Connect with us

China

တရုတ်နိုင်ငံက ချင်းမင်ပွဲတော်အားလပ်ရက်အတွင်း နယ်စပ်ဖြတ်ကျော်ခရီးသွားလာမှု မြင့်တက်လာရန် ပြင်ဆင်နေ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် Langzhong မြို့တွင် နွေဦးရာသီမြင်ကွင်းအား ကြည့်ရှုနေသည့် ခရီးသွားဧည့်သည်များကို ၂၀၂၅ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ဆိပ်ကမ်းများတွင် ဧပြီ ၄ ရက်မှ ၆ ရက်အထိ ချင်းမင်ပွဲတော်အားလပ်ရက်အတွင်း နယ်စပ်ဖြတ်ကျော်ခရီးသွားလာမှုများ မြင့်တက်လာပြီး နေ့စဉ်ဖြတ်သန်းမှုအရေအတွက်အားဖြင့် ၂.၃ သန်းအထိ ရှိလာကာ ယခင်နှစ်ကထက် ၁၁.၁ ရာခိုင်နှုန်း မြင့်တက်လာမည်ဟု ခန့်မှန်းထားကြောင်း လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များက ပြောကြားခဲ့သည်။
အဆိုပါအားလပ်ရက်အတွင်း ရှန်ဟိုင်း၊ ကွမ်ကျိုး၊ ပေကျင်း၊ ချိန်တူးနှင့် ဆန်းကျန့်မြို့တို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးများ၌ ခရီးသည်အသွားအလာများ မြင့်တက်လာဖွယ်ရှိပြီး အလုပ်အများဆုံးလေဆိပ်ဖြစ်သည့် ရှန်ဟိုင်းဖူတုန်းအပြည်ပြည်ဆိုင်ရာလေဆိပ်က တစ်ရက်လျှင် ပျမ်းမျှအားဖြင့် ပြည်တွင်းပြည်ပခရီးစဉ် ၉၅,၀၀၀ ခန့်ကို ကိုင်တွယ်ဆောင်ရွက်နိုင်မည်ဟု ခန့်မှန်းထားသည်ဟု အမျိုးသားလူဝင်မှုကြီးကြပ်ရေးဌာနက ဧပြီ ၁ ရက်၌ ပြောကြားခဲ့ကြောင်း သိရသည်။
ချင်းမင်ပွဲတော် သို့မဟုတ် တရုတ်သင်္ချိုင်းကန်တော့ပွဲ (Tomb-Sweeping Day) သည် ယခုနှစ် ဧပြီ ၄ ရက်တွင် ကျရောက်ခြင်းဖြစ်သည်။ ယင်းမှာ ပြည်သူများက ကွယ်လွန်သွားသူများကို ဂါရဝပြုခြင်းနှင့် ၎င်းတို့၏ ဘိုးဘွားများအား ရှိခိုးကန်တော့ကြသော တရုတ်ရိုးရာပွဲတော် တစ်ခုဖြစ်သည်။ ယင်းကာလအားလပ်ရက်တွင် တရုတ်နိုင်ငံသားများအနေဖြင့် နေအိမ်ပြင်ပအစီအစဉ်များနှင့် ရှုခင်းကြည့်ခရီးသွားအစီအစဉ်များကို လုပ်ဆောင်ခြင်းဖြင့် ခေတ္တအနားယူကြချိန်လည်းဖြစ်သည်။ (Xinhua)
………………
(English Version)
China braces for cross-border travel surge during Qingming holiday
BEIJING, April 1 (Xinhua) — Cross-border travel at China’s ports is expected to surge during the Qingming Festival holiday from April 4 to 6, with daily crossings projected to top 2.3 million, up 11.1 percent from a year earlier, according to immigration authorities.
The National Immigration Administration said on Wednesday that passenger traffic at major international airports in Shanghai, Guangzhou, Beijing, Chengdu and Shenzhen is expected to edge up during the holiday, with Shanghai Pudong International Airport, the busiest, projected to handle an average of about 95,000 inbound and outbound trips a day.
Qingming Festival, or Tomb-Sweeping Day, falls on April 4 this year. It is a traditional Chinese festival for people to pay tribute to the dead and worship their ancestors. The holiday also provides a short break for Chinese citizens as they engage in outdoor activities and sightseeing. ■
English Caption
In this drone photo, tourists enjoy the spring view in Langzhong City, southwest China’s Sichuan Province, April 6, 2025. (Photo by Wang Yugui/Xinhua)