China
တရုတ်နိုင်ငံ၏ Long March-8A ဒုံးပျံဖြင့် အင်တာနက်ဂြိုဟ်တုသစ်များ လွှတ်တင်
ဝန်ချန်း၊ ဟိုင်နန်၊ မတ် ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းပြည်နယ်တွင် Long March-8A သယ်ဆောင်ရေးဒုံးပျံအား မတ် ၁၃ ရက်က လွှတ်တင်ခဲ့ပြီး အင်တာနက်ဂြိုဟ်တုအုပ်စုသစ်ကို အာကာသအတွင်း ပို့လွှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဒုံးပျံအား ဟိုင်နန် စီးပွားရေးလုပ်ငန်းသုံး အာကာသယာဉ်လွှတ်တင်ရေးနေရာမှ ပေကျင်းစံတော်ချိန် နံနက် ၃:၄၈ နာရီက လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ယင်းဂြိုဟ်တုက ၂၀ ခုမြောက် ဂြိုဟ်ပတ်လမ်းကြောင်းနိမ့် အင်တာနက်ဂြိုဟ်တုအစုအဝေးအား သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာ ပို့လွှတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဟိုင်နန်စီးပွားရေးလုပ်ငန်းသုံး အာကာသယာဉ် လွှတ်တင်ရေးနေရာမှ ၂၀ ခုမြောက် ဂြိုဟ်ပတ်လမ်းကြောင်းနိမ့် အင်တာနက်ဂြိုဟ်တုအစုအဝေး တင်ဆောင်ထားသည့် Long March-8A သယ်ဆောင်ရေးဒုံးပျံအား ၂၀၂၆ ခုနှစ် မတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဟိုင်နန်စီးပွားရေးလုပ်ငန်းသုံး အာကာသယာဉ် လွှတ်တင်ရေးနေရာမှ ၂၀ ခုမြောက် ဂြိုဟ်ပတ်လမ်းကြောင်းနိမ့် အင်တာနက်ဂြိုဟ်တုအစုအဝေး တင်ဆောင်ထားသည့် Long March-8A သယ်ဆောင်ရေးဒုံးပျံအား ၂၀၂၆ ခုနှစ် မတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………………..
(English Version)
China’s Long March-8A rocket launches new internet satellites
WENCHANG, Hainan, March 13 (Xinhua) — China launched a Long March-8A carrier rocket on Friday in the southern island province of Hainan, sending a new group of internet satellites into space.
The rocket lifted off at 3:48 a.m. (Beijing Time) from the Hainan commercial spacecraft launch site. It successfully placed the payloads, the 20th group of low-orbit internet satellites, into preset orbit.
Phot 1, 2, 3: A Long March-8A carrier rocket carrying the 20th group of low-orbit internet satellites blasts off from the Hainan commercial spacecraft launch site in south China’s Hainan Province, March 13, 2026. (Photo by Liu Jianqiu/Xinhua)
