Connect with us

China

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပြန်လည်ရွေးကောက်ခံရခြင်းအတွက် တရုတ်နိုင်ငံ ဝန်ကြီးချုပ် ဂုဏ်ပြုသဝဏ်လွှာပေးပို့

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၆ ခုနှစ် မတ် ၅ ရက်က ကျင်းပသော ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) စတုတ္ထအကြိမ် အစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ ဝန်ကြီးချုပ် လီချန်က အစိုးရလုပ်ငန်းအစီရင်ခံစာဖတ်ကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က ထိုင်းနိုင်ငံ ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးကောက်ခံရသော အနူတင် ချန်ဗီရာကူးလ်ထံ ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာကို မတ် ၂၄ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ခင်မင်ရင်းနှီးသော၊ ချစ်ကြည်မှုရှိသော အိမ်နီးချင်းများနှင့် အေးအတူပူအမျှ အသိုက်အဝန်းဖြစ်ကြောင်း၊ “တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် မိသားစုတစ်ခုသဖွယ် ရင်းနှီးကျွမ်းဝင်ကာ” ထာဝရချစ်ကြည်ရင်းနှီးမှုရှိကြောင်း လီက သဝဏ်လွှာ၌ ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်သည် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး တည်ထောင်မှု နှစ် ၅၀ ပြည့် နှစ်ပတ်လည် အခါသမယဖြစ်သည်နှင့်အညီ ထိုင်းနိုင်ငံ ဘုရင် မဟာ ဝဇီရာလောင်ကွန်း ဖရာ ဝဇီရာလောင်ကွန်းယူဟွာသည် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်ခဲ့ကြောင်း၊ ယင်းခရီးစဉ်၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ထိုင်းဘုရင်တို့သည် တရုတ်-ထိုင်း အဆင့်မြင့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံဆက်ဆံရေးဆိုင်ရာ အရေးကြီးဘုံသဘောတူညီမှု ရရှိခဲ့ကြောင်း လီက မှတ်ချက်ပြုခဲ့သည်။
ဝန်ကြီးချုပ် လီက ၎င်းအနေဖြင့် အနူတင်နှင့်အတူ ခေါင်းဆောင်နှစ်ဦး ရရှိထားသော အရေးကြီး ဘုံသဘောတူညီမှုကို ပူးတွဲအကောင်အထည်ဖော်ရေး၊ နယ်ပယ်စုံ၌ လက်တွေ့ပူးပေါင်းဆောင်ရွက်ရေး အဆင့်မြှင့်တင်မှုအတွက် ညှိနှိုင်းဆောင်ရွက်ရေး၊ လာမည့်နှစ်ပေါင်း ၅၀ အတွင်း တရုတ်-ထိုင်း အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရာတွင် ကြီးမားသောတိုးတက်မှု တွန်းအားပေးဖော်ဆောင်ရေးအတွက် လုပ်ဆောင်သွားလိုကြောင်း လီက သဝဏ်လွှာ၌ ထည့်သွင်းဖော်ပြခဲ့သည်။ (Xinhua)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဘွန်ဂျိုင်ထိုင်းပါတီရုံးချုပ်တွင် ကျင်းပသော အခမ်းအနား၌ မိန့်ခွန်းပြောကြားနေသော အနူတင် ချန်ဗီရာကူးလ်အား ၂၀၂၆ ခုနှစ် မတ် ၂၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-Thai Government House/Handout via Xinhua)

……………………………………..
(English Version)
Chinese premier congratulates Thai PM on re-election

BEIJING, March 25 (Xinhua) — Chinese Premier Li Qiang on Tuesday sent a congratulatory message to Anutin Charnvirakul on his re-election as Thailand’s prime minister.
In his message, Li said that China and Thailand are close, friendly neighbors and a community with a shared future, enjoying a lasting friendship characterized as “China and Thailand are as close as one family.”
As 2025 marked the 50th anniversary of the two countries’ diplomatic ties, Thai King Maha Vajiralongkorn Phra Vajiraklaochaoyuhua paid a state visit to China, during which Chinese President Xi Jinping and the king reached important consensus on advancing the China-Thailand comprehensive strategic cooperative partnership, Li noted.
Li added that he is willing to work with Anutin to jointly implement the important consensus reached by the two heads of state, and to coordinate the advancement of practical cooperation across all fields, in order to push for greater progress in building the China-Thailand community with a shared future in the next 50 years.
Photo 1: Chinese Premier Li Qiang delivers a government work report at the opening meeting of the fourth session of the 14th National People’s Congress (NPC) at the Great Hall of the People in Beijing, capital of China, March 5, 2026. (Xinhua/Huang Jingwen)
Photo 2: Anutin Charnvirakul gives a speech during a ceremony held at the Bhumjaithai Party headquarters in Bangkok, Thailand, on March 20, 2026. (Thai Government House/Handout via Xinhua)