China
တရုတ်နိုင်ငံ ဒုတိယသမ္မတက ဆေးရှဲလ်စ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရန် တိုက်တွန်း
ဗစ်တိုးရီးယား၊ မတ် ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်က ဆေးရှဲလ်စ်နိုင်ငံနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး နက်ရှိုင်းစေရန်၊ ဆေးရှဲလ်စ်နိုင်ငံနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
မတ် ၂၈ ရက်မှ ၃၀ ရက်အထိ အဆိုပါကျွန်းနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဟန်သည် သမ္မတ ပက်ထရစ် ဟာမီနီ၊ ဒုတိယသမ္မတ ဆီဘက်ရှန် ပီလေးတို့နှင့် တွေ့ဆုံခဲ့ကာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် ၅၀ ပြည့် အထိမ်းအမှတ် ကြိုဆိုဧည့်ခံပွဲသို့လည်း တက်ရောက်ခဲ့သည်။
ဟာမီနီနှင့် တွေ့ဆုံဆွေးနွေးစဉ်အတွင်း ဟန်က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ နွေးထွေးလှိုက်လှဲသော နှုတ်ခွန်းဆက်စကားများနှင့် ဆုမွန်ကောင်း ပို့သမှုများကို ထပ်ဆင့်ပြောကြားခဲ့သည်။
ယခုနှစ်သည် တရုတ်နိုင်ငံနှင့် ဆေးရှဲလ်စ်နိုင်ငံတို့ သံတမန်ဆက်ဆံရေးထူထောင်မှု နှစ် ၅၀ ပြည့် အထိမ်းအမှတ် အခါသမယ ဖြစ်သည့်အားလျော်စွာ နှစ်နိုင်ငံဆက်ဆံရေးသည် အရွယ်အစားမတူညီသည့် နိုင်ငံများအကြား စစ်မှန်သော ချစ်ကြည်ရင်းနှီးမှု၊ တန်းတူညီမျှရှိမှု၊ အပြန်အလှန် ပံ့ပိုးကူညီမှု၊ နှစ်ဖက်စလုံးအတွက် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုတို့၏ စံနမူနာအဖြစ် တည်ရှိနေသည်ဟု ဟန်က ညွှန်းဆိုခဲ့သည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလက ကျင်းပသည့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (FOCAC) ပေကျင်းထိပ်သီးအစည်းအဝေး၌ နှစ်နိုင်ငံ ဆက်ဆံရေးအား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် အဆင့်မြှင့်တင်ခဲ့သည်။
၎င်း၏ခရီးစဉ်သည် နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးကြား ရရှိထားသော အရေးကြီး ဘုံသဘောတူညီမှုများကို ဆက်လက်အကောင်အထည်ဖော်ရေးနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တစ်ဆင့်တိုး နက်ရှိုင်းခိုင်မာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဟန်က ပြောကြားခဲ့ကာ တရုတ်နိုင်ငံ၏ ပင်မအကျိုးစီးပွားများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များတွင် ဆေးရှဲလ်စ်နိုင်ငံ၏ အခိုင်အမာ ထောက်ခံအားပေးမှုကိုလည်း ချီးကျူးပြောဆိုခဲ့သည်။
တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားသည့် အာဖရိကနိုင်ငံ ၅၃ နိုင်ငံအား ၂၀၂၆ ခုနှစ် မေ ၁ ရက်မှစ၍ အကောက်ခွန်ကင်းလွတ်ခွင့်ပြုသော မူဝါဒကို အကောင်အထည်ဖော်မည့် ဆုံးဖြတ်ချက်ကို သမ္မတရှီက မကြာမီက ကြေညာခဲ့ရာ တရုတ်နိုင်ငံနှင့် ဆေးရှဲလ်စ်နိုင်ငံတို့အနေဖြင့် ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေး မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်ဆိုင်ရာ ရှေ့ပြေးအစီအစဉ်နှင့် စပ်လျဉ်း၍ ဘုံသဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ကြောင်း ဟန်က ပြောသည်။
ဆေးရှဲလ်စ်နိုင်ငံအနေဖြင့် အဆိုပါ စည်းကြပ်ခွန်ကင်းလွတ်ခွင့် မူဝါဒမှ အကျိုးကျေးဇူးများ ဆက်လက်ရရှိနိုင်စေရေးအတွက် နှစ်ဖက် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
တရုတ်နိုင်ငံသည် စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို အခိုင်အမာလက်ကိုင်ပြုဆဲဖြစ်ကာ နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုကိုသာမက ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘုံအကျိုးစီးပွားကိုလည်း ထိန်းသိမ်းရန်အတွက် ဆေးရှဲလ်စ်နိုင်ငံနှင့် လက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်း ဟန်က ပြောသည်။
ထို့နောက် ဟာမီနီက ၎င်း၏ စိတ်ရင်းစေတနာမှန်ကန်သော နှုတ်ခွန်းဆက်စကားများနှင့် ဆုမွန်ကောင်း ပို့သမှုများကို သမ္မတရှီအား ထပ်ဆင့်ပြောကြားပေးရန် ဟန်အား မေတ္တာရပ်ခံခဲ့ကာ ဆေးရှဲလ်စ်-တရုတ် ဆက်ဆံရေးမှာ အကောင်းဆုံးအခြေအနေ၌ ရှိနေသည်ဟု မှတ်ချက်ပြုခဲ့သည်။
ဆေးရှဲလ်စ်နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အခိုင်အမာလက်ကိုင်ပြုကာ တရုတ်နိုင်ငံ သမ္မတ အဆိုပြုထားသော ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးများကို အထူးပင်ကြိုဆိုကြောင်း ဟာမီနီက ပြောသည်။
ဆေးရှဲလ်စ်နိုင်ငံက နယ်ပယ်အသီးသီးတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု နက်နက်ရှိုင်းရှိုင်းရှိစေရန်၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုအားကောင်းစွာ တိုးတက်မှုကို မြှင့်တင်ရန် အသင့်ရှိသည်ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့အတူ ဆေးရှဲလ်စ်နိုင်ငံ ဒုတိယသမ္မတ ပီလေးနှင့် တွေ့ဆုံရာတွင် ဟန်က နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးကြား အပြန်အလှန် ကူးလူးဆက်ဆံမှုမှာ နှစ်နိုင်ငံဆက်ဆံရေးကို လမ်းညွှန်ထိန်းမတ်ပေးရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
နှစ်နိုင်ငံအနေဖြင့် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု တစ်ဆင့်တိုး နက်ရှိုင်းစေရန် အစိုးရအချင်းချင်း၊ ဥပဒေပြုအဖွဲ့အချင်းချင်း၊ နိုင်ငံရေးပါတီအချင်းချင်း၊ ပြည်သူအချင်းချင်း၊ ဒေသန္တရ အဖွဲ့အစည်းအချင်းချင်း စသည့် အလွှာအသီးသီးတွင် ကူးလူးဖလှယ်မှုများ ခိုင်ခိုင်မာမာ လုပ်ဆောင်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဆေးရှဲလ်စ်နိုင်ငံအနေဖြင့် လွတ်လပ်၍ အမှီအခိုကင်းမှုကို ထိန်းသိမ်းရာတွင်လည်းကောင်း၊ နိုင်ငံ၏ အခြေအနေများနှင့် ကိုက်ညီသော ခေတ်မီအသွင်ပြောင်းရေး လမ်းကြောင်းအတိုင်း လျှောက်လှမ်းရာတွင်လည်းကောင်း တရုတ်နိုင်ငံက အားပေးထောက်ခံလျက်ရှိကြောင်း၊ နှစ်ဖက်အနေဖြင့် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို အမိအရအသုံးချနိုင်ရန်အတွက် မဟာဗျူဟာမြောက် ချိတ်ဆက်ဆောင်ရွက်မှု ခိုင်မာအားကောင်းအောင် လုပ်ဆောင်သင့်ကြောင်း ဟန်က ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260330/57a781c48ad84da78e8e4ab89546757b/c.html

တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့် ဆေးရှဲလ်စ်နိုင်ငံ ဗစ်တိုးရီးယားမြို့တွင် ဆေးရှဲလ်စ်နိုင်ငံ ဒုတိယသမ္မတ ဆီဘက်ရှန် ပီလေးနှင့် တွေ့ဆုံဆွေးနွေးနေပုံကို ၂၀၂၆ ခုနှစ် မတ် ၂၉ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့် ဆေးရှဲလ်စ်နိုင်ငံ ဗစ်တိုးရီးယားမြို့တွင် တရုတ်-ဆေးရှဲလ်စ် သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် ၅၀ ပြည့် အထိမ်းအမှတ် ကြိုဆိုဧည့်ခံပွဲ၌ အမှာစကားပြောကြားနေပုံကို ၂၀၂၆ ခုနှစ် မတ် ၂၉ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)
………………..
(English Version)
Chinese VP calls for deeper cooperation with Seychelles
VICTORIA, March 30 (Xinhua) — Chinese Vice President Han Zheng has called for deepening strategic partnership and expanding practical cooperation with Seychelles.
During his visit to the island nation from Saturday to Monday, Han met with President Patrick Herminie and Vice President Sebastien Pillay and attended a reception marking the 50th anniversary of China-Seychelles relations.
During talks with Herminie, Han conveyed cordial greetings and best wishes from Chinese President Xi Jinping.
As this year marks the 50th anniversary of bilateral ties, Han depicted the China-Seychelles relationship as a model of sincere friendship, equality, mutual assistance and win-win cooperation between countries of different sizes.
During the Beijing Summit of the Forum on China-Africa Cooperation (FOCAC) held in September 2024, the two countries elevated their ties to a strategic partnership.
Han said his visit aimed to follow through on the important consensus reached by the two heads of state and further deepen the strategic partnership, applauding Seychelles’ firm support on issues concerning China’s core interests.
As Xi has lately announced China’s decision to implement a zero-tariff policy on 53 African countries with diplomatic ties with China starting May 1 this year, China and Seychelles have already reached a consensus on the early harvest arrangement for the agreement on economic partnership for common development, Han said.
He called on both sides to work together to ensure that Seychelles continues to benefit from the zero-tariff policy.
China remains committed to true multilateralism and stands ready to work with Seychelles to uphold international fairness and justice, as well as the common interests of developing countries, Han said.
For his part, Herminie asked Han to convey his sincere greetings and best wishes to Xi, noting that Seychelles-China relations are in the best shape ever.
Seychelles firmly adheres to the one-China policy and highly appreciates the major global initiatives proposed by the Chinese president, Herminie said.
Seychelles is ready to deepen cooperation with China in various fields and promote greater development of bilateral ties, he added.
During his meeting with Pillay, Han said that exchanges between the two heads of state play a key guiding role in bilateral relations.
The two countries should strengthen exchanges at various levels, including governments, legislatures, political parties, people-to-people and subnational entities interactions, to further deepen political mutual trust, he said.
China supports Seychelles in maintaining its independence and pursuing a modernization path suited to its national conditions, Han said, adding that the two sides should strengthen strategic alignment to seize cooperation opportunities.
https://english.news.cn/20260330/57a781c48ad84da78e8e4ab89546757b/c.html
English Caption 1
Chinese Vice President Han Zheng meets with President of Seychelles Patrick Herminie in Victoria, Seychelles, March 29, 2026. (Xinhua/Liu Weibing)
English Caption 2
Chinese Vice President Han Zheng holds talks with Vice President of Seychelles Sebastien Pillay in Victoria, Seychelles, March 29, 2026. (Xinhua/Liu Bin)
English Caption 3
Chinese Vice President Han Zheng addresses a reception marking the 50th anniversary of China-Seychelles relations in Victoria, Seychelles, March 29, 2026. (Xinhua/Liu Bin)
