ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) ပထမအကြိမ် တရုတ်-အလယ်အာရှ နိုင်ငံရေးပါတီများဆွေးနွေးပွဲကို ပေကျင်းမြို့တွင် ဇွန် ၁၂ ရက်က ကျင်းပခဲ့ပြီး အလယ်အာရှဒေသမှ အဓိကနိုင်ငံရေးပါတီများမှ ခေါင်းဆောင် ၂၆ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
လန်ကျိုး၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစု ပြည်နယ်ရှိ ယဉ်ကျေးမှု အမွေအနှစ်နေရာ ၇၂ ခု တွင် ရှားပါးပြီး အဖိုးတန် ကျောက်တုံးပန်းချီများ အတွက် ဒစ်ဂျစ်တယ် ရုပ်ပုံ ဒေတာဘေ့စ်ကို ထူထောင်ထားကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်ရောက်ရှိလာသော ဟွန်ဒူးရပ်စ်နိုင်ငံ သမ္မတ Xiomara Castroနှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ဇွန် ၁၂ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။
ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) အီရန်နိုင်ငံနှင့် ဆက်စပ်သည်ဟူသော အကြောင်းပြချက်ဖြင့် တရုတ်ကုမ္ပဏီအချို့နှင့် လူပုဂ္ဂိုလ်အချို့အပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုကို တရုတ်နိုင်ငံက ကန့်ကွက်ကြောင်း တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇွန် ၁၂ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) မကြာသေးမီ ကာလက ရှီကျင့်ဖိန်၏ တရုတ်နိုင်ငံရေးရာ စီမံခန့်ခွဲမှု စာအုပ် (အတွဲ ၄) ကို ပြင်သစ်၊ ရုရှား၊ အာရဗီ၊ စပိန်၊ ပေါ်တူကီ၊ ဂျာမနီ၊ ဂျပန်နှင့် တရုတ်(ရိုးရာစာလုံး)စသည့် ဘာသာစကားများဖြင့် ပုံနှိပ်ထုတ်ဝေ၍ ပြည်တွင်းပြည်ပသို့ ဖြန့်ချိခဲ့သည်။
ပေကျင်း၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ယခုနှစ် ပထမ ၄ လတာ ကာလတွင် တရုတ်နိုင်ငံ၏ လယ်ယာထွက်ကုန်ပစ္စည်း နိုင်ငံခြားကုန်သွယ်ရေးပမာဏသည် တိုးတက်လျက်ရှိရာ ၎င်း၏စုစုပေါင်းပမာဏသည် ယခင်နှစ်ကာလတူထက် ၉.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၁၁.၇၁ ဘီလီယံအထိ ရှိကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။
ရီယက်ဒ်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) တရုတ်-အာရပ် ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ၁၀ ကြိမ်မြောက် လုပ်ငန်းရှင်များ ညှိနှိုင်းဆွေးနွေးပွဲနှင့် ၈ ကြိမ်မြောက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲကို ဇွန် ၁၁ ရက်က ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယက်ဒ်တွင် ကျင်းပခဲ့ရာ နိုင်ငံပေါင်း ၂၀ ကျော်မှ ကိုယ်စားလှယ်ပေါင်း...
အော့တဝါ၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ၌ ဇွန် ၉ ရက်က တောမီးလောင်ကျွမ်းမှုအသစ် ၁၀ ခုဖြစ်ပွား ၂၀၂၃ ခုနှစ် တွင် နိုင်ငံတွင်း တောမီးလောင်ကျွမ်းမှု စုစုပေါင်း ၂,၄၀၅ ခုရှိခဲ့ကြောင်း Canadian Interagency Forest Fire Centre ၏...
ဟဲဖေ၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) ၂၀၂၃ RCEP ဒေသခံအစိုးရနှင့် ချစ်ကြည်ရေးမြို့များအကြား ပူးပေါင်းဆောင်ရွက်ဆိုင်ရာ (ဟွမ်ဆန်း) ဖိုရမ်ကို တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဟွမ်ဆန်းမြို့တွင် ဇွန် ၉ ရက်က ဖွင့်လှစ်ခဲ့ရာ ပြည်တွင်းပြည်ပ ဧည့်သည်တော် ၅၀၀ ခန့် တက်ရောက်ခဲ့ကြပြီး ဒေသတွင်း ကုန်သွယ်ရေး...
ပေကျင်း၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ စွမ်းအင်သစ်သုံးမော်တော်ယာဉ် (NEV) ရောင်းအားသည် မေလတွင် ကားအစီးရေ ၇၁၇,၀၀၀ ရောင်းချခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၆၀.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း တရုတ်မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ဇွန် ၉ ရက်၌ ဖော်ပြသောအချက်အလက်များအရ သိရသည်။