Connect with us

China

အီရန်ပဋိပက္ခနှင့်ပတ်သက်၍ အဓိပ္ပာယ်ပြည့်ဝပြီး စစ်မှန်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အဆင်ပြေချောမွေ့စေရန် တရုတ်နိုင်ငံ တိုက်တွန်း

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်အား ၂၀၂၆ ခုနှစ် မတ် ၂၅ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)

ပေကျင်း၊ မတ် ၂၆ ရက် (ဆင်ဟွာ)

အရှိန်မြင့်တက်နေသော အီရန်ပဋိပက္ခတွင် သက်ဆိုင်ရာ ဘက်အသီးသီးအနေဖြင့် လားရာတူအတိုင်း လုပ်ဆောင်ရန်နှင့် အမှန်တကယ် အဓိပ္ပာယ်ရှိပြီး စစ်မှန်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်ရေးအတွက် အခြေအနေများ ဖန်တီးပေးရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မတ် ၂၆ ရက်၌ ပြောကြားခဲ့သည်။
နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ဆက်စပ်မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာ၌ ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် အထက်ဖော်ပြပါ ကြိုးပမ်းအားထုတ်မှုတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ရန် အသင့်ရှိနေသည်ဟုလည်း ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

…………………
(English Version)
China urges facilitation of meaningful, sincere peace talks regarding Iran conflict
BEIJING, March 26 (Xinhua) — China urges all relevant parties to the raging Iran conflict to work in the same direction and create conditions for launching truly meaningful and sincere peace talks, a Chinese foreign ministry spokesperson said on Thursday.
Spokesperson Lin Jian made the remarks at a daily press briefing in response to a related query, adding China is ready to continue playing a constructive role in the above-mentioned endeavor. ■