China
မတည်ငြိမ်သည့် ကမ္ဘာကြီးတွင် တရုတ်နိုင်ငံအား သေချာရေရာမှု အရင်းအမြစ်အဖြစ် ယုံကြည်ထားဟု ပြည်ပနိုင်ငံများမှ စီးပွားရေးခေါင်းဆောင်များ ထပ်လောင်းအတည်ပြု
ပေကျင်း၊ မတ် ၂၄ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုဖိုရမ် (CDF) တက်ရောက်ရန် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် စုဝေးရောက်ရှိနေခဲ့သည့် ကမ္ဘာတစ်ဝန်းမှ နိုင်ငံစုံအခြေစိုက် ကုမ္ပဏီကြီး ၁၀၀ နီးပါး၏ စီးပွားရေးခေါင်းဆောင်များက စိန်ခေါ်မှုများ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေသည့် ကမ္ဘာကြီးတွင် တရုတ်နိုင်ငံအား တည်ငြိမ်မှုနှင့် ကြိုတင်မှန်းဆနိုင်မှုတို့၏ အရင်းအမြစ်အဖြစ် ပိုမိုရှုမြင်လာသည်ဟု ရှင်းလင်းပြတ်သားစွာ သတင်းစကားပါးခဲ့ကြသည်။
ပထဝီနိုင်ငံရေး ပဋိပက္ခများ အရှိန်မြင့်တက်လာခြင်းနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ ခေါင်းထောင်လာခြင်းတို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ မရေရာမှုများ နက်နက်ရှိုင်းရှိုင်းရှိနေခိုက် မတ် ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ကျင်းပခဲ့သည့် အဆိုပါဖိုရမ်သည် ယခင်ထက်ပင် ပိုမိုအရေးပါလာခဲ့သည်။ မရေရာမှုများသည် ၂၀၂၆ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်အလားအလာများ၏ အဓိကအကြောင်းအရာ ဖြစ်နေသည်ဟု ကမ္ဘာ့စီးပွားရေးဖိုရမ်၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။
တရုတ်နိုင်ငံအနေဖြင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ခြင်းကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကာ ကောင်းမွန်သော စီးပွားရေးပတ်ဝန်းကျင်ကို ဆက်လက်အားပေးမြှင့်တင်ရေးအတွက် တည်ငြိမ်သည့် စီးပွားရေးတိုးတက်မှုကို ရေရှည်ထိန်းထားနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး ပြည်ပမှ ရင်းနှီးမြှုပ်နှံထားသည့် စီးပွားရေးလုပ်ငန်းများအား တန်းတူညီမျှ ဆက်ဆံခြင်းကို အပြည့်အဝ အကောင်အထည်ဖော်သွားမည်ဖြစ်သကဲ့သို့ ကမ္ဘာ့နိုင်ငံအားလုံးမှ စီးပွားရေးလုပ်ငန်းများအနေဖြင့် တရုတ်နိုင်ငံတွင် လုပ်ငန်းလည်ပတ်နိုင်စေရန်နှင့် ယင်းတို့၏ အလားအလာကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရန်လည်း အထောက်အကူပေးသွားမည်ဟု CDF ဖွင့်ပွဲအခမ်းအနား၌ အရေးကြီးမိန့်ခွန်း ပြောကြားစဉ် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က ထည့်သွင်းပြောကြားခဲ့သည်။
“တရုတ်နိုင်ငံဟာ ကမ္ဘာကြီးအတွက် သေချာရေရာမှုကို ပေးစွမ်းတဲ့ အခြေခံအုတ်မြစ်တစ်ခု၊ တည်ငြိမ်မှုကို ပေးစွမ်းတဲ့ နားခိုစရာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဖို့ ကတိကဝတ်ပြုဆဲဖြစ်တယ်” ဟုလည်း လီက ပြောသည်။
သေချာရေရာမှုအတွက် လမ်းပြမြေပုံ
တရုတ်နိုင်ငံ၏ “အစည်းအဝေးကြီးနှစ်ရပ်” ၌ ငါးနှစ်စီမံကိန်းသစ်ကို ကြေညာခဲ့ပြီးနောက် ပထမဆုံး အထင်ကရ နိုင်ငံတကာဖိုရမ်ဖြစ်သည့် အဆိုပါ ဖိုရမ်၌ တက်ရောက်လာသူများက ယင်းအနာဂတ်စီမံချက်အပေါ် အထူးစိတ်ဝင်စားခဲ့ကာ ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံအနေဖြင့် လာမည့် ငါးနှစ်တာအတွင်း မည်သို့စီမံဆောင်ရွက်သွားမည်ကို စိတ်ဝင်တစား လေ့လာခဲ့ကြသည်။
ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ ဗဟိုကော်မတီရုံးမှ ဒုတိယ အမှုဆောင်ဒါရိုက်တာ ဟန်ဝန်ရှို့က အဆိုပါ စီမံချက်မှာ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အတွေးအမြင်သစ်များ ပေါင်းစပ်ပါဝင်ကာ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးပြီး ကမ္ဘာတစ်ဝန်းမှ နိုင်ငံများနှင့်အတူ အခွင့်အလမ်းသစ်များ ဖော်ထုတ်ရန်နှင့် ချဲ့ထွင်ရန် ကြိုးပမ်းလုပ်ဆောင်မည့် ဘက်စုံအနာဂတ်စီမံချက် ဖြစ်သည်ဟု ရည်ညွှန်းပြောဆိုခဲ့သည်။
ပြည်ပမှ စီးပွားရေးလုပ်ငန်းများအတွက် ကာလလတ်နှင့် ကာလရှည် စီမံကိန်းရေးဆွဲခြင်းက ယုံကြည်စိတ်ချစရာ အရင်းအမြစ်တစ်ခုအဖြစ် အကျိုးပြုကာ ကမ္ဘာလုံးဆိုင်ရာ မရေရာမှုများအကြား ပိုမိုရှင်းလင်းတိကျသော လမ်းကြောင်းတစ်ခုကို ပုံဖော်ပေးလျက်ရှိသည်။
“တရုတ်နိုင်ငံဟာ အထူးသဖြင့် အစိမ်းရောင် အသွင်ကူးပြောင်းမှုနဲ့ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုတို့နဲ့ ပတ်သက်ပြီး ရေရှည်အားဖြင့် မူဝါဒပိုင်း ရှင်းလင်းပြတ်သားမှုကို ပြသနေပါတယ်။ ဒေတာစင်တာ၊ ရေကြောင်းကုန်စည်ပို့ဆောင်ရေး၊ စွမ်းအင်သုံးစွဲမှု သက်သာစေတဲ့ အဆောက်အအုံ အစရှိတဲ့ ကဏ္ဍတွေမှာ ဝယ်လိုအား ခိုင်ခိုင်မာမာရှိမှုနဲ့ တိုးတက်မှုတွေကို ပေါင်းစပ်ထားတဲ့ အဲဒီတည်ငြိမ်မှုကြောင့် တရုတ်နိုင်ငံဟာ Danfoss အတွက် မဟာဗျူဟာမြောက် ဦးစားပေးဖြစ်လာစေတယ်” ဟု Danfoss ကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်ချုပ်ဖြစ်သူ ကင်မ် ဖောက်ဆင်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အဆိုပါ စီမံချက်၏ ဦးတည်ချက်များသည် အချက်ပြမီးသဖွယ်ဖြစ်ကာ မဟာဗျူဟာမြောက် ဦးစားပေးသတ်မှတ်ချက်များကို ဖော်ဆောင်ရင်း ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ချက်ချနေသည့် ကုမ္ပဏီများကို လမ်းပြပေးလျက်ရှိကြောင်း ဖိုရမ်တက်ရောက်လာသည့် အမှုဆောင်အရာရှိများက ဆိုသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260324/99c765d96dd34aa9bd9014dc12bcd585/c.html

တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် အမှာစကားပြောနေသည့် ၂၀၂၆ ခုနှစ် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုဖိုရမ် ပူးတွဲသဘာပတိနှင့် Apple စီအီးအို တင်ကွတ်ခ်အား ၂၀၂၆ ခုနှစ် မတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………….
(English Version)
Foreign business leaders reaffirm confidence in China as source of certainty in turbulent world
BEIJING, March 23 (Xinhua) — Business leaders from nearly 100 multinationals around the world that gathered in Beijing for the China Development Forum (CDF) 2026 have sent a clear message: in a world marked by overlapping challenges, China is increasingly seen as a source of stability and predictability.
Held on Sunday and Monday, the forum took on added significance at a moment of deepening global uncertainty clouded by raging geopolitical conflicts and rising protectionism. Uncertainty is the defining theme of the global risks outlook in 2026, as the World Economic Forum noted in a report.
In his keynote speech at the opening ceremony of the CDF, Chinese Premier Li Qiang said China will focus on promoting high-quality development, strive to sustain stable economic growth, continue to foster a sound business environment, fully implement national treatment for foreign-funded enterprises, and enable businesses from all countries to operate in China with confidence and realize their full potential.
“China remains committed to being a cornerstone of certainty and a harbor of stability for the world,” Li said.
ROADMAP FOR CERTAINTY
As the first high-profile international forum since China unveiled its new Five-Year Plan at the “two sessions,” participants showed particular interest in this blueprint, studying closely how the world’s second-largest economy charts its course over the next five years.
Han Wenxiu, executive deputy director of the Office of the Central Committee for Financial and Economic Affairs, described the plan as a comprehensive blueprint that embodies China’s new development philosophy, prioritizes high-quality growth, and seeks to generate and expand new opportunities together with countries around the world.
For foreign businesses, such medium- and long-term planning serves as a source of reassurance, offering a clearer sense of direction amid global uncertainty.
“China offers long-term policy clarity, particularly regarding green transition and high-quality development. Combined with strong and growing demand in sectors like data centers, shipping and energy-efficient buildings, such stability makes China a strategic priority for Danfoss,” said Kim Fausing, president and CEO of Danfoss, in a statement.
Executives at the forum said the plan’s targets act like signal lights, guiding companies as they shape strategic priorities and make investment decisions.
https://english.news.cn/20260324/99c765d96dd34aa9bd9014dc12bcd585/c.html
English Caption 1
Participants attend the China Development Forum 2026 in Beijing, capital of China, March 22, 2026. (Xinhua/Li Xin)
English Caption 2
Tim Cook, co-chair of the China Development Forum 2026 and Apple CEO, speaks during the opening ceremony of the forum in Beijing, capital of China, March 22, 2026. (Xinhua/Li Xin)
