China
ရှုံအန်းဧရိယာသစ်အား ဆန်းသစ်တီထွင်မှု ဗဟိုချက်၊ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု စံနမူနာအဖြစ် တည်ဆောက်ရေးအတွက် ကြိုးပမ်းအားထုတ်ကြရန် သမ္မတရှီ တိုက်တွန်း
ရှုံအန်း၊ ဟဲပေပြည်နယ်၊ မတ် ၂၅ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ရှုံအန်းဧရိယာသစ်အား ခေတ်သစ်ကာလ ဆန်းသစ်တီထွင်မှု ဗဟိုချက်အဖြစ်လည်းကောင်း၊ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး စံနမူနာအဖြစ်လည်းကောင်း တည်ဆောက်ရေးအတွက် ကြိုးပမ်းအားထုတ်ကြရန် မတ် ၂၃ ရက်က တိုက်တွန်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက မတ် ၂၃ ရက်တွင် ရှုံအန်းဧရိယာသစ်အား သွားရောက်စစ်ဆေးစဉ် အဆိုပါ ဧရိယာသစ်အား အရည်အသွေးမြင့်မားစွာ တည်ဆောက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်ဆင့်တိုး ဆောင်ရွက်ရေးဆိုင်ရာ သီးသန့်ဆွေးနွေးပွဲတစ်ခုကိုလည်း သဘာပတိအဖြစ် ကြီးမှူးကျင်းပခဲ့သည်။
ပေကျင်း၏ မြို့တော်အင်္ဂါရပ်၌ အရေးတကြီး မလိုအပ်သော လုပ်ငန်းဆောင်တာများကို လျှော့ချရာတွင် ယင်းလုပ်ငန်းဆောင်တာများကို အဓိကလက်ခံသူဖြစ်သော ရှုံအန်းဧရိယာသစ်၏ လုပ်ငန်းသဘောသဘာဝဆိုင်ရာ အဓိက ရပ်တည်ချက်ကို အခိုင်အမာထိန်းသိမ်းရန် လိုအပ်သည်ဟု ၎င်းက အလေးပေးပြောကြားခဲ့သည်။
ယင်းဧရိယာသစ်က ပြည်တွင်း အရင်းအမြစ်အင်အားဖြင့် မောင်းနှင်သော ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို ပြုပြင်ပြောင်းလဲမှု၊ ဆန်းသစ်တီထွင်မှုတို့ဖြင့် ပိုမိုခိုင်မာအားကောင်းအောင် လုပ်ဆောင်ကာ ကုန်ထုတ်လုပ်မှု သွင်းအားစုများနှင့် အရင်းအမြစ်များကို သင့်တင့်မျှတစွာ စုစည်းခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုအားအင်ပြည့်ဝမှုကို ဖော်ထုတ်သင့်ကြောင်း ရှီက ပြောသည်။
ရှီသည် မတ် ၂၃ ရက် နံနက်ပိုင်းက ရှုံအန်းသို့ ရောက်ရှိခဲ့ပြီးနောက် ရှေ့ပြေးဖော်ဆောင်မှုဇုန်၌ တည်ဆောက်ရေးလုပ်ငန်းစဉ် တိုးတက်မှုကို ကြည့်ရှုစစ်ဆေးရန် မော်တော်ယာဉ်ဖြင့် သွားရောက်ခဲ့သည်။ ထို့နောက် ရှီက ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ရှုံအန်းဧရိယာသစ်ဆီသို့ ဝန်ထမ်း ၁,၀၀၀ ကျော် ရွှေ့ပြောင်းခဲ့သည့် China Huaneng Group ကုမ္ပဏီလီမိတက်အား သွားရောက်ကြည့်ရှုခဲ့ကာ ကုမ္ပဏီ နေရာရွှေ့ပြောင်းမှု၊ လုပ်ငန်းဆိုင်ရာ အခင်းအကျင်းနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ တိုးတက်မှု အခြေအနေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြချက်များကို နားထောင်ခဲ့သည်။
အဆိုပါ ကုမ္ပဏီ၌ ရှီက ယင်းဧရိယာသစ်ဆီသို့ ရွှေ့ပြောင်းကာ လုပ်ငန်းလည်ပတ်နေကြပြီဖြစ်သည့် အဖွဲ့အစည်းများနှင့် လက်ရှိတည်ဆောက်နေဆဲဖြစ်သည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၏ ကိုယ်စားလှယ်များနှင့် ရင်းရင်းနှီးနှီး စကားပြောဆိုကာ ၎င်းတို့၏ နေရေးထိုင်ရေးနှင့် လုပ်ငန်းဆောင်ရွက်မှုများကို လေ့လာခဲ့သည်။
ထို့ပြင် ရှီက ပေကျင်း အမှတ်-၄ အထက်တန်းကျောင်း (ရှုံအန်းဧရိယာ) သို့ သွားရောက်ကာ ယင်းအထက်တန်းကျောင်း၌ သင်ကြားပို့ချမှု အခြေအနေများကို လေ့လာရန် စာသင်ခန်းအတွင်း ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် စကားပြောဆိုခဲ့သည်။ ထို့နောက် ရှီသည် အဆိုပါကျောင်း၏ စားရိပ်သာဆောင်သို့ သွားရောက်ကာ စားသောက်မှု ပတ်ဝန်းကျင်နှင့် ရရှိနိုင်သော ဟင်းအမည်များကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။
မတ် ၂၃ ရက် မွန်းလွဲပိုင်းတွင် ရှီက သီးသန့်ဆွေးနွေးပွဲတစ်ခုကို သဘာပတိအဖြစ် ကြီးမှူးကျင်းပခဲ့ပြီး အရေးကြီးမိန့်ခွန်း ပြောကြားခဲ့သည်။ ထိုသို့ မိန့်ခွန်းပြောကြားရာ၌ ၎င်းက ရှုံအန်းဧရိယာသစ် တည်ဆောက်မှုနှင့် စည်ပင်တိုးတက်မှုတွင် အရေးပါသည့် တိုးတက်မှုများ ရရှိခဲ့ကြောင်း အသိအမှတ်ပြုခဲ့သည်။
ယင်းသည် ဧရိယာသစ် ဖော်ဆောင်ရန် CPC ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက် အလုံးစုံမှန်ကန်ခဲ့သည်ကို အပြည့်အဝ သက်သေပြနေခြင်းဖြစ်သလို ဆက်စပ်လုပ်ငန်းစဉ် အားလုံးမှာလည်း ခိုင်မာ၍ ထိရောက်မှုရှိသည်ဟု ရှီက ဖြည့်စွက်ပြောကြားခဲ့သည်။
ပေကျင်း၏ မြို့တော်အင်္ဂါရပ်၌ အရေးတကြီး မလိုအပ်သော လုပ်ငန်းဆောင်တာများကို လျှော့ချကာ ယင်းလုပ်ငန်းဆောင်တာများကို ဧရိယာသစ်၌ ပိုမိုတက်ကြွအားမာန်ပြည့်၍ စနစ်တကျရှိရှိဖြင့် ပေါင်းစည်းချိတ်ဆက်ရေး၊ ဗဟိုအစိုးရက တိုက်ရိုက်စီမံခန့်ခွဲသည့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၊ တက္ကသိုလ်များနှင့် ဆေးရုံများအတွက် နေရာရွှေ့ပြောင်းမှု စီမံကိန်းများ ဖော်ဆောင်မှုကို တည်တည်ငြိမ်ငြိမ်နှင့် ထိရောက်စွာ အဆင့်လိုက် ဆက်လက်ဆောင်ရွက်ရေးအတွက် ကြိုးပမ်းအားထုတ်ကြရန် ရှီက အလေးအနက်မှာကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260324/bff4a167ce714d25a92cde65adc05151/c.html

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ရှုံအန်းဧရိယာသစ်ရှိ China Huaneng Group ကုမ္ပဏီလီမိတက်သို့ သွားရောက်စစ်ဆေးနေပုံကို ၂၀၂၆ ခုနှစ် မတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ရှုံအန်းဧရိယာသစ်ရှိ ပေကျင်း အမှတ်-၄ အထက်တန်းကျောင်း (ရှုံအန်းဧရိယာ) သို့ သွားရောက်လေ့လာနေပုံကို ၂၀၂၆ ခုနှစ် မတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………..
(English Version)
Xi urges efforts to build Xiong’an New Area into innovation hub, model of high-quality development
XIONG’AN, Hebei Province, March 23 (Xinhua) — Xi Jinping, general secretary of the Communist Party of China (CPC) Central Committee, on Monday called for efforts to build the Xiong’an New Area in north China’s Hebei Province into an innovation hub in the new era and a model of promoting high-quality development.
Xi, also Chinese president and chairman of the Central Military Commission, inspected the Xiong’an New Area on Monday, where he also chaired a symposium on further advancing the high-quality construction and development of the new area.
He emphasized the need to firmly uphold Xiong’an New Area’s primary functional positioning as the major recipient of functions relieved from Beijing that are non-essential to its role as China’s capital.
The new area should strengthen endogenous development momentum through reform and innovation, and unlock vitality via reasonable concentration of production factors and resources, Xi said.
On Monday morning, Xi arrived in Xiong’an and traveled by vehicle to inspect construction progress in the start-up zone. He then visited China Huaneng Group Co., Ltd., which moved over 1,000 employees to Xiong’an in October 2025, and heard briefings on the company’s relocation, industrial layout and innovative development.
At the company, he had a cordial exchange with representatives of officials and staff from relocated organizations already operating in the new area and those currently under construction, to learn about their life and work.
Xi also visited the Xiong’an campus of Beijing No. 4 High School, where he conversed with teachers and students in the classroom to learn about the teaching situation there. In the school canteen, he examined the dining environment and the variety of dishes available.
On Monday afternoon, Xi chaired the symposium and delivered an important speech. He acknowledged that important progress has been achieved in the construction and development of the Xiong’an New Area.
It has been fully proved that the CPC Central Committee’s decision to develop the new area is entirely correct, and all related work has been solid and effective, he added.
Xi stressed efforts to relieve Beijing of functions non-essential to its role as the national capital and integrate them into the new area in a more vigorous and orderly manner, and advance the construction of relocation projects for state-owned enterprises directly administered by the central government, universities and hospitals in an active, steady and phased manner.
https://english.news.cn/20260324/bff4a167ce714d25a92cde65adc05151/c.html
English Caption 1
Chinese President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, chairs a symposium on further advancing the high-quality construction and development of the Xiong’an New Area in the Xiong’an New Area, north China’s Hebei Province, March 23, 2026. (Xinhua/Xie Huanchi)
English Caption 2
Chinese President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, visits China Huaneng Group Co., Ltd. in the Xiong’an New Area, north China’s Hebei Province, March 23, 2026. (Xinhua/Xie Huanchi)
English Caption 3
Chinese President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, visits the Xiong’an campus of Beijing No. 4 High School in the Xiong’an New Area, north China’s Hebei Province, March 23, 2026. (Xinhua/Xie Huanchi)
