Connect with us

China

ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ပွဲဦးထွက်ဝင်ရောက်ယှဉ်ပြိုင်မည့် ကူရာဆာအိုအသင်းကို နည်းပြရှောင်၏ ပွဲဦးထွက်ပြိုင်ပွဲတွင် တရုတ်အသင်း အနိုင်ရရှိ

တရုတ်အသင်းနှင့် ကူရာဆာအိုအသင်းတို့၏ ဩ‌စတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ခုနှစ် ဖီဖာစီးရီး နိုင်ငံတကာချစ်ကြည်ရေးပွဲစဉ်မတိုင်မီ အမှတ်တရဓာတ်ပုံရိုက်နေသည့် တရုတ်အသင်းမှ ပွဲထွက်ကစားသမားများကို ၂၀၂၆ ခုနှစ် မတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆစ်ဒနီ၊ မတ် ၂၈ ရက် (ဆင်ဟွာ)

ဩ‌စတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ သြစတြေးလျ အားကစားကွင်းတွင် မတ် ၂၇ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဖီဖာစီးရီးပွဲစဉ်၌ တရုတ်အသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ပွဲဦးထွက်ဝင်ရောက်ယှဉ်ပြိုင်မည့် ကူရာဆာအိုအသင်းကို အနိုင်ရရှိခဲ့ပြီး အသင်း၏ နည်းပြချုပ် ရှောက်ကျားရီး အတွက် အောင်ပွဲဖြင့်စတင်ခြင်း အထိမ်းအမှတ် ဖြစ်လာခဲ့သည်။
ထိန်းချုပ်ရခက်သော အခြေအနေများတွင် ကြံ့ခိုင်မှုအားကောင်းသော ကူရာဆာအိုအသင်းကို ရင်ဆိုင်ရာ၌ တရုတ်အသင်းက ခြေရည်တူရှိခဲ့သော ပထမပိုင်းတွင် ခံစစ်ကို အာရုံစိုက်ကစားခဲ့ပြီး နှစ်ဖက်စလုံးအတွက် ဂိုးသွင်းယူရန် အခွင့်အရေးနည်းပါးခဲ့သည်။
ပထမပိုင်း အချိန်ပိုတွင်မူ တန်ပြန်တိုက်စစ်မှ အဖွင့်ဂိုးကို ရရှိခဲ့စေသည်။ ကျန်းယွိနင်က ခေါင်းတိုက်ဘော ပေးလိုက်ပြီးနောက် ဝေစစ်ဟောင်က ပင်နယ်တီဧရိယာအတွင်းမှ ဂိုးသွင်းကာ တရုတ်အသင်းအား ၁-၀ ဂိုးဖြင့် ဦးဆောင်နိုင်စေခဲ့ခြင်းဖြစ်သည်။
ကူရာဆာအိုအသင်းက ၎င်း၏တိုက်စစ်ကို အားဖြည့်ရန် ကစားသမားများစွာကို ထည့်သွင်းခဲ့သော်လည်း ၅၉ မိနစ်တွင် တရုတ်အသင်းက ဒုတိယဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့သည်။ ကျန်းက ပင်နယ်တီဧရိယာအတွင်း အားနည်းသော ရှင်းလင်းမှုမှ အခွင့်ကောင်းယူကာ ဘယ်ခြေဖြင့် ဂိုးထဲသို့ ပထမဆုံးအကြိမ် ကန်သွင်းခဲ့သည်။
တရုတ်အသင်းက မတ် ၃၁ ရက်၌ မဲလ်ဘုန်းတွင် ကင်မရွန်းအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့တွင် ဇွန် ၁၁ ရက်မှ ဇူလိုင် ၁၉ ရက်အထိ ကျင်းပမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ကူရာဆာအိုအသင်းက ပါဝင်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၎င်းအသင်း၏ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ရမည့် အထိမ်းအမှတ်ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်အသင်းနှင့် ကူရာဆာအိုအသင်းတို့၏ ဩ‌စတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ခုနှစ် ဖီဖာစီးရီး နိုင်ငံတကာချစ်ကြည်ရေးပွဲစဉ်အတွင်း ခေါင်းတိုက်ဘောအတွက် ယှဉ်ပြိုင်နေသည့် တရုတ်အသင်းမှ ကျူးချန်ကျယ် (အပေါ်) ကို ၂၀၂၆ ခုနှစ် မတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

တရုတ်အသင်းနှင့် ကူရာဆာအိုအသင်းတို့၏ ဩ‌စတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ခုနှစ် ဖီဖာစီးရီး နိုင်ငံတကာချစ်ကြည်ရေးပွဲစဉ်အတွင်း ဂိုးရရှိပြီးနောက် အောင်ပွဲခံနေသည့် တရုတ်အသင်းမှ ကျန်းယွိနင် (ယာဘက်ဒုတိယ) ကို ၂၀၂၆ ခုနှစ် မတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်အသင်းနှင့် ကူရာဆာအိုအသင်းတို့၏ ဩ‌စတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ခုနှစ် ဖီဖာစီးရီး နိုင်ငံတကာချစ်ကြည်ရေးပွဲစဉ်အတွင်း ကူရာကာအိုအသင်းမှ ဂျူနင်ဟို ဘာကူနာနှင့် ယှဉ်ပြိုင်ကစားနေသည့် တရုတ်အသင်းမှ ကျူးချန်ကျယ် (ဝဲ) ကို ၂၀၂၆ ခုနှစ် မတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်အသင်းနှင့် ကူရာဆာအိုအသင်းတို့၏ ဩ‌စတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ခုနှစ် ဖီဖာစီးရီး နိုင်ငံတကာချစ်ကြည်ရေးပွဲစဉ်အတွင်း ကူရာဆာအိုအသင်းမှ ရှဲရဲလ် ဖလော်ရာနပ်စ် (အလယ်) နှင့် ယှဉ်ပြိုင်ကစားနေသည့် တရုတ်အသင်းမှ ဝေစစ်ဟောင် (ယာ) ကို ၂၀၂၆ ခုနှစ် မတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………….

(English Version)
China beats World Cup debutant Curacao in coach Shao’s competitive debut
SYDNEY, March 27 (Xinhua) — China defeated World Cup-bound Curacao 2-0 in a FIFA Series match at Stadium Australia in Sydney on Friday, marking a victorious start for its head coach Shao Jiayi.
Facing a physical Curacao side in slippery conditions, China focused on defense during a tight first half that saw few clear scoring opportunities for both sides.
The opener came in first half injury time on a counter-attack, with Wei Shihao scoring from inside the box following a Zhang Yuning header to give China a 1-0 halftime lead.
Curacao brought on several players in an attempt to bolster its attack, but China doubled the lead in the 59th minute. Zhang capitalized on a poor clearance inside the penalty area, firing a first-time left-footed shot into the net.
China will face Cameroon in Melbourne on March 31.
Curacao will play the 2026 World Cup to be held in the United States, Canada and Mexico from June 11 to July 19, marking its first time to compete in the global football showpiece. ■
English Caption 1
Starting players of China pose before the FIFA Series 2026 International Friendly Match between China and Curacao in Sydney, Australia, March 27, 2026. (Xinhua/Ma Ping)
English Caption 2
Zhu Chenjie (top) of China vies for a header during the FIFA Series 2026 International Friendly Match between China and Curacao in Sydney, Australia, March 27, 2026. (Xinhua/Ma Ping)
English Caption 3
Zhang Yuning (2nd R) of China celebrates after scoring during the FIFA Series 2026 International Friendly Match between China and Curacao in Sydney, Australia, March 27, 2026. (Xinhua/Ma Ping)
English Caption 4
Zhu Chenjie (L) of China vies with Juninho Bacuna of Curacao during the FIFA Series 2026 International Friendly Match between China and Curacao in Sydney, Australia, March 27, 2026. (Xinhua/Ma Ping)
English Caption 5
Wei Shihao (R) of China vies with Sherel Floranus (C) of Curacao during the FIFA Series 2026 International Friendly Match between China and Curacao in Sydney, Australia, March 27, 2026. (Xinhua/Ma Ping)