China
တရုတ်နိုင်ငံ သမ္မတ ရှီက ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတထံ လွတ်လပ်ရေးနေ့ ဂုဏ်ပြုသဝဏ်လွှာပေးပို့
ပေကျင်း၊ မတ် ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၅၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုသဝဏ်လွှာကို သမ္မတ Mohammed Shahabuddin Chuppu ထံ မတ် ၂၆ ရက်က ပေးပို့လိုက်ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနှင့် မိတ်ဖက်ကောင်းများ ဖြစ်ကြကြောင်း ရှီက သဝဏ်လွှာ၌ ပြောကြားခဲ့သည်။ နှစ်နိုင်ငံက အချင်းချင်း အပြန်အလှန်လေးစားမှု၊ သာတူညီမျှရှိမှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေရေး ပူးပေါင်းဆောင်ရွက်မှုကို အစဉ်တစိုက်လုပ်ဆောင်လျက်ရှိရာ နိုင်ငံချင်းဆက်ဆံရေးများအတွက်လည်း စံနမူနာဖြစ်ကြောင်း သမ္မတ ရှီက ပြောခဲ့သည်။
ထို့ပြင် ၎င်းအနေဖြင့် တရုတ်-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးကို အထူးအလေးထားသလို နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု နက်ရှိုင်းရေး၊ အစဉ်အလာချစ်ကြည်ရင်းနှီးမှုကို ရှေ့ဆက်သယ်ပိုးရေး၊ အရည်အသွေးမြင့် ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုနှင့် နယ်ပယ်စုံ ကူးလူးဖလှယ်မှု မြှင့်တင်ရေး၊ တရုတ်-ဘင်္ဂလားဒေ့ရှ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ရေး တိုးမြှင့်ရေး စသည်တို့အတွက် သမ္မတ Chuppu နှင့်အတူ ဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ရှီက ထည့်သွင်းပြောကြားခဲ့သည်။
ထို့အတူ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် Tarique Rahman ထံ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိကလည်း လွတ်လပ်ရေးနေ့ နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Khalilur Rahman ထံ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Xi sends congratulatory message to Bangladeshi president on Independence Day
BEIJING, March 26 (Xinhua) — Chinese President Xi Jinping on Thursday sent a congratulatory message to Bangladeshi President Mohammed Shahabuddin Chuppu on the 55th anniversary of Bangladesh’s independence.
In his message, Xi said China and Bangladesh are good neighbors, good friends and good partners. The two countries, he said, have always treated each other with mutual respect and equality, cooperating for mutual benefit, and setting a model for state-to-state relations.
Xi said he attaches great importance to the development of China-Bangladesh relations and is ready to work with President Chuppu to deepen political mutual trust, carry forward the traditional friendship, advance high-quality Belt and Road cooperation and exchanges across various fields, and promote the continued development of the China-Bangladesh comprehensive strategic cooperative partnership.
Also on Thursday, Chinese Premier Li Qiang sent a congratulatory message to Bangladeshi Prime Minister Tarique Rahman. Chinese Foreign Minister Wang Yi also extended his congratulations to his Bangladeshi counterpart, Khalilur Rahman, on the anniversary.
