China
အာရှစီးပွားရေးဖိုရမ်က စည်းကြပ်ခွန်များတိုးမြှင့်နေချိန် ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒကို မြှင့်တင်ပေး
ဘိုးအောက်၊ တရုတ်၊ မတ် ၂၇ ရက် (ဆင်ဟွာ)
တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒများဖြင့် စည်းကြပ်ခွန်များ တိုးမြှင့်ကောက်ခံခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုများ ဖြစ်ပေါ်နေချိန် ၂၀၂၆ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် နှစ်ပတ်လည်ကွန်ဖရင့် တက်ရောက်လာသူများက စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေးနှင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှုအခြေခံခိုင်မာစေရေးအတွက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေကာ၊ နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို ပိုမိုအားကောင်းစေရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
စည်းကြပ်ခွန်ကောက်ခံမှုအစီအမံ ကျယ်ပြန့်လာခြင်းက ကမ္ဘာတစ်ဝန်း ထိတ်လန့်မှုများ ဖြစ်ပေါ်စေကြောင်း စင်ကာပူနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်း Wong Kan Seng က မှတ်ချက်ပြုခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://english.news.cn/20260326/f889b0ab6c9a483f9f2b3462cd484a80/c.html

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဘိုးအောက်မြို့တွင် ကျင်းပသော အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် (BFA) နှစ်ပတ်လည်ကွန်ဖရင့်အတွင်း “သက်ဝင်လှုပ်ရှားနေသော APEC: စိန်ခေါ်မှုများကို အတူရင်ဆိုင်ကာ အခွင့်အလမ်းများကို အတူမျှဝေခြင်း” ဟူသော အဓိကအကြောင်းအရာ ဆွေးနွေးပွဲ၌ စင်ကာပူနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်း Wong Kan Seng အား ၂၀၂၅ ခုနှစ် မတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် ဟွိုင်ဟွမြို့တွင် ပထမဆုံး ဟူနန် (ဟွိုင်ဟွ) RCEP စီးပွားရေးနှင့် ကုန်သွယ်ရေးပြပွဲ ကျင်းပသောနေရာကို ၂၀၂၃ ခုနှစ် မေ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………………..
(English Version)
Asian economic forum calls for boosting cooperation, multilateralism amid tariff hikes
BOAO, China, March 26 (Xinhua) — As sweeping tariff hikes driven by unilateralism and protectionism fuel mounting global uncertainty, participants at the 2026 Boao Forum for Asia Annual Conference have called for deeper regional cooperation and a stronger multilateral trading system to meet prevailing challenges and consolidate the foundation of global growth.
Wong Kan Seng, former deputy prime minister of Singapore, noted that extensive tariff measures have sent shockwaves across the world.
https://english.news.cn/20260326/f889b0ab6c9a483f9f2b3462cd484a80/c.html
Photo 1: A robot is pictured during the Boao Forum for Asia (BFA) Annual Conference 2026 in south China’s Hainan Province, March 25, 2026. (Xinhua/Pu Xiaoxu)
Photo 2: Wong Kan Seng, former deputy prime minister of Singapore, speaks at a panel discussion themed on “Revitalizing APEC: Meeting Challenges and Sharing Opportunities Together” during the Boao Forum for Asia (BFA) Annual Conference 2025 in Boao, south China’s Hainan Province, March 26, 2025. (Xinhua/Pu Xiaoxu)
Photo 3: This photo taken on May 5, 2023 shows the venue for the First Hunan (Huaihua) RCEP Economic and Trade Expo in Huaihua City, central China’s Hunan Province. (Xinhua/Yu Chunsheng)
