China
တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးဝင်ငွေက ပထမ ၂ လတာအတွင်း ၀.၇ ရာခိုင်နှုန်း မြင့်တက်လာ
ပေကျင်း၊ မတ် ၂၀ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် ပထမနှစ်လတာအတွင်း တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးဝင်ငွေမှာ ယခင်နှစ်ကာလတူကထက် ၀.၇ ရာခိုင်နှုန်း မြင့်တက်လာပြီး ယွမ် ၄.၄၂ ထရီလီယံနီးပါး (အမေရိကန်ဒေါ်လာ ၆၄၀.၈၁ ဘီလီယံခန့်) ရှိခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ မတ် ၁၉ ရက်၌ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
အဆိုပါကာလအတွင်း ဗဟိုအစိုးရက ဘဏ္ဍာရေးဝင်ငွေအနေဖြင့် ယွမ် ၁.၉၂ ထရီလီယံခန့် ရရှိခဲ့ပြီး ယခင်နှစ်ကာလတူအောက် ၁.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ ဒေသန္တရအစိုးရများကမူ ၂.၆ ရာခိုင်နှုန်း မြင့်တက်လာကာ ယွမ် ၂.၅ ထရီလီယံ ရရှိခဲ့ခြင်းဖြစ်သည်။
ပထမနှစ်လတာအတွင်း နိုင်ငံ၏ အခွန်ဝင်ငွေ စုစုပေါင်းကလည်း ယွမ် ၃.၆၄ ထရီလီယံ ရှိပြီး ယခင်နှစ်ကာလတူကထက် ၀.၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကာ အခွန်မဟုတ်သော ဝင်ငွေမှာ ၃.၄ ရာခိုင်နှုန်း မြင့်တက်လာပြီး ယွမ် ၇၇၆.၁ ဘီလီယံ ရှိခဲ့သည်။
အဆိုပါကာလအတွင်း တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးအသုံးစရိတ်သည်လည်း ယခင်နှစ်ကာလတူကထက် ၃.၆ ရာခိုင်နှုန်း မြင့်တက်လာပြီး ယွမ် ၄.၆၇ ထရီလီယံ ရှိခဲ့သည်။ ဗဟိုအစိုးရ၏ ဘဏ္ဍာရေးအသုံးစရိတ်အနေဖြင့် ၄.၅ ရာခိုင်နှုန်း မြင့်တက်လာပြီး ဒေသန္တရအစိုးရအသုံးစရိတ်တွင် ၃.၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ ခြင်းဖြစ်သည်။
လူမှုဖူလုံရေးနှင့် အလုပ်အကိုင်အတွက် အသုံးစရိတ်က ယွမ် ၉၂၇.၉ ဘီလီယံ ရှိပြီး ၈.၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ကျန်းမာရေးအသုံးစရိတ်မှာ ယွမ် ၄၁၁.၉ ဘီလီယံ ရှိပြီး ယခင်နှစ်ကာလတူကထက် ၁၇.၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
China’s fiscal revenue up 0.7 pct in first 2 months
BEIJING, March 19 (Xinhua) — China’s fiscal revenue edged up 0.7 percent year on year to nearly 4.42 trillion yuan (about 640.81 billion U.S. dollars) in the first two months of 2026, according to data released by the Ministry of Finance on Thursday.
The central government collected approximately 1.92 trillion yuan in fiscal revenue during the period, down 1.7 percent year on year, and local governments collected 2.5 trillion yuan, up 2.6 percent.
In the first two months, the country’s tax revenue totaled 3.64 trillion yuan, edging up 0.1 percent year on year, while its non-tax revenue rose 3.4 percent to 776.1 billion yuan.
China’s fiscal expenditure expanded 3.6 percent year on year to 4.67 trillion yuan during the period. The central government’s fiscal expenditure rose 4.5 percent, and there was a 3.5 percent increase in local government expenditure.
Spending on social security and employment came in at 927.9 billion yuan, up 8.6 percent. Health expenditure stood at 411.9 billion yuan, up 17.3 percent year on year. ■
English Caption
A drone photo taken on Jan. 2, 2026 shows a view of a terminal of a subsidiary of Tianjin Port Holdings Co., Ltd. at Tianjin Port in north China’s Tianjin. (Xinhua/Zhao Zishuo)
