China
တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြင်သစ်ဝန်ကြီးချုပ်ဟောင်း လီယွန်နယ် ဂျိုစပင် ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့
ပေကျင်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း လီယွန်နယ် ဂျိုစပင် ကွယ်လွန်မှုအတွက် မတ် ၃၁ ရက်က ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည်။
ဂျိုစပင်မှာ တရုတ်-ပြင်သစ် ဆက်ဆံရေး တိုးတက်မှုအတွက် အပြုသဘော အကျိုးဆောင်ခဲ့သည့် အမြော်အမြင်ရှိသော ဝါရင့် ပြင်သစ်နိုင်ငံရေးခေါင်းဆောင်တစ်ဦး ဖြစ်သည်ဟု တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်န်-နိုအယ်လ် ဘားရော့ထံ ပေးပို့သည့် သဝဏ်လွှာ၌ ထည့်သွင်းရေးသားထားသည်။
ကမ္ဘာကြီးအတွက် တည်ငြိမ်မှုနှင့် သေချာရေရာမှုများ ပိုမိုဆောင်ကြဉ်းပေးနိုင်ရန်အတွက် တရုတ်-ပြင်သစ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး နက်နက်ရှိုင်းရှိုင်းရှိရေး ပြင်သစ်နိုင်ငံနှင့်အတူ လက်တွဲလုပ်ဆောင်ရန် တရုတ်နိုင်ငံအနေဖြင့် အသင့်ရှိကြောင်းလည်း ဝမ်က ပြောကြားခဲ့သည်။ (Xinhua)
……………….
(English Version)
Chinese FM extends condolences over death of former French PM Lionel Jospin
BEIJING, April 1 (Xinhua) — Chinese Foreign Minister Wang Yi on Tuesday extended condolences over the death of former French Prime Minister Lionel Jospin.
In his message to his French counterpart, Jean-Noel Barrot, Wang, also a member of the Political Bureau of the Communist Party of China Central Committee, said that Jospin was a senior French statesman who made positive contributions to the growth of China-France relations.
Wang voiced China’s readiness to work with France to deepen the China-France comprehensive strategic partnership so as to bring more stability and certainty to the world. Enditem
English Caption
French President Emmanuel Macron speaks during a national tribute ceremony to former French Prime Minister Lionel Jospin at the Invalides in Paris, France, on March 26, 2026. (Photo by Aurelien Morissard/Xinhua)
