China
လတ်တလောရက်ပိုင်းတွင် ရေယာဉ်သုံးစင်း ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းမောင်းနှင်ခဲ့ကြောင်း တရုတ်နိုင်ငံ အတည်ပြု
ပေကျင်း၊ မတ် ၃၁ ရက် (ဆင်ဟွာ)
သက်ဆိုင်ရာဘက်အသီးသီး၏ ညှိနှိုင်းပံ့ပိုးဆောင်ရွက်ပေးမှုဖြင့် တရုတ်နိုင်ငံ ရေယာဉ်သုံးစင်း ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းမောင်းနှင်ခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က မတ် ၃၁ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဟော်မုဇ်ရေလက်ကြား ရေလက်ကြား၌ ရေကြောင်းသွားလာမှု ဘေးကင်းလုံခြုံရေးနှင့် ဖြတ်သန်းသွာလာခွင့်အတွက် အီရန်ဘက်မှ တစ်ဆင့်တိုး အာမခံပေးမှု ရရှိထားခြင်း ရှိ၊ မရှိနှင့်စပ်လျဉ်း၍ မီဒီယာ၏ မေးမြန်းမှုကို မော်နင်က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
မိမိတို့အနေဖြင့် သက်ဆိုင်ဘက်အသီးသီး၏ ကူညီပေးမှုကို ကျေးဇူးတင်ရှိကြောင်း၊ ဟော်မုဇ်ရေလက်ကြားနှင့် ၎င်းအနီးတစ်ဝိုက်ရေပြင်သည် ကုန်ပစ္စည်းနှင့် စွမ်းအင်ကုန်သွယ်ရေးအတွက် အရေးကြီးသော နိုင်ငံတကာရေကြောင်းလမ်းဖြစ်ကြောင်း မော်နင်က ပြောကြားခဲ့သည်။
ပင်လယ်ကွေ့ဒေသ၌ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု ပြန်လည်ဖော်ဆောင်ရန်အတွက် အမြန်ဆုံး အပစ်အခတ်ရပ်စဲရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း မော်နင်က ဆိုခဲ့သည်။ (Xinhua)
——————
(Chinese Version)
China confirms three vessels have navigated through Hormuz Strait in recent days
BEIJING, March 31 (Xinhua) — Three Chinese vessels have navigated through the Strait of Hormuz recently with the facilitation and coordination of relevant sides, Chinese foreign ministry spokesperson Mao Ning confirmed on Tuesday.
Mao made the remarks at a regular press briefing in response to a media query on whether China had received further assurances from Iran guaranteeing shipping safety and the passage status in the Strait of Hormuz.
“We thank the assistance of relevant parties,” Mao said, adding that the Strait of Hormuz and its adjacent waters serve as a crucial international shipping lane for commodity and energy trade.
China calls for an immediate ceasefire to restore peace and stability in the Gulf region, Mao said. Enditem
English Caption
Iranian soldiers patrol the Strait of Hormuz in southern Iran, April 30, 2019. (Xinhua/Ahmad Halabisaz)
