Connect with us

China

တရုတ်နိုင်ငံက တင်းမာမှုအရှိန်လျှော့ချရေးလုပ်ဆောင်ရန် အထူးသံတမန်ကို အ‌ရှေ့အလယ်ပိုင်းဒေသသို့ စေလွှတ်မည်

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခဖြစ်ပွားသူများအပါအဝင် သက်ဆိုင်ရာဘက်အသီးသီးနှင့် ဆွေးနွေးညှိနှိုင်းမှုများကိုထိန်းသိမ်းရန်၊ ကြားဝင်ဖျန်ဖြေမှုများအရှိန်မြှင့် ရန်နှင့် ဘုံသဘောတူညီမှုများ ရရှိရန် ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မတ် ၅ ရက် နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့က အီရန်အား စစ်ရေးတိုက်ခိုက်မှုများ လုပ်ဆောင်ပြီးနောက် ဒေသတွင်း တင်းမာမှုများ မြင့်တက်လာခြင်းနှင့်စပ်လျဉ်း၍ မေးမြန်းမှုများကို ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က အထက်ပါအတိုင်း မှတ်ချက်ပြုဖြေကြားခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံက အရှေ့အလယ်ပိုင်းအရေးဆိုင်ရာ တရုတ်အစိုးရ၏ အထူးသံတမန် ကျိုက်ကျွင်းအား တင်းမာမှုအခြေအနေ အရှိန်လျော့ကျရေးလုပ်ဆောင်ရန် မကြာမီကာလအတွင်း ယင်းဒေသသို့ စေလွှတ်မည်ဖြစ်ကြောင်း အထက်ပါ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။ (Xinhua)

……………………………………..
(English Version)
China to send Middle East special envoy to work for deescalation of tensions
BEIJING, March 5 (Xinhua) — China will continue working with all sides, including those involved in relevant conflicts in the Middle East, to maintain communication, step up mediation efforts and pool consensus, a foreign ministry spokesperson said on Thursday at a daily press briefing.
Spokesperson Mao Ning made the remarks in response to a related query about rising regional tensions following military strikes against Iran by the United States and Israel.
China will send Zhai Jun, special envoy of the Chinese government on the Middle East issue, to the region in the near future to work for the deescalation of the tense situation, the spokesperson said.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.