ချိန်တူး၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) ရှေးဟောင်းသုတေသနပညာရှင်များက တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ယန်ယွမ်ခရိုင်တွင် ဆန်းမင်းဆက်(၁၆၀၀ ဘီစီ – ၁၀၄၆ ဘီစီ)နှင့် ဟန်မင်းဆက်အစောပိုင်းကာလ (၂၀၂ ဘီစီ – ၂၅ အေဒီ)က သင်္ချိုင်းဂူပေါင်း ၁,၁၀၀ ကျော်တွေ့ရှိခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သိပ္ပံပညာရှင်များက လူလိုက်ပါအာကာသယာဉ် Shenzhou-14အတွက် သတ္တုအခြေခံ အပူထိန်းလွှာကို တီထွင်ခဲ့ရာ ၎င်းမှာ အာကာသယာဉ်မှူးများ ဂြိုဟ်ပတ်လမ်းအတွင်း ၆ လကြာနေထိုင်ချိန်ကာလအတွင်း အပူလွန်၊အအေးလွန်ခြင်းဒဏ်မှ ကာကွယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ပေကျင်း ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) ကပ်ရောဂါကြိုတင်ကာကွယ်ရန် နှင့် ထိန်းချုပ်ရန် ရည်ရွယ်၍ ပိတ်ထားခဲ့ရသော ပေကျင်းမြို့ရှိ ရထားဘူတာရုံအားလုံးသည် ဇွန် ၁၉ ရက်မှ စတင်ကာ လုပ်ငန်းများ ပုံမှန်ပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်း မြို့တော် မြူနီစီပယ်ပို့ဆောင်ရေးကော်မရှင်၏ ပြောကြားချက်အရ သိရသည်။
ပေကျင်း ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ လမ်း နှင့် ရေကြောင်း အခြေခံအဆောက်အအုံတွင် ရင်းနှီးမြှုပ်နှံမှုသည် ယခုနှစ် ပထမငါးလတာအတွင်း ဆက်လက်တိုးတက်လာသည်ကို တွေ့မြင်ရကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။
ရင်ချန်း ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှဟေး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လင်ဝုမြို့ Majiatan မြို့ငယ်ရှိ သတ္တုတွင်း ရေနုတ်မြောင်းကို တူးဖော်တည်ဆောက်ထားသည့် ရေကန်ကြီးတစ်ခု၏ ရေမျက်နှာပြင်ပေါ်တွင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများကိုစွာ တပ်ဆင်ကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျက်ရှိသည်။
ပေကျင်း ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ကမ္ဘာ့လေထု၏အပူချိန် မြင့်တက်စေသော ကာဗွန်ဒိုင်အောက်ဆိုက် စသည့် ဓာတ်ငွေ့များ စောင့်ကြည့်လေ့လာမှု အားကောင်းလာစေရေးအတွက် ၂၀၂၅ ခုနှစ်အကုန်တွင် အမျိုးသားအဆင့် လေထုဆိုင်ရာအကြောင်းအချက်များ စောင့်ကြည့်ရေးစခန်းသစ် ၈ ခုအား တည်ဆောက်သွားရန် စီစဉ်နေကြောင်း နိုင်ငံ၏ မိုးလေဝသတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
ရှန်ဟိုင်း ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ရေနံဓာတုစက်ရုံလုပ်ငန်းတစ်ခုသည် စနေနေ့နံနက်အစောပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးသွားခဲ့ကြောင်း ယင်း ကုမ္ပဏီက ဆိုသည်။
ပေကျင်း ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) ကျင်းပပြုလုပ်မည့် BRICS စီးပွားရေးဖိုရမ်က တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု မျှော်လင့်ချက်များတွင် နိုင်ငံတကာ စီးပွားရေးအသိုက်အဝန်း၏ ခိုင်မာသောယုံကြည်ချက်အား ဖော်ပြနေပြီး နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် ဆန္ဒရှိကြောင်း တာဝန်ရှိသူတစ်ဦးက ဇွန် ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ကူမင်း ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) တရုတ်နိင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်သည် စားသုံးမှုအားပေးလှုံ့ဆော်ရေး နှင့် စီးပွားရေးနလန်ထူခြင်းအား မြှင့်တင်ရေးအတွက် ဇွန် ၁၈ ရက်တွင် တစ်လကြာ ဈေးပွဲတော် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ဇွန် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဖိတ်ကြားချက်အရအွန်လိုင်းပုံစံကျင်းပသော ၂၅ ကြိမ်မြောက်စိန့်ပီတာစဘာ့ခ် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ ဇွန် ၁၇ ရက်တွင် တက်ရောက်၍မိန့်ခွန်းပြောကြားခဲ့သည်။ ကမ္ဘာကြီးသည် ရာစုနှစ်တစ်ခုအတွင်းအကြီးမားဆုံးပြောင်းလဲမှုနှင့်အတူ မမြင်တွေ့နိုင်သောကပ်ရောဂါအား ရင်ဆိုင်နေရကြောင်း၊ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအခြေအနေကျဆင်းမှုကို ရင်ဆိုင်နေရကြောင်းနှင့် ကုလသမဂ္ဂအဖွဲ့ကြီး၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု၂၀၃၀ ပြည့်နှစ် လုပ်ငန်းစဉ်အတွက် အကောင်အထည်ဖော်ဆောင်ရန် မမျှော်မှန်းနိုင်သော စိန်ခေါ်မှုများကို...