ပေကျင်း ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ခေတ်မီဆိုရှယ်လစ်နိုင်ငံတစ်နိုင်ငံအဖြစ် ကိုယ်တိုင် အပြည့်အဝတည်ဆောက်နိုင်ရေး ခရီးသစ်တစ်ခုအား စတင်ခဲ့ပြီ ဖြစ်ကြောင်း နှင့် ယင်းမှာ အာရှ-ပစိဖိတ်ဒေသအတွက် ကြီးမားသောအခွင့်အလမ်းများ ဖန်တီးပေးသွားမည်ကြောင်း ယနေ့ နိုဝင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၁၀ရက် (ဆင်ဟွာ) တရုတ်ကမ်းခြေစောင့်တပ် (CCG) နှင့် ပါကစ္စတန်ပင်လယ်ရေကြောင်းလုံခြုံရေးအေဂျင်စီတို့သည် ၎င်းတို့၏ ပထမဆုံးအဆင့်မြင့်အစည်းအဝေးကို ဗီဒီယိုလင့်ခ်မှတစ်ဆင့် ကျင်းပခဲ့ပြီး နှစ်ဖက်စလုံးက ပင်လယ်ရေကြောင်းဥပဒေစိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ကတိပြုခဲ့ကြကြောင်း သိရသည်။
ပေကျင်း၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန်၏ ဖိတ်ကြားချက်ဖြင့် ၂၈ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေး ခေါင်းဆောင်မှုများ၏ အစည်းအဝေးကို နိုဝင်ဘာ ၁၂ တွင် ပေကျင်းမြို့မှ...
ယူနန်၊ နိုဝင်ဘာ ၁၀ ရက် ဆင်ဟွာ တရုတ်နိုင်ငံ၊ယူနန်ပြည်နယ် တာ့ဆန်းပေါင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နယ်မြေ၏ စီမံခန့်ခွဲမှုနှင့် ကာကွယ်ရေးဗျူရို၏ နောက်ဆုံးစောင့်ကြည့်လေ့လာမှုအရ နိုဝင်ဘာလ ၅ ရက်နေ့မှစတင်၍ ယခုနှစ် ပထမအသုတ် လည်ပင်းနက်ကြိုးကြာငှက်များသည် ယင်းဧရိယာရှိ Dahaizi Wetland သို့ ပျံသန်းလာခဲ့ကြောင်း တွေ့ရှိရသည်။
ဖော်ဆန်း၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ဖော်ဆန်းမြို့ စွန့်တယ်ခရိုင် ရှီးဆန်းမူလတန်းကျောင်းနှင့် စွန့်တယ်ဖုန့် စားဖိုမှူး အသက်မွေးဝမ်းကျောင်း နည်းပညာစွမ်းရည် မွမ်းမံသင်တန်းကျောင်းတို့ ပူးပေါင်းပြီး မူလတန်းစာသင်ကျောင်းအတွင်း ”ရှီးဆန်း အစွမ်းထက် စားဖိုမှူး မွမ်းမံသင်တန်း စင်တာ”တစ်ခုကို ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့သည်။
ပေကျင်း ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် Chang’e-5 မစ်ရှင်က ပြန်လည်ယူဆောင်လာသည့် တတိယအသုတ် လနမူနာများ၏ အချက်အလက်များကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ်များသည် စစ်လေယာဉ်တစ်စင်းဖြင့် ထိုင်ဝမ်သို့ သွားရောက်လည်ပတ်ခဲ့ခြင်းကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်ကြောင်း နှင့် ပြစ်တင်ရှုတ်ချကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။
နန်နင်း ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) နောက်ဆုံး ဥမင်လိုဏ်ခေါင်းအားယနေ့ နိုဝင်ဘာ ၉ ရက်တွင် ဖောက်လုပ်မှုပြီးစီးခြင်းနှင့်အတူ တရုတ်-ဗီယက်နမ် နယ်စပ်သို့ တရုတ်မြန်နှုန်းမြင့်ရထားများ ရောက်ရှိလာမည့် ရထားလမ်း တည်ဆောက်မှုသည် အရေးပါသည့် ခြေလှမ်းသစ်တစ်ရပ်ကို လှမ်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ ၄၆ ဒသမ ၉ ကီလိုမီတာ...
ပေကျင်း၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်ပတ် အာကာသယာဉ်သည် ဂြိုဟ်အား အဝေးမှ အာရုံခံနိုင်သော ဂြိုလ်ပတ်လမ်းအတွင်းသို့ နိုဝင်ဘာ ၈ ရက်တွင် ဝင်ရောက်ခဲ့ပြီး အင်္ဂါဂြိုဟ်အား အဝေးမှ အာရုံခံ စူးစမ်းရှာဖွေမှုကို စတင်ခဲ့ကြောင်း တရုတ်အမျိုးသား အာကာသ စီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က...
ပေကျင်း၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) ယူနက်စကို”Creative Cities Network”တွင် အသစ်ပါဝင်မည့် မြို့ပေါင်း ၄၉ မြို့၏အမည်စာရင်းကို ယူနက်စကိုဝဘ်ဆိုက်က နိုဝင်ဘာ ၈ ရက် ညနေပိုင်းတွင် ထုတ်ပြန်ခဲ့ရာ တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ဟွိုင်အန်းမြို့သည် “ကမ္ဘာ့စွဲမက်ဖွယ် စားကောင်းသောက်ဖွယ်မြို့တော်(City of Gastronomy)”အဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။...