China
တရုတ်နိုင်ငံက စမ်းသပ်ဂြိုဟ်တုအသစ်ကို အောင်မြင်စွာလွှတ်တင်
ကျိုချွမ်၊ မတ် ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက နိုင်ငံအနောက်မြောက်ပိုင်းရှိ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ စမ်းသပ်ဂြိုဟ်တုအသစ်တစ်စင်းကို မတ် ၂၇ ရက်၌ အာကာသထဲသို့ အောင်မြင်စွာလွှတ်တင်ခဲ့သည်။
အဆိုပါ Yuanzheng-1S (Expedition-1S) အပေါ်ပိုင်းအဆင့်ကို ဒုံးပျံနှင့် ချိတ်ဆက်ထားခြင်းနှင့်အတူ Shiyan-33 ဂြိုဟ်တုကို Long March-2C သယ်ဆောင်ရေးဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် နေ့လယ် ၁၂:၁၁ နာရီတွင် လွှတ်တင်ခဲ့သည်။ ယင်းဂြိုဟ်တုက သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်ခဲ့သည်။
အဆိုပါ ဂြိုဟ်တုလွှတ်တင်မှုမှာ Long March သယ်ဆောင်ရေးဒုံးပျံစီးရီး၏ ၆၃၅ ကြိမ်မြောက် ပျံသန်းရေးမစ်ရှင်ဖြစ်ကြောင်း သိရသည်။ (Xinhua)




………………..
(English Version)
China successfully launches new test satellite
JIUQUAN, March 27 (Xinhua) — China successfully sent a new test satellite into space from the Jiuquan Satellite Launch Center, located in the country’s northwest, on Friday.
The Shiyan-33 satellite was launched at 12:11 p.m. (Beijing Time) aboard a Long March-2C carrier rocket, with the Yuanzheng-1S (Expedition-1S) upper stage attached to the rocket. The satellite has successfully reached its preset orbit.
This was the 635th flight mission of the Long March carrier rocket series. ■
English Caption
A Long March-2C carrier rocket, with the Yuanzheng-1S (Expedition-1S) upper stage attached to the rocket, carrying the Shiyan-33 satellite, blasts off from the Jiuquan Satellite Launch Center in northwest China, March 27, 2026. (Photo by Wang Jiangbo/Xinhua)
