China
တရုတ်နိုင်ငံ၏ ထိပ်တန်း နိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ်က ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ၏ အကြံပေးပုဂ္ဂိုလ်နှင့် တွေ့ဆုံ
ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ)
တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဝမ်ဟုနင်သည် ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ၏ မဟာဗျူဟာမြောက် ဖွံ့ဖြိုးမှုဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဆာဒေါ အူမာဇာကော့ဗ်အား ပေကျင်းမြို့တွင် မတ် ၂၆ ရက်က လက်ခံတွေ့ဆုံခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်လည်းဖြစ်သူ ဝမ်က တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးအကြား ရရှိထားသော ဘုံသဘောတူညီမှုများကို အတူတကွ အကောင်အထည်ဖော်ကာ ခေတ်မီအသွင်ပြောင်းမှု တွန်းအားပေးလုပ်ဆောင်ရာတွင် အချင်းချင်း ခိုင်ခိုင်မာမာ ပံ့ပိုးကူညီရေးအတွက် ဥဇဘက်ကစ္စတန်နိုင်ငံနှင့် လက်တွဲဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တရုတ်နိုင်ငံအနေဖြင့် မိမိတို့၏ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများ ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုအားကောင်းစေရန်၊ ပါတီအချင်းချင်း ကူးလူးဆက်ဆံမှုများ တိုးမြှင့်ရန်၊ ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို အတူတကွ ကာကွယ်ထိန်းသိမ်းရန်အတွက် ဥဇဘက်ကစ္စတန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း၊ CPPCC ပြည်လုံးဆိုင်ရာကော်မတီအနေဖြင့် အဆိုပါ ဦးတည်ချက်ပန်းတိုင်အတွက် အပြုသဘော အားဖြည့်ပံ့ပိုးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထိုအခါ အူမာဇာကော့ဗ်က ဥဇဘက်ကစ္စတန်နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လက်ကိုင်ပြုကာ တရုတ်နိုင်ငံက အဆိုပြုသည့် အထင်ကရ အစီအမံများကိုလည်း ထောက်ခံအားပေးလျက်ရှိသည်ဟု ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ခြင်းမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းများ ဖြစ်ပေါ်စေကြောင်း၊ သို့ဖြစ်၍ ဥဇဘက်ကစ္စတန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ တိုးတက်အောင်မြင်မှုများအတွက် အဓိကသော့ချက်ဖြစ်သည့် CPC ၏ ဦးစီးဦးဆောင်မှု အတွေ့အကြုံများကို လေ့လာသင်ယူလိုကြောင်း အူမာဇာကော့ဗ်က ဆိုသည်။ (Xinhua)
……………..
(English Version)
China’s top political advisor meets Uzbek presidential advisor
BEIJING, March 26 (Xinhua) — Wang Huning, chairman of the National Committee of the Chinese People’s Political Consultative Conference (CPPCC), met with Sardor Umurzakov, advisor to the president of Uzbekistan on strategic development, in Beijing on Thursday.
Wang, also a member of the Standing Committee of the Political Bureau of the Communist Party of China (CPC) Central Committee, said China is willing to work with Uzbekistan to jointly implement the consensus reached by the two heads of state, and firmly support each other in the modernization drive.
China stands ready to cooperate with Uzbekistan to strengthen the alignment of their development strategies, enhance inter-party exchanges, and jointly safeguard world and regional peace and stability, he said, adding that the CPPCC national committee will make positive contributions to this end.
Umurzakov said Uzbekistan adheres to the one-China principle, and supports major initiatives proposed by China.
Umurzakov also said the implementation of China’s 15th Five-Year Plan (2026-2030) presents opportunities for bilateral cooperation, and that Uzbekistan is willing to learn from the CPC’s experience as the CPC leadership is the key to China’s success.
English Caption
Wang Huning, a member of the Standing Committee of the Political Bureau of the Communist Party of China Central Committee and chairman of the National Committee of the Chinese People’s Political Consultative Conference, meets with Sardor Umurzakov, advisor to the president of Uzbekistan on strategic development, in Beijing, capital of China, March 26, 2026. (Xinhua/Yan Yan)
