Connect with us

China

တရုတ်အသင်းအနေဖြင့် လာမည့် အာရှဖလားပွဲစဉ်များတွင် ပိုမိုကောင်းမွန်သည့် စွမ်းဆောင်မှုများ ပြသနိုင်ရန် ရည်မှန်းထားဟု တောင်ပံကစားသမား ကျန်းလျင်ယန့် ပြော

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ၂၀၂၆ ခုနှစ် မတ် ၉ ရက်က တရုတ်အသင်းနှင့် မြောက်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်ကစားသည့် အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု-B ပွဲစဉ်၌ တရုတ်အသင်းမှ ကျန်းလျင်ယန့် (ယာ) နှင့် မြောက်ကိုရီးယာအသင်းမှ ရီမြောင်ဂမ်တို့ ယှဉ်ပြိုင်ကစားနေစဉ် (ဆင်ဟွာ)

ပ့ါသ်၊ မတ် ၁၃ ရက် (ဆင်ဟွာ)

AFC အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ ရှုံးထွက်အဆင့်သို့ ရောက်ရှိလာချိန်တွင် တရုတ်အသင်းအနေဖြင့် အသင်း၏ အဆင့်အတန်းကို မြှင့်တင်နိုင်ရန် ရည်မှန်းထားကြောင်း တောင်ပံကစားသမား ကျန်းလျင်ယန့်က မတ် ၁၂ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။
အုပ်စုအဆင့်၌ သုံးပွဲဆက်တိုက် အနိုင်ရရှိခဲ့ခြင်းမှာ ယခုအခါ မိမိတို့၏နောက်တွင် ကျန်ရစ်ခဲ့ပြီဖြစ်ကြောင်း၊ အသင်း၏ လတ်တလော‌ ရည်မှန်းချက်မှာ ဆီမီးဖိုင်နယ် တက်ရောက်နိုင်ရေးပင်ဖြစ်ကြောင်း ဩစတြေးလျနိုင်ငံ ပါ့သ်မြို့သို့ ရောက်ရှိလာပြီးနောက် တရုတ်အသင်း၏ ဒုတိယမြောက် လေ့ကျင့်ခန်းအစီအစဉ်မတိုင်မီ ကျန်းက ပြောကြားခဲ့သည်။
အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်၌ မြောက်ကိုရီးယားအသင်းကို အနိုင်ယူခဲ့ပြီးနောက် လက်ရှိချန်ပီယံ တရုတ်အသင်းမှာ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် မတ် ၁၄ ရက်တွင် တရုတ် (ထိုင်ပေ) အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
အသင်းအနေဖြင့် မြောက်ကိုရီးယားအသင်းကို အနိုင်ရရှိခဲ့သည့်အတွက် ပျော်ရွှင်ခဲ့ရသော်လည်း လာမည့်ပွဲစဉ်အတွက် အလျင်အမြန် အာရုံစိုက်နေသည်ဟု ကျန်းက ဆိုသည်။
“ဒါက ပွဲစဉ်တစ်ပွဲတည်း အတွက်သာဖြစ်ပြီး ပြိုင်ပွဲက တစ်ဝက်ပဲရှိသေးတယ်ဆိုတာ ကျွန်မတို့အားလုံး သိကြပါတယ်” ဟု ၎င်းက ပြောသည်။ “လာမယ့်ပွဲစဉ်တွေက ရှုံးထွက်ပွဲစဉ်တွေဖြစ်လို့ ပြိုင်ဘက်က ဘယ်အသင်းပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်ပြီး တတ်နိုင်သမျှ အမြန်ဆုံး ချိန်ညှိပြင်ဆင်ထားဖို့က ကျွန်မတို့အတွက် အရေးအကြီးဆုံးပါပဲ” ဟု ကျန်းက ဆက်လက်ပြောသည်။
မြောက်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်၌ ကျန်းမှာ အသင်းဖော် တောင်ပံကစားသမား ဝမ်စွမ်းနှင့်အတူ ပွဲထွက်ကစားခဲ့ကာ တရုတ်အသင်း၏ အရေးပါသော တိုက်စစ်အတွဲအဖက်တစ်ခုကို ပုံဖော်နိုင်ခဲ့သည်။
တရုတ်အသင်း၏ ပြိုင်ပွဲအကြို စခန်းဝင်လေ့ကျင့်မှု ကာလအတွင်း ၎င်းတို့နှစ်ဦးမှာ မကြာခဏ အတူတွဲဖက်ကစားလေ့ရှိသဖြင့် တစ်ဦးနှင့်တစ်ဦး နားလည်မှု ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ကျန်းက ဆိုသည်။
“ပွဲစဉ်အပေါ် ချဉ်းကပ်ပုံတွေ၊ ကွင်းထဲမှာ ပိုပြီးအချိတ်အဆက်မိအောင် ကစားပုံတွေ၊ ရှောက်ကျစ်ချင်းကို တိုက်စစ်မှာ တည်ကစားတဲ့အခါ ကစားကွက်ဖော်ပုံတွေ အပါအဝင် စွမ်းက ကျွန်မကို အများကြီးသင်ပြပေးပါတယ်။ ကျွန်မတို့ကြားမှာ ပြောဆိုဆက်ဆံမှုတွေ အများကြီးရှိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ကွာတားဖိုင်နယ်ပွဲစဉ်အတွက် တရုတ်အသင်း၏ ပွဲထွက်လူစာရင်းကို အပြီးသတ်ရွေးချယ်ထားပြီးဖြစ်ကြောင်း သိရသည်။ အခြားကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် ဩစတြေးလျနှင့် မြောက်ကိုရီးယား၊ တောင်ကိုရီးယားနှင့် ဥဇဘက်ကစ္စတန်၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့ အသီးသီး ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်သည့် အသင်းလေးသင်းမှာ ဘရာဇီးနိုင်ငံတွင် ကျင်းပမည့် ၂၀၂၇ ဖီဖာကမ္ဘာ့ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် တိုက်ရိုက်ဝင်ခွင့်ရရှိမည်ဖြစ်ကာ ကွာတားဖိုင်နယ်တွင် ရှုံးနိမ့်ခဲ့သည့် အသင်းလေးသင်းမှာမူ ကမ္ဘာ့ဖလားဝင်ခွင့် လက်ကျန်နှစ်နေရာအတွက် playoff ယှဉ်ပြိုင်ရမည်ဖြစ်သည်။ (Xinhua)

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ၂၀၂၆ ခုနှစ် မတ် ၉ ရက်က တရုတ်အသင်းနှင့် မြောက်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်ကစားသည့် အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု-B ပွဲစဉ်၌ အနိုင်ရရှိပြီးနောက် တရုတ်အမျိုးသမီးအသင်းမှ ကစားသမားများ အမှတ်တရဓာတ်ပုံရိုက်နေစဉ် (ဆင်ဟွာ)

ဩစတြေးလျနိုင်ငံ နယူးကာဆယ်မြို့တွင် AFC အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် တရုတ်အမျိုးသမီးအသင်းမှ ကစားသမားများအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………..
(English Version)
China aims to perform better in upcoming Asian Cup matches, says winger Zhang Linyan
PERTH, March 12 (Xinhua) — China is aiming to raise its level as the AFC Women’s Asian Cup enters the knockout stage, Chinese winger Zhang Linyan said on Thursday morning.
Speaking before the team’s second training session since arriving in Perth, Zhang said the three straight wins in the group stage were now behind them and that the squad’s immediate target was to reach the semifinals.
After beating the Democratic People’s Republic of Korea (DPRK) in its final group match, defending champion China will face Chinese Taipei in the quarterfinals on Saturday.
Zhang said the team was pleased with the victory over DPRK but quickly turned its attention to the next game.
“We all know that was just one match and the tournament is only halfway through,” she said. “The next matches will be knockout games, so regardless of the opponent, the most important thing is for us to focus on ourselves and adjust as quickly as possible.”
In the previous match against DPRK, Zhang started alongside fellow winger Wang Shuang, forming one of China’s key attacking combinations.
Zhang said the two had often played together in attack during the team’s pre-tournament training camp and had developed a strong understanding of each other’s game.
“Shuang has taught me a lot, including how to approach the game, how to link up better on the field, and how we play when Shao Ziqin serves as the attacking focal point,” she said. “We have plenty of communication.”
The quarterfinal lineup has now been finalized. In the other ties, Australia will face DPRK, South Korea will play Uzbekistan, and Japan will meet the Philippines.
The four semifinalists will qualify directly for the 2027 FIFA Women’s World Cup in Brazil. The four losing quarterfinalists will compete in playoffs for the remaining two World Cup places.
English Caption 1
Zhang Linyan (R) of China vies with Ri Myong Gum of DPRK during the Group B match of Women’s Asian Cup between China and the Democratic People’s Republic of Korea (DPRK) in Sydney, Australia, March 9, 2026. (Photo by Hu Jingchen/Xinhua)
English Caption 2
Players of China pose after winning the Group B match of Women’s Asian Cup between China and the Democratic People’s Republic of Korea (DPRK) in Sydney, Australia, March 9, 2026. (Xinhua/Ma Ping)
English Caption 3
Players of China attend a training session for the upcoming AFC Women’s Asian Cup, in Newcastle, Australia, Feb. 26, 2026. (Xinhua/Ma Ping)