Connect with us

China

၂၀၂၆ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် နှစ်ပတ်လည်ကွန်ဖရင့်၏ မျက်နှာစုံညီ အစည်းအဝေးအား တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်တွင် ကျင်းပ

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျောက်လဲ့ကျိ တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဘိုးအောက်မြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် (BFA) နှစ်ပတ်လည်ကွန်ဖရင့်၏ မျက်နှာစုံညီအစည်းအဝေး တက်ရောက်နေပုံကို ၂၀၂၆ ခုနှစ် မတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘိုးအောက်၊ ဟိုင်နန်၊ မတ် ၂၆ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် (BFA) နှစ်ပတ်လည်ကွန်ဖရင့်၏ မျက်နှာစုံညီ အစည်းအဝေးအား တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဘိုးအောက်မြို့၌ မတ် ၂၆ ရက်က ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျောက်လဲ့ကျိ တက်ရောက်ကာ အရေးကြီးမိန့်ခွန်း ပြောကြားခဲ့သည်။
ယခုနှစ်သည် ဘိုးအောက်ဖိုရမ် (BFA) ၂၅ နှစ်မြောက် နှစ်ပတ်လည် အခါသမယဖြစ်ကြောင်း၊ ယခုဖိုရမ်သည် အာရှနိုင်ငံများနှင့် အခြားသော ကမ္ဘာ့နိုင်ငံများအကြား ကူးလူးဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရာတွင် ဂုဏ်သိက္ခာကြီးမားသော ပလက်ဖောင်းတစ်ခု ဖြစ်လာကြောင်း ကျောက်က အလေးပေးပြောကြားခဲ့သည်။
လူသားမျိုးနွယ်တို့အနေဖြင့် စုစည်းညီညွတ်စွာဖြင့် အတူတကွ ကြိုးပမ်းအားထုတ်မှသာလျှင် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများနှင့် အန္တရာယ်များကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်ကာ ပိုမိုကောင်းမွန်သော အနာဂတ်ကိုလည်း ဖန်တီးနိုင်မည်ဟု ၎င်းက ဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် ၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေးကို ဆန်းကျန့်မြို့တွင် ယခုနှစ် နိုဝင်ဘာလ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် ပြင်ဆင်လျက်ရှိရာ အာရှ-ပစိဖိတ် အသိုက်အဝန်း ထူထောင်ရန်နှင့် အာရှ-ပစိဖိတ်ဒေသ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုကြီးမားသော အားအင်တက်ကြွမှုများနှင့် ပိုမိုအားကောင်းသော တွန်းအားများ ဖြည့်တင်းပေးရန်အတွက် သက်ဆိုင်ရာ နိုင်ငံအားလုံးနှင့် လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ကျောက်က ပြောကြားခဲ့သည်။
၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ဘိုးအောက်ဖိုရမ်မှာ ဒေသတွင်း စီးပွားရေးပေါင်းစည်းချိတ်ဆက်မှု မြှင့်တင်အားပေးရေး၊ အာရှနိုင်ငံများအနေဖြင့် ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များနှင့် ပိုမိုနီးစပ်မှုရှိရေးအတွက် ကတိကဝတ်ပြုထားသည့် အစိုးရမဟုတ်သော၊ အမြတ်အစွန်းအတွက် မရည်ရွယ်သော နိုင်ငံတကာအဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။
ယခုနှစ် နှစ်ပတ်လည်ကွန်ဖရင့်အား “အားအင်သစ်များ၊ အခွင့်အလမ်းသစ်များ၊ ပူးပေါင်းဆောင်ရွက်မှုသစ်များနှင့် ဘုံတူညီသော အနာဂတ်ကို ပုံဖော်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် မတ် ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ချုံဟိုင်မြို့ ဘိုးအောက်မြို့ရှိ အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် (BFA) နိုင်ငံတကာ ကွန်ဖရင့်စင်တာအား ၂၀၂၆ ခုနှစ် မတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………..
(English Version)
Boao Forum for Asia Annual Conference 2026 holds plenary in Hainan
BOAO, Hainan, March 26 (Xinhua) — The Boao Forum for Asia (BFA) Annual Conference 2026 held a plenary on Thursday in Boao, south China’s Hainan Province.
Zhao Leji, chairman of the National People’s Congress Standing Committee, attended the event and delivered a keynote speech.
Noting that this year marks the 25th anniversary of the BFA, Zhao said the forum has become a prestigious platform for promoting exchanges, collaboration and common development among Asian nations and the wider world.
Only by working together in solidarity can humanity address global risks and challenges and create a better future, he said.
As China prepares for the 33rd Asia-Pacific Economic Cooperation (APEC) Economic Leaders’ Meeting in Shenzhen this November, Zhao said the country stands ready to take this opportunity as host and work with all parties to build an Asia-Pacific community, and inject greater vitality and stronger impetus into the region’s development.
Founded in 2001, the BFA is a non-governmental and non-profit international organization committed to promoting regional economic integration and bringing Asian countries closer to their development goals.
Running from March 24 to 27, this year’s conference is themed “Shaping a Shared Future: New Dynamics, New Opportunities, New Cooperation.”
English Caption 1
Zhao Leji, chairman of the National People’s Congress Standing Committee, attends a plenary of the Boao Forum for Asia (BFA) Annual Conference 2026 and delivers a keynote speech in Boao, south China’s Hainan Province, March 26, 2026. (Xinhua/Li Tao)
English Caption 2
This photo taken on March 23, 2026 shows a view of the Boao Forum for Asia (BFA) International Conference Center in Boao Town of Qionghai City, south China’s Hainan Province. (Xinhua/Yang Guanyu)