Connect with us

China

တရုတ်နိုင်ငံက အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးအတွက် ဆက်လက်လုပ်ဆောင်မည်

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ် မတ် ၁၁ ရက်တွင် ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ - Ministry of Foreign Affairs of the People’s Republic of China)

ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက ပဋိပက္ခအတွင်း တိုက်ရိုက်ပါဝင်ပတ်သက်သူများအပါအဝင် အီရန်အရေးနှင့် ဆက်စပ်သည့် ဘက်အသီးသီးနှင့် ဆက်ဆံရေး ဆက်လက်ခိုင်မာအောင် လုပ်ဆောင်မည်ဖြစ်ကာ တင်းမာမှုများ လျှော့ချရေးနှင့် ငြိမ်းချမ်းရေးပြန်လည်ထိန်းသိမ်းရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြား‌ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မတ် ၁၁ ရက်၌ ပြောကြားခဲ့သည်။
ပဋိပက္ခဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံအနေဖြင့် အပစ်အခတ်ရပ်စဲရေးနှင့် ညှိနှိုင်းဆွေးနွေးမှုဘက်သို့ ပြန်လှည့်ရန်၊ နိုင်ငံရေးအရ အဖြေရှာရေးကို လိုက်နာရန် တိုက်တွန်းလျက်ရှိသလို အရှေ့အလယ်ပိုင်းအရေးဆိုင်ရာ တရုတ်နိုင်ငံအစိုးရ အထူးသံတမန်က လက်ရှိတွင် ဒေသတစ်ခွင် သံတမန်ရေးရာခရီးစဉ်များ အဆက်မပြတ်သွားလာလျက်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နှင့် အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံများ၏ စိတ်ရင်းစေတနာမှန်သောမိတ်ဆွေဖြစ်သည့်အားလျော်စွာ တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအားထုတ်မှုများ မြှင့်တင်ရေး၊ တရားမျှတမှုနှင့် သမာသမတ်ကျသောအသံကို အဆက်မပြတ် ထုတ်ဖော်ပြောဆိုရေးအတွက် ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)
……………………………………..
(English Version)
China to continue working for peace, justice in Middle East: foreign ministry
BEIJING, March 11 (Xinhua) — China will continue to strengthen communication with all relevant parties on the Iran issue, including those directly involved in the conflict, and play a constructive role in easing tensions and restoring peace, a foreign ministry spokesperson said here Wednesday.
Spokesperson Guo Jiakun said at a regular news briefing that since the outbreak of the conflict, China has called for a ceasefire and a return to dialogue and negotiations, adhering to a political solution, adding that the special envoy of the Chinese government on the Middle East issue is currently making shuttle-diplomacy trips across the region.
As a permanent member of the United Nations Security Council and a sincere friend of countries in the Middle East, China will continue to advance efforts for peace and uphold the voice of fairness and justice without pause, he said.