China
အရှေ့အလယ်ပိုင်းဒေသတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသရွေ့ တရုတ်နိုင်ငံက သံတမန်ရေးအရ ကြားဝင်စေ့စပ်ပေးရန် ကြိုးပမ်းမှုများကို ရပ်တန့်မည်မဟုတ်ကြောင်း အထူးသံတမန် ပြောကြား
ပေကျင်း၊ မတ် ၂၄ ရက် (ဆင်ဟွာ)
ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသရွေ့ တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ သံတမန်ရေးအရ ကြားဝင်စေ့စပ်ပေးရန် ကြိုးပမ်းမှုများကို ရပ်တန့်မည်မဟုတ်ကြောင်း အရှေ့အလယ်ပိုင်းအရေးဆိုင်ရာ တရုတ်အစိုးရ၏ အထူးသံတမန် ကျိုက်ကျွင်းက မတ် ၂၃ ရက်၌ ပြောကြားခဲ့သည်။
တရုတ်ပြည်သူများအနေဖြင့် ငြိမ်းချမ်းရေး၏ ပဓာနအရေးပါမှုကို တန်ဖိုးထားကြောင်း၊ အရှေ့အလယ်ပိုင်းဒေသနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ အခြေခံမူဝါဒမှာ ပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကို မြှင့်တင်ရန်ဖြစ်ကြောင်း ကျိုက်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် သေဆုံးသူဦးရေ ၂၁,၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း ထောက်ပြကာ ကျိုက်က အရှေ့အလယ်ပိုင်းဒေသတစ်လွှားတွင် စစ်ပွဲမီးတောက်များ ဆက်လက်လောင်ကျွမ်းနေချိန်၌ ကမ္ဘာ့ကုန်သွယ်ရေးနှင့် စီးပွားရေးမှာ ကြီးမားသော ဖိအားအောက် ရောက်လာလျက်ရှိကြောင်း ပြောကြားခဲ့သည်။
“အခြေအနေ ပိုဆိုးလာတာနဲ့ သိပ်ကို ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ဖြစ်စေပါလိမ့်မယ်။ တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာပါက အနိုင်ရသူ မရှိဘဲ ဒေသတွင်းရှိ ပြည်သူတွေအတွက် သိပ်ကို ကြီးမားလှတဲ့ ဒုက္ခတွေကိုပဲ ဖြစ်ပေါ်စေမှာပါ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
တာဝန်ယူမှုရှိသော အဓိကနိုင်ငံကြီးနှင့် ဒေသတွင်းနိုင်ငံများ၏ စစ်မှန်သောမိတ်ဆွေအနေဖြင့် တရုတ်နိုင်ငံက ဘက်အသီးသီးနှင့် နီးကပ်စွာ ဆက်သွယ်ရေးနှင့် ညှိနှိုင်းဆောင်ရွက်မှုကို ထိန်းသိမ်းမည်ဖြစ်ပြီး တင်းမာမှုများ လျှော့ချရာတွင် ကူညီပေးခြင်း၊ အပစ်အခတ်ရပ်စဲရေးအတွက် လမ်းခင်းပေးခြင်း၊ ဆွေးနွေးမှုများ ပြန်လည်စတင်ရေးအတွက် ပေါင်းကူးတံတားများ တည်ဆောက်ပေးခြင်း၊ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အဆက်မပြတ် ကြိုးပမ်းအားထုတ်ခြင်းတို့ ပြုလုပ်သွားမည်ဟုလည်း ကျိုက်က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

အရှေ့အလယ်ပိုင်းအရေးဆိုင်ရာ တရုတ်အစိုးရ၏ အထူးသံတမန် ကျိုက်ကျွင်းက ရုရှားနိုင်ငံ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကရေးရာ သမ္မတ၏ အထူးကိုယ်စားလှယ် မီခေးလ် ဘော့ဂ်ဒါနော့ဗ်နှင့် ကာတာနိုင်ငံ မြို့တော်ဒိုဟာတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၉ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)
………………..
(English Version)
China will not rest diplomatic mediation efforts in Middle East as long as conflict continues: special envoy
BEIJING, March 23 (Xinhua) — As long as the conflict continues, China will not rest its diplomatic mediation efforts, said Zhai Jun, special envoy of the Chinese government on the Middle East issue, on Monday.
Zhai told a news briefing that the Chinese people value the paramount importance of peace, and the foundation of China’s policy on the Middle East is to promote reconciliation and peace.
Noting that the war has caused more than 21,000 casualties, Zhai said as the flames of war continue to rage across the Middle East, global trade and economy are coming under great strain.
“Once the Pandora’s box is opened, it will do huge damage. More fighting will produce no winner, only immense suffering for the people of the region,” he added.
Zhai said as a responsible major country and a sincere friend of regional countries, China will maintain close communication and coordination with the parties, help bring down tension, pave the way for a ceasefire, build bridges for restarting dialogue, and make unremitting efforts for peace and stability in the Middle East. ■
English Caption 1
A Lebanese man is pictured near buildings destroyed by an Israeli airstrike in Haret Saida, southern Lebanon, on March 4, 2026. (Photo by Ali Hashisho/Xinhua)
English Caption 2
Zhai Jun, special envoy of the Chinese government on the Middle East issue, meets with Russia’s Deputy Foreign Minister and Special Presidential Representative for the Middle East and Africa Mikhail Bogdanov in Doha, Qatar, Oct. 19, 2023. (Embassy of the People’s Republic of China in Qatar/Handout via Xinhua)
