Connect with us

China

မရေရာမှုများ မြင့်တက်နေခိုက် အခွင့်အလမ်းများ၊ မျှတစွာယှဉ်ပြိုင်မှု၊ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ယုံကြည်မှုတို့နှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ ဝန်ကြီးချုပ် အလေးပေးပြောကြား

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုဖိုရမ် ဖွင့်ပွဲအခမ်းအနား တက်ရောက်ကာ အရေးကြီးမိန့်ခွန်း ပြောကြားနေပုံကို ၂၀၂၆ ခုနှစ် မတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ) Web Title: မရေရာမှုများ မြင့်တက်နေခိုက် အခွင့်အလမ်းများ၊ မျှတစွာယှဉ်ပြိုင်မှု၊ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ယုံကြည်မှုတို့နှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ ဝန်ကြီးချုပ် အလေးပေးပြောကြား

ပေကျင်း၊ မတ် ၂၃ ရက် (ဆင်ဟွာ)

တံခါးဖွင့်လှစ်မှုနှင့် နည်းပညာတိုးတက်မှုဖြင့် ဈေးကွက်အခွင့်အလမ်းသစ်များ ဖန်တီးခြင်း၊ သင့်တင့်မျှတသည့် ယှဉ်ပြိုင်မှုဖြင့် ကမ္ဘာလုံးဆိုင်ရာဈေးကွက်၏ စည်းစနစ်အား ထိန်းသိမ်းခြင်းတို့နှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က အလေးပေးပြောကြားခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်သည့် စီးပွားရေးတိုးတက်မှုက ကမ္ဘာကြီးအတွက် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို ဆက်လက်ဖြည့်ဆည်းပေးမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ပေကျင်းမြို့တွင် မတ် ၂၂ ရက်က ကျင်းပသည့် ၂၀၂၆ ခုနှစ် တရုတ်ဖွံ့ဖြိုးတိုးတက်မှုဖိုရမ် ဖွင့်ပွဲအခမ်းအနား၌ အရေးကြီးမိန့်ခွန်း ပြောကြားရာတွင် လီက အထက်ပါအတိုင်း‌ ပြောကြားခဲ့ခြင်းဖြစ်ကာ ကမ္ဘာကြီးအနေဖြင့် နက်နဲရှုပ်ထွေးသော အပြောင်းအလဲများနှင့် ရင်ဆိုင်နေရပြီး လားရာအများအပြားသည် အတူယှဉ်တွဲနေခြင်း၊ အချင်းချင်းရောထွေးနေခြင်းနှင့် ပွတ်တိုက်မိခြင်းတို့ ဖြစ်ပေါ်နေသည်ဟု ဆိုသည်။
တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒတို့ အထိန်းအကွပ်မဲ့စွာ ပျံ့နှံ့လွှမ်းမိုးနေသော်လည်း ပူးပေါင်းဆောင်ရွက်မှုကို ထောက်ခံအားပေးကာ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်သည့် အင်အားစုများသည် ပိုမိုအားကောင်းသထက် အားကောင်းလာကြောင်း၊ သမားရိုးကျ ကဏ္ဍများ၌ စီးပွားရေးတိုးတက်မှုမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရသော်လည်း ထွန်းသစ်စ နယ်ပယ်များတွင် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် အားကောင်းလာကြောင်း၊ နိုင်ငံတကာစည်းမျဉ်းအခြေပြု စည်းစနစ်မှာ ပြင်းထန်သည့် ထိခိုက်မှုနှင့် အဟန့်အတားများကို ကြုံတွေ့နေရသော်လည်း နိုင်ငံအများအပြားသည် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအား ပြုပြင်ပြောင်းလဲမှုနှင့် အဆင့်မြှင့်တင်မှုများကို တက်တက်ကြွကြွ ရှေ့ဆက်လုပ်ဆောင်လျက်ရှိကြောင်း၊ အဆင်အခြင်မဲ့သည့် တစ်ဖက်သတ်လုပ်ရပ်နှင့်အတူ အင်အားသုံး၍ လွှမ်းမိုးချုပ်ကိုင်သည့် နိုင်ငံရေးစနစ် အားကောင်းနေသော်လည်း တရားမျှတမှုနှင့် သမာသမတ်ကျမှုကို ထိန်းသိမ်းရေးအတွက် တောင်းဆိုသံများမှာ ပိုမိုကျယ်လောင်လာကြောင်း လီက ပြောကြားခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်က တက်ရောက်လာသည့် ဧည့်သည်တော်များအား ၎င်း၏ အဓိက ထင်မြင်ချက်များကို မျှဝေခဲ့သည်။
အဦးဆုံးအနေဖြင့် ဈေးကွက်ဆိုသည်မှာ ရှားပါးအရင်းအမြစ်တစ်ခု ဖြစ်လာသည့်တိုင် စဉ်ဆက်မပြတ် ချဲ့ထွင်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘာ့စီးပွားရေးမှာ အကျပ်အတည်းမှ ရုန်းထွက်ကာ ကြွယ်ဝချမ်းသာမှုဆီသို့ ပြန်လည်ဦးတည်ခဲ့သည့် အကြိမ်တိုင်းတွင် ရှိရင်းစွဲ ဈေးကွက်များအတွက် ယှဉ်ပြိုင်ခြင်းမပြုဘဲ တံခါးဖွင့်လှစ်မှုနှင့် နည်းပညာပိုင်း တိုးတက်မှုနှင့်အတူ ဈေးကွက်အသစ်များကို ဖန်တီးခဲ့ခြင်းသာဖြစ်ကြောင်း လီက ဆိုသည်။
“ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒဟာ ပြဿနာအားလုံးကို ပြေလည်စေတဲ့ နည်းလမ်းမဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ တံခါးဖွင့်မှုနဲ့ ဦးဆောင်ကြိုးပမ်းအားထုတ်မှု စိတ်ဓာတ်ကို ဆက်လက်ထိန်းသိမ်းပြီး လွတ်လပ်တဲ့ ကုန်သွယ်မှုကို တိုးချဲ့ရင်း ဆန်းသစ်တီထွင်မှုကို တက်တက်ကြွကြွ မြှင့်တင်ရမှာဖြစ်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
တရုတ်နိုင်ငံ၏ ပို့ကုန်နှင့် သွင်းကုန်များမှာ စည်းမျဉ်းအခြေပြု မူဘောင်အတွင်းမှ မျှတစွာ ကုန်သွယ်မှုဖြစ်ကြောင်း ၎င်းက ပြောသည်။ တရုတ်နိုင်ငံအနေဖြင့် စံချိန်စံနှုန်းမြင့်မားသော တံခါးဖွင့်လှစ်မှုကို မမှိတ်မသုန် ရှေ့ဆက်လုပ်ဆောင်ကာ အရည်အသွေးမြင့်မားသော ကုန်ပစ္စည်းများကိုလည်း ပြည်ပမှ ပိုမိုတင်သွင်းသွားမည်ဖြစ်သလို ပိုမိုပြည့်စုံကောင်းမွန်၍ ဟန်ချက်ညီသည့် ကုန်သွယ်ရေးတိုးတက်မှုကို မြှင့်တင်ရန်နှင့် ကမ္ဘာ့စီးပွားရေးကဏ္ဍ အကျိုးစီးပွားကို အတူတကွ တိုးမြှင့်ရန် သက်ဆိုင်ရာ နိုင်ငံအားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည်ဟု ၎င်းက ဆက်လက်ပြောသည်။
ဒုတိယအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုဟု ဆိုရာတွင် ယှဉ်ပြိုင်မှုဆိုသည်မှာလည်း မလွဲမသွေ ဒွန်တွဲပါဝင်နေမည်ဖြစ်သော်လည်း သင့်တင့်မျှတသည့် ယှဉ်ပြိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုက နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းမှုနှင့် ဘုံအကျိုးစီးပွားကို ဖော်ဆောင်နိုင်သည်ဟု ၎င်းက ပြောသည်။
“အပြုသဘော စိတ်ဓာတ်နဲ့ ယှဉ်ပြိုင်မှုကို လက်ခံယုံကြည်ရင်း လက်တွေ့လုပ်ဆောင်ချက်တွေနဲ့ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မှသာ အပြန်အလှန် ခွန်အားဖြစ်စေပြီး ကိုယ်စီ အားသာချက်တွေကို ထုတ်ယူအသုံးချနိုင်မှာပါ” ဟု လီက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံရှိ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်များ၏ ယှဉ်ပြိုင်မှု အားသာချက်များကို အစိုးရအထောက်အပံ့ သို့မဟုတ် အကာအကွယ်ပေးမှုကြောင့် ရရှိလာခြင်းမဟုတ်ဘဲ ပြုပြင်ပြောင်းလဲမှုကို ဇွဲသတ္တိရှိရှိဖြင့် နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ခြင်း၊ ဆန်းသစ်တီထွင်မှုဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို မမှိတ်မသုန် ဖော်ဆောင်ခြင်းနှင့် အဓိကအကျဆုံးမှာ တရုတ်ပြည်သူများနှင့် တရုတ်စီးပွားရေးလုပ်ငန်းများ၏ ဇွဲလုံ့လနှင့် ကြိုးစားအားထုတ်ခြင်းတို့ကြောင့် ရရှိလာခြင်းဖြစ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။
“ကျွန်တော်တို့ဟာ စည်းကမ်းမဲ့ပြီး ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ ယှဉ်ပြိုင်မှုကို ဆန့်ကျင်ပါတယ်။ ဒါပေမဲ့လည်း ဈေးကွက်စီးပွားရေး အခြေအနေအောက်မှာ ကောင်းမွန်စွာ ယှဉ်ပြိုင်ခြင်းဟာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုကြီးမားတဲ့ တွန်းအားတွေကို ဖြစ်ပေါ်စေပါတယ်” ဟု ၎င်းက ပြောသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260322/cf1d6d7bfe444fba908231ad329fa61e/c.html
………………
(English Version)
Chinese premier stresses opportunities, fair competition, development confidence amid growing uncertainties
BEIJING, March 22 (Xinhua) — Chinese Premier Li Qiang has stressed creating new market opportunities through openness and technological progress, and upholding global market order through healthy and fair competition.
He also said high-quality development and stable economic growth of China will continue to provide development opportunities for the world.
Li made the remarks while delivering a keynote speech at the opening ceremony of the China Development Forum 2026 in Beijing on Sunday, saying the world is undergoing profound and complex changes, with multiple trends coexisting, intertwining, and colliding.
Unilateralism and protectionism are running rampant, while forces advocating cooperation and promoting development continue to grow stronger; economic growth in traditional sectors faces difficulties, while development in emerging fields is gaining momentum; the international rules-based order suffers severe damage and disruption, while many countries actively advance reforms and improvements to global governance; power politics prevails with arbitrary and reckless conduct, while calls for upholding fairness and justice grow ever louder, Li said.
The premier shared with the attendees his key observations.
First, the market has become a scarce resource, yet it can be continuously expanded, he said.
History shows that every time the global economy emerged from hardship and moved toward prosperity, it was not through competing over existing markets, but by creating new ones through openness and technological progress, Li said.
“Protectionism is no panacea,” he said. “We must uphold the spirit of openness and pioneering endeavor, expand free trade, and actively foster innovation.”
He said China’s imports and exports constitute fair trade conducted within the rules-based framework. China will unswervingly advance high-standard opening up, import more high-quality goods from abroad, work with all parties to promote optimized and balanced trade development, and jointly expand the global economic pie.
Second, development inevitably involves competition, yet healthy competition and cooperation can yield mutual benefits and win-win outcomes, he said.
“Only by embracing competition with a positive mindset and advancing cooperation through pragmatic actions can we empower one another and draw on respective strengths,” Li said.
He stressed that the competitive advantages of China’s relevant industries are not derived from subsidies or protection, but stem from persistent deepening of reform, steadfast implementation of innovation-driven development, and, most importantly, the diligence and hard work of the Chinese people and Chinese enterprises.
“We oppose disorderly and irrational competition. Under market economy conditions, however, healthy competition unleashes greater impetus for development,” he said.
https://english.news.cn/20260322/cf1d6d7bfe444fba908231ad329fa61e/c.html
English Caption
Chinese Premier Li Qiang attends the opening ceremony of the China Development Forum 2026 and delivers a keynote speech, in Beijing, capital of China, March 22, 2026. (Xinhua/Yue Yuewei)