Connect with us

China

အမေရိကန်က သဘောတူညီချက် ရရှိရန် အီရန်အတွက် နောက်ဆုံးရက် သတ်မှတ်ပြီးနောက် အီရန်ပဋိပက္ခအခြေအနေကို လျှော့ချရန် ဘက်အသီးသီးအား တရုတ်နိုင်ငံ တိုက်တွန်း

အီရန်နိုင်ငံ ခါရက်ဂျ်မြို့တွင် အမေရိကန်-အစ္စရေး တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ထိခိုက်ပျက်စီးသွားသည့် B1 တံတားကို ၂၀၂၆ ခုနှစ် ဧပြီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

ရှည်လျားသော စစ်ပွဲနှင့် တိုးပွားလာသော ပဋိပက္ခများက မည်သူတစ်ဦးတစ်ယောက်အတွက်မျှ အကျိုးမရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၇ ရက်၌ ပြောကြားခဲ့ပြီး အီရန်ပဋိပက္ခအခြေအနေကို လျှော့ချရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မြှင့်တင်ရာတွင် ဘက်အသီးသီးက အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
အီရန်ကို တစ်ညတည်းဖြင့် “ရှင်းလင်းသုတ်သင်” နိုင်ကြောင်း၊ ထိုညမှာ အီရန်အတွက် သဘောတူညီချက်တစ်ရပ် ချုပ်ဆို၍ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် ထရမ့် သတ်မှတ်ထားသော နောက်ဆုံးရက်ဖြစ်သည့် ဧပြီ ၇ ရက် ညနေပိုင်း “ဖြစ်နိုင်” ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၆ ရက်၌ ပြောကြားခဲ့ခြင်းနှင့် ပတ်သက်၍ မေးမြန်းချက်အား ပြန်လည်ဖြေကြားရာ၌ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)

…………………
(English Version)
China urges parties to ease Iran situation after U.S. sets deadline for Iran to make a deal
BEIJING, April 7 (Xinhua) — The prolonged war and escalating conflict do not serve anyone’s interest, a Chinese foreign ministry spokesperson said on Tuesday, calling on all parties to play a constructive role in easing the Iran situation and promoting peace talks.
Spokesperson Mao Ning made the remarks at a regular press conference when responding to a question on U.S. President Donald Trump saying on Monday that Iran could be “taken out” in one night and that night “might” be Tuesday evening, the deadline Trump set for Iran to make a deal and reopen the Strait of Hormuz. ■
English Caption
This photo taken on April 3, 2026 shows the damaged B1 bridge after U.S.-Israeli attacks in Karaj, Iran. (Xinhua)