Connect with us

China

စစ်ပွဲကြာရှည်မှုတွင် အနိုင်ရသူများရှိမည်မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Yvette Cooper တို့ ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ ကျင်းပသည့် မြူးနစ်လုံခြုံရေးကွန်ဖရင့်၌ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က သီးခြားတွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၀ ရက် (ဆင်ဟွာ)

စစ်ပွဲကြာရှည်မှုတွင် အနိုင်ရသူများမရှိကြောင်း၊ အပစ်အခတ်ရပ်စဲရေးနှင့် စစ်ပွဲများအဆုံးသတ်ရေးသာလျှင် ပြည်သူများ၏ လိုအင်ဆန္ဒဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ် ၁၉ ရက်က ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Yvette Cooper နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုစဉ် အထက်ပါအတိုင်း မှတ်ချက်ပြုခြင်းဖြစ်သည်။
ထိုသို့ဆက်သွယ်ပြောဆိုစဉ် နှစ်ဖက်လုံးက အရှေ့အလယ်ပိုင်းအခြေအနေအပေါ် အဓိကအားဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အရှေ့အလယ်ပိုင်း၏ လတ်တလောအခြေအနေအပေါ် ဗြိတိန်နိုင်ငံ၏ ရှုမြင်ပုံကိုလည်း Cooper က အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကာ ရှုပ်ထွေးမှုမြင့်တက်လာသော ကမ္ဘာကြီးကို ရင်ဆိုင်ရာ၌ ဗြိတိန်အနေဖြင့် တရုတ်နှင့်အတူ အနီးကပ်ဆက်သွယ်မှုကို ထိန်းထားရန်၊ စစ်ပွဲကို ဆောလျင်စွာ အဆုံးသတ်နိုင်ရေး တွန်းအားပေးရန်၊ သံတမန်ရေးဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်စတင်ရန်နှင့် ရေရှည်ဖြေရှင်းမှုနည်းလမ်းများ ရှာဖွေရန် မျှော်လင့်ကြောင်း ပြောခဲ့သည်။
ဝမ်ကလည်း တရုတ်နိုင်ငံ၏ ရပ်တည်ချက်အား အသေးစိတ်ရှင်းလင်းပြောပြခဲ့သလို လက်ရှိမြင့်တက်လျက်ရှိသော အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် စစ်ပွဲကျယ်ပြန့်လာခြင်းမှာ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအပေါ် သက်ရောက်မှုရှိရုံသာမက နိုင်ငံတကာ စွမ်းအင်၊ ဘဏ္ဍာရေး၊ ကုန်သွယ်ရေး၊ ရေကြောင်းသယ်ယူပို့ဆောင်ရေး စသည်တို့အပေါ်လည်း သက်ရောက်မှုရှိကြောင်း၊ နိုင်ငံအားလုံး၏ ဘုံအကျိုးစီးပွားကိုလည်း လျော့ပါးစေကြောင်း ဝမ်က ထည့်သွင်းပြောကြားခဲ့သည်။
သက်ဆိုင်ရာဘက်အသီးသီးအနေဖြင့် စစ်ဆင်‌ရေးများချက်ချင်းလျှော့ချရန်၊ သာတူညီမျှရှိသော ဆွေးနွေးမှုမှတစ်ဆင့် မတူကွဲပြားမှုများကို အဖြေရှာရန်၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ပူးတွဲကာကွယ်ထိန်းသိမ်းရန်လည်း တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ဝမ်က ပြောခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်ဖြစ်သည့်အားလျော်စွာ တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့သည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံ‌ရေး ထိန်းသိမ်းသည့်တာဝန်ဝတ္တရားကို ထမ်းဆောင်လျက်ရှိကြောင်းလည်း ဝမ်က မှတ်ချက်ပြုခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံအနေဖြင့် ဆက်သွယ်ရေးမြှင့်တင်သွားမည်ဖြစ်ကာ ငြိမ်းချမ်းရေးအထောက်အကူပြု လှုပ်ရှားမှုများကို ဆက်လက်ကတိပြုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂ ပဋိညာဉ်၏ ရည်ရွယ်ချက်များနှင့် စည်းမျဉ်းများ၊ နိုင်ငံတကာဆက်ဆံရေးအခြေခံစံနှုန်းများကို ပူးတွဲထိန်းသိမ်းစောင့်ရှောက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်က ပြောခဲ့သည်။
ထို့နောက် နှစ်ဘက်က တရုတ်-ဗြိတိန်ဆက်ဆံရေးအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကာ နှစ်နိုင်ငံ ခေါင်းဆောင်များအကြား ရရှိထားသော ဘုံသဘောတူညီချက်ကို တက်ကြွစွာ အကောင်အထည်ဖော်ရေး၊ ကူးလူးဖလှယ်မှုများ တိုးမြှင့်ရေး၊ တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံအကြား ရေရှည်နှင့် တစ်သမတ်တည်းဖြစ်သော ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး စဉ်ဆက်မပြတ်မြှင့်တင်ရေးကို လုပ်ဆောင်၍ ထိုမှတစ်ဆင့် အပြောင်းအလဲများနှင့် ရှုပ်ထွေးမှုများ ပြည့်နှက်နေသော ကမ္ဘာကြီးအတွက် တည်ငြိမ်မှုနှင့် သေချာမှု ပံ့ပိုးပေးရမည်ဖြစ်သည်ဟု နှစ်ဘက်စလုံးက တစ်ပြေးညီ ယူဆကြကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
Chinese FM says prolonged wars have no winners
BEIJING, March 19 (Xinhua) — Chinese Foreign Minister Wang Yi said on Thursday that there are no winners in the prolonged wars, and a ceasefire and an end to the hostilities are the will of the people.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, made the remarks in a phone conversation with British Foreign Secretary Yvette Cooper.
The two sides mainly exchanged views on the situation in the Middle East.
Cooper expounded on Britain’s view on the current situation in the Middle East, stating that in the face of an increasingly turbulent world, the British side hopes to maintain close communication with China, push for an early end to the war, resume diplomatic negotiations, and seek long-term solutions.
Wang elaborated on China’s position, saying that the current conflict in the Middle East is escalating, and the war is expanding, which not only impacts regional peace and stability, but also directly affects international energy, finance, trade and shipping, undermining the common interests of all countries.
China urges all parties to immediately cease military operations, resolve differences through equal dialogue, and jointly safeguard regional peace and stability, Wang said.
As permanent members of the UN Security Council, China and Britain shoulder the responsibility of upholding international peace and security, he noted.
Both sides should enhance communication, remain committed to actions conducive to peace, and jointly uphold the purposes and principles of the UN Charter and the basic norms governing international relations, said the foreign minister.
The two sides also exchanged views on China-Britain relations and agreed that they should actively implement the consensus reached by the leaders of the two countries, enhance exchanges, and continuously promote the long-term and consistent comprehensive strategic partnership between China and Britain, thereby providing stability and certainty for a world fraught with changes and turmoil.
Photo: Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, meets with British Foreign Secretary Yvette Cooper on the sidelines of the Munich Security Conference in Munich, Germany, Feb. 13, 2026. (Xinhua/Du Zheyu)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.