China
တရုတ်နိုင်ငံ ရှီးဇန့်ဒေသတစ်လွှား နွေဦးရာသီလယ်ယာစိုက်ပျိုးရေးစတင်ခြင်းအထိမ်းအမှတ် အခမ်းအနားများကျင်းပ
ဆန်းနန်၊ မတ် ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ဝန်းတွင် နွေဦးရာသီလယ်ယာစိုက်ပျိုးရေးစတင်ခြင်းအထိမ်းအမှတ် အခမ်းအနားများကို မတ် ၁၆ ရက်၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားမှာ နှစ်သစ်၏ လယ်ယာစိုက်ပျိုးရေးရာသီ စတင်ခြင်းအထိမ်းအမှတ်ကို အထူးအလေးထားသည့်အနေဖြင့် ကျင်းပခြင်းဖြစ်သလို ရာသီဥတုကောင်းမွန်၍ သီးနှံအထွက်နှုန်းတိုးစေရန် ဆုတောင်းပွဲအဖြစ်လည်း ကျင်းပခြင်းဖြစ်သည်။ ယင်းအခမ်းအနားကို ရှီးဇန့်၏ လယ်ယာစိုက်ပျိုးရေးဒေသများတွင် အရေးကြီးသောထုံးတမ်းစဉ်လာအဖြစ်လည်း သတ်မှတ်ခံထားရသည်။ ဆန်းနန်မြို့ရှိ ကာပါးကျေးရွာ၌ ကျင်းပသည့် အဆိုပါအခမ်းအနားတွင် ရိုးရာဝတ်စုံများဝတ်ဆင်ထားသော ရွာသူရွာသား ၂၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။ (Xinhua)








…………………
(English Version)
Ceremonies marking start of spring farming held across China’s Xizang
SHANNAN, March 17. (Xinhua)
Ceremonies marking the start of spring farming were held across southwest China’s Xizang Autonomous Region on Monday. The ceremony holds great significance as it marks the beginning of a new year’s farming season and serves as a prayer for favorable weather and bountiful harvests. It is considered an important ritual in the farming regions of Xizang. Over 200 villagers, dressed in traditional attires, participated in the ceremony held in Gaiba Village of Shannan. ■
English Captions
Villagers, dressed in traditional attires, participate in a ceremony marking the start of spring farming in Gaiba Village of Shannan City, southwest China’s Xizang Autonomous Region, March 16, 2026. (Xinhua/Jigme Dorje)
