China
(တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ) အဆင့်မြင့်ဖိုရမ်က နည်းပညာနှင့် စက်မှုကဏ္ဍ ဆန်းသစ်တီထွင်မှုအတွက် တရုတ်နိုင်ငံ၏ တွန်းအားပေးဆောင်ရွက်နေမှုကို မီးမောင်းထိုးဖော်ပြ
ပေကျင်း၊ ဧပြီ ၃ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် ကျုံးကွမ်းချွမ်းဖိုရမ် (ZGC Forum) နှစ်ပတ်လည် ဆွေးနွေးပွဲက တရုတ်နိုင်ငံ၏ ဆန်းသစ်တီထွင်မှုအတွက် တွန်းအားပေးလုပ်ဆောင်နေမှုအပေါ် တစ်ကမ္ဘာလုံး၏ အာရုံစိုက်မှုကို တစ်ဖန်ဆွဲဆောင်နိုင်ခဲ့ကာ ယခုနှစ်တွင် နည်းပညာနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ဆန်းသစ်တီထွင်မှုတို့ကို ပိုမိုနီးနီးကပ်ကပ် ပေါင်းစပ်ချိန်ညှိရန် အဓိကအာရုံစိုက်လျက်ရှိသည်။
ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလောထုတ်လွှင့်ခဲ့သည့် အပိုင်းတွင် အဆိုပါ အရေးကြီးအကြောင်းအရာနှင့် စပ်လျဉ်း၍ အကျယ်တဝင့် သုံးသပ်ဆွေးနွေးခဲ့သည်။ အစိုးရ၊ စက်မှုလုပ်ငန်းနှင့် ပညာရှင်အသိုင်းအဝိုင်းမှ ဧည့်သည်တော်များက ထိုကဲ့သို့ ချိန်ညှိဆောင်ရွက်မှုမှာ လာမည့်နှစ်များအတွင်း ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံအား မည်ကဲ့သို့ အရှိန်အဟုန်သစ်များ ဖြည့်တင်းပေးနိုင်သည်ကို လေ့လာဆန်းစစ်ခဲ့ကြသည်။
ပေါင်းစပ်ချိန်ညှိမှုကို အလေးထားလုပ်ဆောင်
တရုတ်နိုင်ငံက လတ်တလော ထုတ်ပြန်ကြေညာခဲ့သည့် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၆-၂၀၃၀) မှာ နည်းပညာနှင့် စက်မှုလုပ်ငန်း ဆန်းသစ်တီထွင်မှု ပေါင်းစပ်ချိန်ညှိခြင်းကို အရေးကြီးလုပ်ငန်းစဉ်အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ အဆိုပါ အနာဂတ်စီမံချက်ကို ထုတ်ပြန်ခဲ့ပြီးနောက် ZGC ဖိုရမ်သည် ထိုဦးတည်ချက်ပန်းတိုင်ဆီသို့ လျှောက်လှမ်းရေးအတွက် တစ်ကမ္ဘာလုံးမှ အသိပညာများကို စုစည်းရာတွင် အဓိကပလက်ဖောင်းတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်။
“အဲဒီဖိုရမ်မှာ ကမ္ဘာတစ်ဝန်းက စက်မှုလုပ်ငန်း ဦးဆောင်သူတွေဟာ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ထွန်းသစ်စ စက်မှုလုပ်ငန်း နယ်ပယ်သစ်တွေနဲ့ပတ်သက်ပြီး သူတို့ရဲ့အမြင်ကို မျှဝေခဲ့ကြတယ်” ဟု ပေကျင်းမြူနီစီပယ် သိပ္ပံနှင့်နည်းပညာ ကော်မရှင်နှင့် ကျုံးကွမ်းချွမ်း သိပ္ပံဥယျာဉ် စီမံခန့်ခွဲရေးကော်မတီ ဒုတိယညွှန်ကြားရေးမှူး ကျိုင်ထျန်းရွှေ့က စီးပွားရေးစကားဝိုင်း ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။ ZGC ဖိုရမ်သည် လက်တွေ့ကျသော ဖြေရှင်းနည်းများကို ရှာဖွေဖော်ထုတ်ရန် သုတေသနပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် မူဝါဒရေးဆွဲချမှတ်သူများကို အတူတကွစုစည်းခြင်းဖြင့် ပေါင်းစည်းခြင်း စိတ်ဓာတ်ကို ထင်ဟပ်စေသည်ဟု ကျိုင်က ပြောသည်။
အဆိုပါဖိုရမ်၌ ခင်းကျင်းပြသမှုများက သိသာထင်ရှားသော တိုးတက်မှုများကို ကုန်ထုတ်စွမ်းအားအဖြစ် မည်သို့ အကောင်အထည်ဖော်လျက်ရှိသည်ကို ပိုမိုရှင်းလင်းပီပြင်စွာ သိမြင်နားလည်စေခဲ့သည်။ သရီးဒီ မော်နီတာများမှသည် သိမြင်နားလည်နိုင်စွမ်း ပိုမိုကောင်းမွန်လာသည့် စက်ရုပ်များအထိ ထွန်းသစ်စ နည်းပညာအမျိုးမျိုးကို ထုတ်ဖော်ပြသခဲ့ရာ သုတေသနလုပ်ဆောင်ခြင်းမှသည် စီးပွားဖြစ်အသုံးချခြင်းအထိ လမ်းကြောင်းဖော်ဆောင်မှုများကို ထင်ထင်ရှားရှားပြသခဲ့သည်။
JD.com ၏ စားသုံးမှုနှင့် စက်မှုဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သုတေသနအင်စတီကျု အကြီးအကဲ လျိုဟွေးကလည်း နည်းပညာများကို လက်တွေ့အသုံးချမှုဆိုင်ရာ လိုအပ်ချက်များနှင့် ချိန်ညှိရေးမှာ အဓိကသော့ချက်ဖြစ်သည်ဟု ဆိုသည်။ စက်မှုလုပ်ငန်းများ၏ စရိတ်စကများ လျှော့ချနိုင်အောင် အထောက်အကူပေးရန်၊ စွမ်းဆောင်မှု မြှင့်တင်ရန်နှင့် အနာဂတ် စက်မှုလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အားဖြည့်ပံ့ပိုးပေးရန်အတွက် ဆန်းသစ်တီထွင်မှုကို လက်တွေ့လောကမှ ဖြစ်နိုင်ခြေများနှင့် ပိုမိုကောင်းမွန်စွာ ပေါင်းစပ်ချိန်ညှိရေး ကြိုးပမ်းမှုများကို အာရုံစိုက်လုပ်ဆောင်သင့်ကြောင်း လျိုက ပြောသည်။
ထို့ပြင် ဧည့်သည်အဖြစ် ပါဝင်ဆွေးနွေးသူများက ဉာဏ်ရည်တု၊ ကွမ်တမ်နည်းပညာ သတင်းအချက်အလက်နှင့် ဇီဝကုန်ကြမ်းထုတ်လုပ်မှု စသည့် နယ်ပယ်သစ်များတွင် အရှိန်အဟုန်အားကောင်းမှုအပေါ် ချီးကျူးခဲ့ကာ အဆိုပါ နယ်ပယ်သစ်များသည် အရည်အသွေးမြင့် ကုန်ထုတ်စွမ်းအားသစ်များကို အားပေးမြှင့်တင်ရာတွင် အရေးပါသော မောင်းနှင်အားများဖြစ်သည်ဟု အလေးပေးပြောဆိုခဲ့သည်။
တရုတ်နိုင်ငံ သတင်းအချက်အလက်နှင့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးစင်တာမှ ဒုတိယညွှန်ကြားရေးမှူး ကျန်းရှောင်ယန့်ကလည်း သိပ္ပံနှင့်နည်းပညာ အလုံးစုံဆန်းသစ်ပြောင်းလဲမှု လှိုင်းသစ်မှာ ကမ္ဘာနှင့်အဝှမ်း အရှိန်အဟုန်မြန်ဆန်လျက်ရှိရာ ဆန်းသစ်တီထွင်မှုကို စက်မှုလုပ်ငန်း၌ လက်တွေ့အသုံးချမှုအဖြစ် အသွင်ပြောင်းလဲမှုသည်လည်း အရှိန်အဟုန် ပိုမိုမြန်ဆန်လာသည်ဟု ပြောကြားခဲ့သည်။ ထိုအခြေအနေအား နောက်ခံပြုလျက် တရုတ်နိုင်ငံသည် နယ်ပယ်အချို့တွင် စောစီးစွာ အသာစီးယူနိုင်ခဲ့ပြီး အနာဂတ် အခွင့်အလမ်းများအား အမိအရဖမ်းဆုပ်နိုင်မည့် အခြေအနေကောင်းများကို ဖန်တီးပေးလျက်ရှိသည်ဟု ကျန်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260402/7047028172084a05859295609452e54d/c.html

ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ အပိုင်း ၂၉ အား ရိုက်ကူးသည့်နေရာ၌ ပေကျင်းမြူနီစီပယ် သိပ္ပံနှင့်နည်းပညာ ကော်မရှင်နှင့် ကျုံးကွမ်းချွမ်း သိပ္ပံဥယျာဉ် စီမံခန့်ခွဲရေးကော်မတီ ဒုတိယညွှန်ကြားရေးမှူး ကျိုင်ထျန်းရွှေ့ ဆွေးနွေးပြောကြားနေစဉ် (ဆင်ဟွာ)

ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ အပိုင်း ၂၉ အား ရိုက်ကူးသည့်နေရာ၌ တရုတ်နိုင်ငံ သတင်းအချက်အလက်နှင့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးစင်တာမှ ဒုတိယညွှန်ကြားရေးမှူး ကျန်းရှောက်ယန် ဆွေးနွေးပြောကြားနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ကျုံးကွမ်းချွမ်း ပြပွဲစင်တာတွင် ပုံမှန်ပြသနေကျ ပြပွဲ၌ စက်ရုပ်တစ်ရုပ်က အပ်ပေါက်ထိုးနေပုံကို ၂၀၂၆ ခုနှစ် မတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………
(English Version)
(China Economic Roundtable) High-level forum highlights China’s push for tech, industrial innovation
BEIJING, April 2 (Xinhua) — The 2026 Zhongguancun Forum (ZGC Forum) Annual Conference has once again drawn global attention to China’s innovation drive, with a focus this year on closer integration between technological and industrial innovation.
The latest episode of the China Economic Roundtable, an all-media talk show hosted by Xinhua News Agency, delved into this key theme. Guests from government, industry and academia examined how this alignment could inject fresh momentum into the world’s second-largest economy in the coming years.
INTEGRATION TAKES CENTER STAGE
China’s newly released outline of the 15th Five-Year Plan (2026-2030) places the integration of technological and industrial innovation high on the agenda. Since the blueprint’s release, the ZGC Forum has emerged as one of the key platforms for gathering global insights on advancing this goal.
“At the forum, industry leaders from around the world shared their views on cutting-edge technologies and emerging industrial frontiers,” said Zhai Tianrui, deputy director of Beijing Municipal Science and Technology Commission and the Administrative Commission of Zhongguancun Science Park, at the roundtable. Zhai said the ZGC Forum itself reflected the spirit of integration by bringing together researchers, entrepreneurs and policymakers to explore practical solutions.
Exhibits at the forum offered a closer look at how breakthroughs can be translated into productivity. A range of emerging technologies — from 3D monitors to robots with improved sensing abilities — were showcased, demonstrating pathways from research to commercial applications.
For Liu Hui, head of the Consumption and Industry Development Research Institute of JD.com, the key is to match technologies with application needs. Liu said efforts should focus on better aligning innovation with real-world scenarios to help industries reduce costs, improve efficiency and support the development of future industries.
Guests also cited momentum in frontier fields such as artificial intelligence, quantum information and biomanufacturing, highlighting them as important drivers for fostering new quality productive forces.
Zhang Xiaoyan, deputy director of China Center for Information Industry Development, said that as a new wave of scientific and technological revolution and industrial transformation gains speed around the world, the pace of turning innovation into industrial applications is also accelerating. Against this backdrop, Zhang added, China has secured early advantages in some fields, creating favorable conditions to seize future opportunities.
https://english.news.cn/20260402/7047028172084a05859295609452e54d/c.html
English Caption 1
Guests attend the 29th episode of the China Economic Roundtable, an all-media talk show hosted by Xinhua News Agency. (Xinhua/Yin Gang)
English Caption 2
Zhai Tianrui, deputy director of Beijing Municipal Science and Technology Commission and the Administrative Commission of Zhongguancun Science Park, speaks at the recording site of the 29th episode of the China Economic Roundtable, an all-media talk show hosted by Xinhua News Agency. (Xinhua/Yin Gang)
English Caption 3
Zhang Xiaoyan, deputy director of China Center for Information Industry Development, speaks at the recording site of the 29th episode of the China Economic Roundtable, an all-media talk show hosted by Xinhua News Agency. (Xinhua/Yin Gang)
English Caption 4
A robot shows its function of needle threading at the permanent exhibition at the Zhongguancun Exhibition Center in Beijing, capital of China, March 25, 2026. (Xinhua/Ju Huanzong)
