China
တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုက ဇန်နဝါရီ-ဖေဖော်ဝါရီကာလအတွင်း ၆.၁ ရာခိုင်နှုန်း မြင့်တက်
ပေကျင်း၊ မတ် ၁၈ ရက် (ဆင်ဟွာ)
စီးပွားရေးလုပ်ငန်း၏ အဓိက တိုင်းတာချက်တစ်ခုဖြစ်သော တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုအနေဖြင့် ၂၀၂၆ ခုနှစ် ပထမနှစ်လတာအတွင်း ကီလိုဝပ်နာရီ ၁.၆၅ ထရီလီယံကျော်အထိ ရှိခဲ့ပြီး ယင်းမှာ ယခင်နှစ်ကာလတူကထက် ၆.၁ ရာခိုင်နှုန်း မြင့်တက်ခြင်းဖြစ်ကြောင်း အမျိုးသားစွမ်းအင်စီမံခန့်ခွဲရေးဌာနမှ မတ် ၁၇ ရက်က ထုတ်ပြန်ခဲ့သော အချက်အလက်များအရ သိရသည်။
အဆိုပါအချက်အလက်များအား ခွဲခြမ်းစိတ်ဖြာချက်က ကဏ္ဍအသီးသီးတွင် အားရဖွယ်ရာ တိုးတက်လာမှုကို ဖော်ပြထားသည်။
ပထမအဆင့်စက်မှုလုပ်ငန်းကဏ္ဍက လျှပ်စစ်ဓာတ်အားသုံးစွဲမှုအနေဖြင့် ၇.၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး စုစုပေါင်း သုံးစွဲမှုမှာမူ ကီလိုဝပ်နာရီ ၂၂.၃ ဘီလီယံအထိ ရှိခဲ့သည်။
ဒုတိယအဆင့်စက်မှုလုပ်ငန်းကဏ္ဍမှာ ယခင်နှစ်ကာလတူကထက် ၆.၃ ရာခိုင်နှုန်း မြင့်တက်လာပြီး ကီလိုဝပ်နာရီ ၁.၀၃ ထရီလီယံခန့် သုံးစွဲခဲ့ကာ တတိယအဆင့်စက်မှုလုပ်ငန်းအနေဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၈.၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး စုစုပေါင်း ကီလိုဝပ်နာရီ ၃၂၃.၁ ဘီလီယံ ရှိခဲ့သည်။
အဆိုပါယခုနှစ် ပထမနှစ်လတာကာလအတွင်း နိုင်ငံ၏ နေထိုင်သူများ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုကလည်း ယခင်နှစ်ကာလတူကထက် ၂.၇ ရာခိုင်နှုန်း မြင့်တက်လာပြီး ကီလိုဝပ်နာရီ ၂၈၁.၃ ဘီလီယံ ရှိခဲ့ကြောင်း သိရသည်။ (Xinhua)
………………
(English Version)
China’s power use up 6.1 pct in Jan-Feb period
BEIJING, March 17 (Xinhua) — China’s electricity consumption, a key barometer of economic activity, reached more than 1.65 trillion kilowatt-hours in the first two months of 2026, up 6.1 percent year on year, according to data released Tuesday by the National Energy Administration.
A breakdown of the data shows robust growth across various sectors.
The primary industry saw a 7.4 percent increase in power consumption, bringing total consumption to 22.3 billion kilowatt-hours.
The secondary industry consumed about 1.03 trillion kilowatt-hours, up 6.3 percent from a year ago, while the tertiary industry recorded 8.3 percent growth in power use, totaling 323.1 billion kilowatt-hours.
During the same period, power consumption by the country’s residents rose 2.7 percent year on year to 281.3 billion kilowatt-hours. ■
English Caption
An aerial drone photo taken on Oct. 28, 2025 shows a wind power project in operation in Wolong County, Shizhu Tujia Autonomous County, southwest China’s Chongqing. (Photo by Li Xiaofeng/Xinhua)
