Connect with us

China

ဗီယက်နမ်နိုင်ငံ ထိပ်တန်းခေါင်းဆောင် တိုလမ်က ဧပြီ ၁၄ ရက်မှ ၁၇ ရက်အထိ တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်မည်

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက်သည့် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ ဗီယက်နမ်နိုင်ငံ သမ္မတ တိုလမ် ပေကျင်းမြို့တွင် လက်ဖက်ရည်သောက်ရင်း စကားစမြည်ဆွေးနွေးပြောဆိုနေသည်ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗီယက်နမ်နိုင်ငံ သမ္မတ တိုလမ်က ဧပြီ ၁၄ ရက်မှ ၁၇ ရက်အထိ တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်မည်ဖြစ်ကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံတကာ‌ရေးရာဌာန ပြောရေးဆိုခွင့်ရှိသူ ဟူကျောက်မင်က ဧပြီ ၉ ရက်၌ အထက်ပါအတိုင်း ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

……………………………………..
(English Version)
Vietnam’s top leader To Lam to visit China from April 14 to 17
BEIJING, April 9 (Xinhua) — At the invitation of General Secretary of the Communist Party of China (CPC) Central Committee and Chinese President Xi Jinping, General Secretary of the Communist Party of Vietnam Central Committee and Vietnamese President To Lam will pay a state visit to China from April 14 to 17.
The announcement was made by Hu Zhaoming, spokesperson for the International Department of the CPC Central Committee, here on Thursday.
Photo: Xi Jinping, general secretary of the Communist Party of China Central Committee and Chinese president, and To Lam, general secretary of the Communist Party of Vietnam Central Committee and Vietnamese president, who is on a state visit to China, have a small chat over tea in Beijing, capital of China, Aug. 19, 2024. (Xinhua/Xie Huanchi)