Connect with us

China

ရှန်ဟိုင်းမြို့သို့ ကျိန့် ရောက်ရှိ၊ တရုတ်ပြည်မကြီးသို့ ကူမင်တန်ကိုယ်စားလှယ်အဖွဲ့ ခရီးစဉ် စတင်

တရုတ်ကူမင်တန်ပါတီ (KMT) ဥက္ကဋ္ဌ ကျိန့်လိဝန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ရှန်ဟိုင်း ဟုန်ချောင် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂၀၂၆ ခုနှစ် ဧပြီ ၇ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

တရုတ်ကူမင်တန်ပါတီ (KMT) ဥက္ကဋ္ဌ ကျိန့်လိဝန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်မကြီးခရီးစဉ်အဖြစ် ဧပြီ ၇ ရက် မွန်းတည့်ချိန်က ရှန်ဟိုင်းမြို့သို့ ရောက်ရှိလာခဲ့ပြီး ယင်းခရီးစဉ်မှာ ဧပြီ ၁၂ ရက်အထိ ကြာမြင့်မည်ဖြစ်သည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် ကျန်းဆူးပြည်နယ်၊ ရှန်ဟိုင်းမြို့နှင့် ပေကျင်းမြို့သို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားပြီး ဆယ်စုနှစ်တစ်ခုအတွင်း တရုတ်ကူမင်တန်ပါတီ ဥက္ကဋ္ဌအနေဖြင့် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လျက် တရုတ်ပြည်မကြီးသို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်သည်။

အဆိုပါ ခရီးစဉ်သည် အခြေအနေအသစ်များအောက်တွင် တရုတ်ကူမင်တန်ပါတီနှင့် တရုတ်ကွန်မြူနစ်ပါတီအကြား ကူးလူးဆက်ဆံမှုနှင့် ဆွေးနွေးမှု၏ အရေးပါသောကဏ္ဍလည်း ဖြစ်သည်။
ပါတီနှစ်ရပ်အကြား ကူးလူးဖလှယ်မှုများနှင့် ဆွေးနွေးမှု ခိုင်မာအားကောင်းခြင်းသည် ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရာတွင်လည်းကောင်း၊ ရေလက်ကြားနှစ်ဖက်ဒေသ ဆက်ဆံရေး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း မြှင့်တင်ရာတွင်လည်းကောင်း အရေးပါ၍ အပြုသဘောဆောင်သော သက်ရောက်မှုရှိကြောင်း နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။ (Xinhua)

တရုတ်ကူမင်တန်ပါတီ (KMT) ဥက္ကဋ္ဌ ကျိန့်လိဝန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ရှန်ဟိုင်း ဟုန်ချောင် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂၀၂၆ ခုနှစ် ဧပြီ ၇ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
Cheng arrives in Shanghai, kicking off KMT delegation’s mainland visit
SHANGHAI, April 7 (Xinhua) — A delegation of the Chinese Kuomintang (KMT) party, led by its chairwoman Cheng Li-wun, arrived in Shanghai at noon on Tuesday for a mainland visit that will run through Sunday.
The delegation is scheduled to visit Jiangsu Province, Shanghai and Beijing, marking the first time in a decade that a KMT chairperson has led a delegation to the Chinese mainland.
The visit is regarded as an important part of the exchanges and dialogue between the KMT and the Communist Party of China under the new circumstances.
Strengthening exchanges and dialogue between the two parties, according to a spokesperson for the State Council Taiwan Affairs Office, will have a significant and positive impact on maintaining peace and stability in the Taiwan Strait and promoting the peaceful development of cross-Strait relations.
Photo 1, 2: A delegation of the Chinese Kuomintang (KMT) party, led by its chairwoman Cheng Li-wun for a mainland visit, arrives at Shanghai Hongqiao International Airport, in Shanghai, east China, April 7, 2026. (Xinhua/Xing Guangli)