China
တရုတ်နိုင်ငံတစ်ဝန်း အစီအစဉ်အမျိုးမျိုးဖြင့် လုံထိုင်ထိုပွဲတော် ကျင်းပ
နွေဦးရာသီ နေ့တာနှင့် ညတာ ညီမျှသည့်ရက်မှာ မတ် ၂၀ ရက်၌ ကျရောက်သည်။ ယခုနှစ်တွင် ၎င်းရက်မှာ တရုတ်လပြက္ခဒိန်၌ အရေးပါသော အခါသမယဖြစ်သည့် နဂါးဦးခေါင်းမော့နေ့ဟုလည်း လူသိများသော လုံထိုင်ထိုပွဲတော်နေ့လည်း ဖြစ်ကာ တရုတ်နိုင်ငံတစ်ဝန်း အစီအစဉ်အမျိုးမျိုးဖြင့် ကျင်းပခဲ့ကြကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့ရှိ ဥယျာဉ်တစ်ခုတွင် နဂါးအက ကပြဖျော်ဖြေတင်ဆက်နေသည့် အနုပညာရှင်များကို ၂၀၂၆ ခုနှစ် မတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် ထိုက်ကျိုးမြို့ ရှရှီး ကျေးရွာတွင် ကျင်းပသည့် ရိုးရာဘုရားပွဲဈေးအတွင်း နဂါးအက ကပြဖျော်ဖြေတင်ဆက်မှုကို ၂၀၂၆ ခုနှစ် မတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ဟုန်ဟယ် ဟားနီလူမျိုးနှင့် ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ခိုင်းယွမ် မြိုရှိ ဥယျာဉ်တွင် နွေဦးရှုခင်းများ ကြည့်ရှုနေကြသူများကို ၂၀၂၆ ခုနှစ် မတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ် ချင့်ယန်မြို့ရှိ မူကြိုကျောင်းတစ်ကျောင်း၌ မိန်းကလေးတစ်ဦး၏ ဆံပင်ကို ကျစ်ဆံမြီးကျစ်၍ ၎င်း၏ ဆံပင်အလှဆင်ပစ္စည်းအား ပြင်ဆင်ပေးနေသည့် ဆရာမတစ်ဦးကို ၂၀၂၆ ခုနှစ် မတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)




…………………
(English Version)
Longtaitou celebrated by various activities across China
The spring equinox falls on March 20. This year, it also marks Longtaitou, also known as Dragon Head-raising Day, a significant occasion in the lunar calendar, celebrated by various activities across China.
English Caption 1
The audience interacts with dragon dance performers at a park in north China’s Tianjin, on March 20, 2026. (Xinhua/Sun Fanyue)
English Caption 2
Artists stage a dragon dance performance at a park in north China’s Tianjin, on March 20, 2026. (Xinhua/Sun Fanyue)
English Caption 3
An aerial drone photo taken on March 20, 2026 shows a dragon dance performance during a traditional temple fair in Xiaxi Village of Taizhou, east China’s Jiangsu Province. (Photo by Tang Dehong/Xinhua)
English Caption 4
People enjoy spring views at a park in Kaiyuan of Honghe Hani and Yi Autonomous Prefecture, southwest China’s Yunnan Province, on March 20, 2026. (Photo by Tao Jiaqi/Xinhua)
English Caption 5
A teacher braids a girl’s hair and adjusts her hair accessory at a kindergarten in Qinyang, central China’s Henan Province, on March 20, 2026. (Photo by Yang Fan/Xinhua)
