပြီးဆုံးမီ ဝမ်စွမ်းက တရုတ်အသင်းအား ၂-၁ ဂိုးဖြင့် ဦးဆောင်နိုင်စေခဲ့ပြီး အချိန်ပို ၄ မိနစ်တွင် သွင်းခဲ့သည့် ၎င်း၏ထိုဂိုးမှာ ပြန်လည်သုံးသပ်ပြီးနောက် ရရှိခဲ့ခြင်းဖြစ်သည်။
ကနဦး၌ အဆိုပါဂိုးကို ပယ်ချခဲ့သော်လည်း ဝမ်အတွက် ရိုးရှင်းသောအဆုံးသတ်ဂိုးကို ဖန်တီးရန် ဝမ်က ပင်နယ်တီဧရိယာကို ဖြတ်၍ ဂိုးမသွင်းမီ ဘေးတွင် ကျန်းချိန်ရွှယ် ရှိနေကြောင်း ဗီဒီယိုလက်ထောက်ဒိုင်လူကြီးက တွေ့ရှိခဲ့ခြင်းလည်း ဖြစ်သည်။
သို့ဖြစ်ရာ တရုတ်အသင်းအနေဖြင့် တရုတ်ထိုင်ပေအသင်း သို့မဟုတ် ဗီယက်နမ်အသင်းဖြစ်ဖွယ်ရှိသည့် အုပ်စု C ဒုတိယနေရာရအသင်းနှင့် မတ် ၁၄ ရက် မွန်းလွဲပိုင်းတွင် အနောက်ဩစတြေးလျရှိ ပါ့သ်စတုဂံ အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး မြောက်ကိုရီးယားအသင်းကမူ မတ် ၁၃ ရက်ညတွင် ကွာတားဖိုင်နယ်၌ အဆိုပါအားကစားကွင်းတွင်ပင် အိမ်ရှင်ဩစတြေးလျအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ပါ့သ်ကွာတားဖိုင်နယ်နှစ်ခုမှ အနိုင်ရအသင်းများက မတ် ၂၁ ရက်တွင် ဆစ်ဒနီမြို့၌ ဗိုလ်လုပွဲမတိုင်မီ မတ် ၁၇ ရက်ည၌ ပါ့သ်အားကစားကွင်းကြီး၌ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
မတ် ၉ ရက်ညက တစ်ပြိုင်နက်တည်း ကျင်းပသည့် အုပ်စု B အခြားပွဲစဉ်တွင် ဥဇဘက်ကစ္စတန်အသင်းက ဘင်္ဂလားဒေ့ရှ်အသင်းကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိကာ တတိယနေရာရရှိခဲ့သည်။ ယင်းရလဒ်ကြောင့် ဥဇဘက်ကစ္စတန်အသင်းက အကောင်းဆုံးတတိယနေရာရအသင်းနှစ်သင်းအနက် တစ်သင်းအဖြစ် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………
(English Version)
China beats DPRK to claim top spot in Group B at Women’s Asian Cup
SYDNEY, March 9 (Xinhua) — Defending champion China came back from a goal down to beat the Democratic People’s Republic of Korea (DPRK) 2-1 in Sydney on Monday night and secure first place in Group B at the 2026 AFC Women’s Asian Cup.
After falling behind to a Kim Kyong Yong counter-attack goal in the 32nd minute, defender Chen Qiaozhu drew China level two minutes later.
Chen, who was a standout in the middle of China’s defense, received the ball on the edge of area from Shao Ziqin and fired a powerful shot into the bottom right corner.
Wang Shuang gave China a 2-1 lead before the interval when her goal in the fourth minute of stoppage time was awarded upon review.
The goal was initially ruled out, but the video assistant referee found that Zhang Chengxue was on side before she played the ball across the penalty area to set up a simple finish for Wang.
It means that China will play the Group C runner-up, most likely Chinese Taipei or Vietnam, in the quarterfinal at the Perth Rectangular Stadium in Western Australia on Saturday afternoon, while DPRK will play host Australia at the same venue in the quarterfinal on Friday night.
The winners of the two Perth quarterfinals will face off in the semifinal at the larger Perth Stadium on the night of March 17 before the final in Sydney on March 21.
In a simultaneous Group B match on Monday night, Uzbekistan claimed third place with a 4-0 victory over Bangladesh. The result means that Uzbekistan could advance to the quarterfinal as one of the two best third-placed teams. ■
English Caption
Wang Shuang (2nd R) shoots to score during the Group B match of Women’s Asian Cup between China and Bangladesh at Western Sydney Stadium in Sydney, Australia, March 3, 2026. (Xinhua/Ma Ping)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.