Connect with us

China

တရုတ်နိုင်ငံ၏ လက်လီရောင်းအားက ပထမနှစ်လတာအတွင်း ၂.၈ ရာခိုင်နှုန်း မြင့်တက်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မုန်ကျစ်မြို့ရှိ စူပါမားကတ်တစ်ခု၌ ကုန်ပစ္စည်းများအား ရွေးချယ်နေသည့် ဈေးဝယ်သူများကို ၂၀၂၆ ခုနှစ် မတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၆ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် ပထမနှစ်လတာအတွင်း တရုတ်နိုင်ငံ၏ စားသုံးသူကုန်ပစ္စည်း လက်လီရောင်းအားက ယခင်နှစ်ကာလတူကထက် ၂.၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အမျိုးသားစာရင်းအင်းဗျူရို (NBS) မှ မတ် ၁၆ ရက်၌ ထုတ်ပြန်သည့် အချက်အလက်များက ဖော်ပြထားသည်။
အဆိုပါမြင့်တက်နှုန်းမှာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာတွင် စံချိန်တင်ခဲ့သော တိုးတက်မှုထက် ၁.၉ ရာခိုင်နှုန်း ပိုမိုမြန်ဆန်ခဲ့သည်။
ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ စားသုံးသူကုန်ပစ္စည်း လက်လီရောင်းအား စုစုပေါင်းအနေဖြင့် ယွမ် ၈.၆၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၂၅ ထရီလီယံခန့်) အထိ ရှိခဲ့ကြောင်း NBS ၏ အဆိုအရ သိရသည်။ (Xinhua)

………………
(English Version)
China’s retail sales up 2.8 pct in first two months
BEIJING, March 16 (Xinhua) — China’s retail sales of consumer goods went up 2.8 percent year on year in the first two months of 2026, data from the National Bureau of Statistics (NBS) showed Monday.
The pace was 1.9 percentage points faster than the growth recorded in December 2025.
The total retail sales of consumer goods reached 8.61 trillion yuan (about 1.25 trillion U.S. dollars) from January to February, according to the NBS. ■
English Caption
Customers select goods at a supermarket in Mengzi, southwest China’s Yunnan Province, on March 9, 2026. (Photo by Xue Yingying/Xinhua)