Connect with us

China

ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် တရုတ်-ဗီယက်နမ် “3+3” မဟာဗျူဟာမြောက် ဆွေးနွေးပွဲ ဝန်ကြီးအဆင့် အစည်းအဝေးသို့ တရုတ်နိုင်ငံ၏ အဆင့်မြင့် တာဝန်ရှိသူများ တက်ရောက်မည်

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Bui Thanh Son တို့ တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တရုတ်-ဗီယက်နမ် ဦးဆောင်ကော်မတီ ၁၆ ကြိမ်မြောက် အစည်းအဝေးအား ပူးတွဲသဘာပတိအဖြစ် ကြီးမှူးကျင်းပနေပုံကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၊ CPC ဗဟိုကော်မတီ အထွေထွေအတွင်း‌ရေးမှူးရုံး၏ အတွင်းရေးမှူးနှင့် ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောင်ဟုန်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီး တုန်ကျွင်းတို့သည် ဗီယက်နမ်နိုင်ငံ၏ ဖိတ်ကြားချက်အရ သံတမန်ရေး၊ ကာကွယ်ရေးနှင့် ပြည်သူ့လုံခြုံရေးဆိုင်ရာ တရုတ်-ဗီယက်နမ် “3+3” မဟာဗျူဟာမြောက် ဆွေးနွေးပွဲ ပထမအကြိမ် ဝန်ကြီးအဆင့် အစည်းအဝေး တက်‌ရောက်ရန် မတ် ၁၅ ရက်မှ ၁၇ ရက်အထိ ဗီယက်နမ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မတ် ၁၃ ရက်၌ အတည်ပြုကြေညာခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တရုတ်-ဗီယက်နမ် ဦးဆောင်ကော်မတီ ၁၇ ကြိမ်မြောက် အစည်းအဝေးအား ဗီယက်နမ်နိုင်ငံဘက်မှ ဦးဆောင်သူနှင့်အတူ ပူးတွဲသဘာပတိအဖြစ် ကြီးမှူးကျင်းပသွားမည်ဟုလည်း ၎င်းပြောရေးဆိုခွင့်ရှိသူက ကြေညာခဲ့သည်။ (Xinhua)

……………..
(English Version)
Chinese senior officials to attend ministerial meeting of China-Vietnam “3+3” strategic dialogue in Vietnam
BEIJING, March 13 (Xinhua) — A Chinese foreign ministry spokesperson announced here Friday that at the invitation of the Vietnamese side, member of the Political Bureau of the Communist Party of China (CPC) Central Committee and Minister of Foreign Affairs Wang Yi, member of the CPC Central Committee Secretariat and Minister of Public Security Wang Xiaohong, and Minister of National Defense Dong Jun will be in Vietnam from March 15 to 17 for the first ministerial meeting of the China-Vietnam “3+3” strategic dialogue on diplomacy, defense and public security.
The spokesperson also announced that Wang Yi will co-chair the 17th meeting of the China-Vietnam Steering Committee for Bilateral Cooperation with leader from the Vietnamese side.
English Caption
Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, co-chairs the 16th meeting of the China-Vietnam Steering Committee for Bilateral Cooperation with Deputy Prime Minister and Foreign Minister of Vietnam Bui Thanh Son in Beijing, capital of China, Dec. 10, 2024. (Xinhua/Yue Yuewei)