China
(တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ) ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလက တရုတ်နိုင်ငံ၏ ခေတ်မီအသွင်ပြောင်းမှု အထမြောက်အောင်မြင်ရေးအတွက် အလွန်အရေးပါ
ပေကျင်း၊ မတ် ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် ၂၀၃၅ ခုနှစ်အရောက်တွင် ဆိုရှယ်လစ်စနစ် ခေတ်မီအသွင်ပြောင်းမှု အခြေခံကျကျ အထမြောက်အောင်မြင်ရေး ပန်းတိုင်ဆီသို့ ဦးတည်လျှောက်လှမ်းနေစဉ် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၆-၂၀၃၀) သည် နိုင်ငံခေတ်မီအသွင်ပြောင်းမှု ရှေ့ဆက်ဖော်ဆောင်ရေးအတွက် အခြေခံအုတ်မြစ်များ အခိုင်အမာ တည်ဆောက်ကာ ဘက်ပေါင်းစုံမှ ကြိုးပမ်းအားထုတ်ရာတွင် တရုတ်နိုင်ငံအတွက် အလွန်အရေးပါသော အဆင့်တစ်ဆင့် ဖြစ်လာမည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုခဲ့ကြသည်။
ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလောထုတ်လွှင့်ခဲ့သည့် အပိုင်းတွင် အစိုးရတာဝန်ရှိသူများ၊ စီးပွားရေးပညာရှင်များနှင့် စီးပွားရေးနယ်ပယ်မှ ကိုယ်စားလှယ်များက လာမည့် ငါးနှစ်တာအတွက် တရုတ်နိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဦးစားပေးသတ်မှတ်ချက်များ၊ အလားအလာများနှင့် ပတ်သက်၍ ၎င်းတို့၏ အမြင်များကို မျှဝေခဲ့ကြသည်။
အလွန်အရေးပါသော ငါးနှစ်တာကာလ
“တရုတ်နိုင်ငံ၏ ခေတ်မီအသွင်ပြောင်းမှု အထမြောက်အောင်မြင်ရေးဟာ အဆင့်ဆင့် ရုပ်လုံးပေါ်လာပြီး တစ်ဆင့်ပြီး တစ်ဆင့် ရှေ့ဆက်လျှောက်လှမ်းနေတဲ့ သမိုင်းဝင် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တယ်” ဟု တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သုတေသနရုံး တာဝန်ရှိသူတစ်ဦးဖြစ်သူ လျိုရစ်ဟုန်က ပြောသည်။
လာမည့် ငါးနှစ်တာအတွင်း တရုတ်နိုင်ငံအနေဖြင့် လွန်ခဲ့သော ငါးနှစ်အတွင်းက တည်ဆောက်ခဲ့သည့် အခြေခံအုတ်မြစ်ကို အခြေတည်လျက် ဖွံ့ဖြိုးတိုးတက်မှု အခြေခံစနစ် ပိုမိုခိုင်မာအောင် တည်ဆောက်ကာ ကြံ့ကြံ့ခံနိုင်စွမ်း မြှင့်တင်သွားမည်ဟု လျိုက ဆိုသည်။ ထို့ပြင် စနစ်တကျ ထိုးဖောက်အောင်မြင်မှုနှင့် ဘက်စုံ တိုးတက်မှု ရရှိစေရန် စီးပွားရေးနှင့် လူမှုရေးနယ်ပယ်အသီးသီးတွင် အချိန်ကိုက် ကြိုးပမ်းလုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ဆက်လက်ပြောသည်။
တရုတ်နိုင်ငံသည် အရည်အသွေးမြင့် ကုန်ထုတ်စွမ်းအားသစ်များ ဖွံ့ဖြိုးတိုးတက်မှု၊ ခေတ်မီ အခြေခံအဆောက်အအုံကဏ္ဍ၊ မြို့ပြနှင့် ကျေးလက်ဒေသများ ပေါင်းစည်းချိတ်ဆက်မှု၊ ပြည်သူများ၏ လူမှုဘဝဖူလုံရေးကို မြှင့်တင်မှု စသည့် နယ်ပယ်များတွင် အရေးကြီးစီမံကိန်းများ စီမံရေးဆွဲခဲ့ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုစင်တာမှ သုတေသီတစ်ဦးဖြစ်သူ Hou Yongzhi က ဆိုသည်။
အဆိုပါ စီမံကိန်းများမှာ တရုတ်နိုင်ငံ၏ ခေတ်မီအသွင်ပြောင်းမှုကို တွန်းအားပေးလုပ်ဆောင်ခြင်း၊ ရေတိုနှင့် ရေရှည် ဦးစားပေးကိစ္စရပ်များကို ဟန်ချက်ညီညီ ချိန်ညှိခြင်း၊ “ရုပ်ဝတ္ထုပစ္စည်းများတွင် ရင်းနှီးမြှုပ်နှံမှု” နှင့် “ချောမွေ့ညင်သာသည့် ဖွံ့ဖြိုးတိုးတက်မှု” ကို ပေါင်းစပ်ခြင်း၊ ရုပ်ဝတ္ထုသာမက ယဉ်ကျေးမှုနှင့် ကျင့်ဝတ်ဆိုင်ရာ တိုးတက်မှုကိုပါ မြှင့်တင်ပေးခြင်း စသည့် သွင်ပြင်လက္ခဏာအမျိုးမျိုး လွှမ်းခြုံပါဝင်သည်ဟု Hou က ပြောသည်။
အချို့စီမံကိန်းများသည် စက်မှုလုပ်ငန်းဆိုင်ရာ အခြေခံအုတ်မြစ်များနှင့် ယှဉ်ပြိုင်မှု ပိုမိုအားကောင်းရေး၊ ထွန်းသစ်စ နယ်ပယ်များနှင့် နယ်ပယ်သစ်များကို မြှင့်တင်အားပေးရေး၊ ခေတ်ရှေ့ပြေးသော နည်းပညာများ ပိုမိုတိုးတက်စေရေးနှင့် ဆန်းသစ်တီထွင်နိုင်စွမ်း မြှင့်တင်ရေးတို့အပေါ် အလေးအနက် အာရုံစိုက်သွားမည်ဟုလည်း Hou က ဆက်လက်ပြောသည်။
ထိုစီမံကိန်းများက အရည်အသွေးမြင့် ကုန်ထုတ်စွမ်းအားသစ်များအား ပံ့ပိုးပေးခြင်းနှင့် ချဲ့ထွင်ခြင်းတို့ကို အထောက်အကူပြုမည် ဖြစ်သကဲ့သို့ တရုတ်နိုင်ငံအနေဖြင့် ပိုမိုအကြိတ်အနယ်ရှိလာသည့် ကမ္ဘာလုံးဆိုင်ရာ စက်မှုနှင့် နည်းပညာကဏ္ဍ အားပြိုင်မှုတွင်လည်း ပိုမိုအသာစီးရရှိစေမည်ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ခြင်း
အရည်အသွေးမြင့်မားသည့် ဖွံ့ဖြိုးတိုးတက်မှုမှာ လာမည့် ငါးနှစ်တာကာလအတွင်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု၏ ဗဟိုချက်အဖြစ် ဆက်ရှိနေမည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။
သို့ဖြစ်၍ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးအတွက် ပကတိစီးပွားရေး ခိုင်မာအားကောင်းစေရန်နှင့် အဆင့်မြင့်ကုန်ထုတ်လုပ်မှု မောင်းနှင်အားဖြင့် ခေတ်မီစက်မှုလုပ်ငန်းစနစ် ထူထောင်ရန် ကြိုးပမ်းအားထုတ်သင့်ကြောင်း လျိုက ပြောသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260314/90495bd220044e0c9030a159287b7acc/c.html

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ လျန်ကျန်းနယ်မြေသစ်ရှိ Seres Super စက်ရုံ၏ အလိုအလျောက် ထုတ်လုပ်ရေးလုပ်ငန်းခွင်အား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၉ ရက်က ဒရုန်းဖြင့်ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ရှိ ချင်းသောင်ဆိပ်ကမ်းအား ၂၀၂၆ ခုနှစ် မတ် ၁၀ ရက်က ဒရုန်းဖြင့်ရိုက်ကူးထားသော ကောင်းကင်ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)
……………….
(English Version)
(China Economic Roundtable): 15th Five-Year Plan period crucial for realizing Chinese modernization
BEIJING, March 14 (Xinhua) — The 15th Five-Year Plan period (2026-2030) will be a crucial stage for China to consolidate foundations and make all-round efforts in advancing Chinese modernization, as the country moves toward its goal of basically realizing socialist modernization by 2035, experts have said.
In the latest episode of China Economic Roundtable, an all-media talk show hosted by Xinhua News Agency, officials, economists and business representatives shared their views on China’s economic and social development priorities and prospects for the next five years.
CRUCIAL FIVE YEARS
“Realizing Chinese modernization is a historical process that unfolds in stages and moves forward step by step,” said Liu Rihong, an official with the Research Office of the State Council.
Liu said that in the next five years, the country will build on the foundation laid over the past five years to further strengthen the basis of development and enhance its resilience. It will also make coordinated efforts across various economic and social fields to achieve systemic breakthroughs and an overall improvement.
The country has mapped out major projects in areas including the development of new quality productive forces, modern infrastructure, urban-rural integration, and the improvement of people’s well-being, according to Hou Yongzhi, a researcher at the Development Research Center of the State Council.
Those projects cover various aspects of China’s modernization drive, balance short-term and long-term priorities, combine “hard investment” with “soft development,” and promote both material and cultural-ethical advancement, said Hou.
Some projects will focus on strengthening industrial foundations and competitiveness, fostering emerging industries and new arenas, advancing frontier technologies, and enhancing innovation capacity, said Hou.
The projects will help nurture and expand new quality productive forces and enable China to gain a stronger edge in the increasingly intense global industrial and technological competition, Hou added.
ADVANCING HIGH-QUALITY DEVELOPMENT
High-quality development will continue to be a key focus of social and economic development over the next five years, experts said.
To advance high-quality development, efforts should be made to consolidate and strengthen the real economy and build a modern industrial system led by advanced manufacturing, said Liu.
https://english.news.cn/20260314/90495bd220044e0c9030a159287b7acc/c.html
English Caption 1
Guests attend the latest episode of the China Economic Roundtable, an all-media talk show hosted by Xinhua News Agency. (Xinhua/Sun Ruibo)
English Caption 2
A drone photo shows an automated production line at the Seres Super Factory in Liangjiang New Area, southwest China’s Chongqing, Sept. 19, 2025. (Xinhua/Wang Quanchao)
English Caption 3
An aerial drone photo taken on March 10, 2026 shows a view of Qingdao Port in Qingdao, east China’s Shandong Province. (Photo by Yu Fangping/Xinhua)
