Connect with us

China

တရုတ်နိုင်ငံက ချင်းမင်ပွဲတော် အားလပ်ရက်အတွင်း ဒေသတွင်းသွားခရီးစဉ် ၅.၆ ရာခိုင်နှုန်း မြင့်တက်မှု စံချိန်တင်

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့ရှိ ဟားအယ်ပင်းရထားဘူတာရုံ ပလက်ဖောင်းတွင် ခရီးသည်များကို ၂၀၂၆ ခုနှစ် ဧပြီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ဧပြီ ၄ ရက်မှ ၆ ရက်အထိ သုံးရက်ကြာမြင့်သည့် ချင်းမင်ပွဲတော် အားလပ်ရက်အတွင်း ဒေသတွင်းခရီးသွားလာမှုမှာ တစ်နှစ်ထက်တစ်နှစ် သိသိသာသာ မြင့်တက်လာသည်ကို တွေ့ရှိရကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ဧပြီ ၇ ရက်၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံတစ်ဝန်း စုစုပေါင်း ဒေသတွင်းသွားခရီးသည်ခရီးစဉ်အရေအတွက်မှာ ၈၄၂.၇ သန်း ရှိခဲ့ရာ ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ခရီးစဉ် ၂၈၀.၉ သန်းရှိကြောင်း၊ ယင်းမှာ ၂၀၂၅ ခုနှစ် အလားတူအားလပ်ရက်ကာလနှင့် နှိုင်းယှဉ်ပါက ၅.၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
ကားဖြင့်သွားရောက်သည့်ခရီးစဉ်မှာ သယ်ယူပို့ဆောင်ရေးတွင် အဓိကစနစ်အဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကာ ခရီးစဉ်အနေဖြင့် ၇၇၅.၅၄ သန်းရှိခဲ့ပြီး ယမန်နှစ် အလားတူအားလပ်ရက်ကထက် ၅.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ရထားစီးခရီးသည်ခရီးစဉ်များ အနေဖြင့်မူ ၅၇.၇၉ သန်းဖြင့် ၈.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သလို ရေလမ်းကြောင်းဖြင့် သွားလာသည့် ခရီးသည်ခရီးစဉ်မှာ ၃.၆၈ သန်းရှိခဲ့ပြီး ၈.၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။ မြို့ပြလေကြောင်းဖြင့် ခရီးသွားကြသူအရေအတွက်မှာ ၅.၆၉ သန်းခန့် ရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၁.၆ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။

သင်္ချိုင်းကန်တော့ပွဲနေ့လည်း ဖြစ်သော ချင်းမင်ပွဲတော်သည် ယခုနှစ်တွင် ဧပြီ ၅ ရက်၌ ကျရောက်သည်။ ယင်းပွဲတော်မှာ ကွယ်လွန်သွားပြီဖြစ်သော ဘိုးဘေးများကို အလေးအမြတ်ထား ကန်တော့ကြသည့် တရုတ်ရိုးရာပွဲတော်တစ်ခုလည်း ဖြစ်သည်။ အဆိုပါ အားလပ်ရက်အတွင်း ပြည်သူများက ရာသီအလျောက် စိမ်းလန်းစိုပြည်သော သစ်ပင်များနှင့် ဖူးပွင့်သောပန်းများကို ကြည့်ရှုခံစားရင်း စိတ်လက်အပန်းဖြေရန် ခေတ္တအနားယူကြလေ့ရှိသည်။
ထို့ပြင် ချင်းမင်ပွဲတော်ကာလနှင့် နိုင်ငံတစ်ဝန်း ဒေသများစွာရှိ မူလတန်းနှင့် အလယ်တန်း ကျောင်းသား/ကျောင်းသူများ၏ နွေဦးရာသီအားလပ်ရက်တို့ ထပ်တူကျခြင်းကြောင့် မိသားစုအလိုက်ခရီးစဉ်များ၊ မိဘ-သားသမီး အတူသွားရောက်ကြသည့် ခရီးစဉ်များဖြင့် အားလပ်ရက်ခရီးသွားလာမှု မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………………………….
(English Version)
China records 5.6 pct rise in inter-regional trips during Qingming Festival holiday
BEIJING, April 7 (Xinhua) — China saw a notable year-on-year rise in inter-regional travel during the three-day Qingming Festival holiday from April 4 to 6, the Ministry of Transport said Tuesday.
A total of 842.7 million inter-regional passenger trips were made across the country, averaging 280.9 million per day, a 5.6 percent increase compared with the same holiday period in 2025.
Road travel remained the dominant mode of transportation, with 775.54 million trips, up 5.4 percent year on year. Railway passenger trips surged 8.4 percent to 57.79 million, while waterway passenger trips rose 8.4 percent to 3.68 million. Civil aviation carried approximately 5.69 million trips, up 1.6 percent.
Qingming Festival, or Tomb-Sweeping Day, falls on April 5 this year. It is a traditional Chinese festival for people to pay tribute to the dead and worship their ancestors. The holiday also provides a short break for people looking to enjoy the season’s fresh greenery and blossoms.
The holiday travel boom was driven by the overlap of the Qingming Festival and spring breaks for primary and secondary school students in many regions, which boosted family trips and parent-child tours.
Photo: Passengers are seen at a platform of Harbin Railway Station in Harbin, northeast China’s Heilongjiang Province, April 3, 2026. (Photo by Yuan Yong/Xinhua)