ကူမင်း ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ခရီးသွားအများအပြားအား ဆွဲဆောင်သည့်နေရာတစ်ခုဖြစ်သည့် ယူနန်ပြည်နယ်က သုံးစွဲမှုမြှင့်တင်ရေးကြိုးပမ်းအားထုတ်မှုအနေဖြင့် ဇွန် ၁၈ ရက်မှစတင်ကာ တစ်လကြာ ဈေးပွဲတော်ကျင်းပသွားမည် ဖြစ်ကြောင်း ပြည်နယ်စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဌာနက ဇွန် ၁၅ ရက်တွင် ပြောကြားခဲ့သည်။ ယူနန်ပြည်နယ်ရှိ ဒေသဆိုင်ရာ အစိုးရအဖွဲ့များ...
ပေကျင်း ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ) စိုက်ပျိုးရေး ၊ ကျေးလက်ဒေသများ နှင့် ကျေးလက်နေပြည်သူများ၏ လုပ်ငန်းဆောင်တာများနှင့်ပတ်သက်၍ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်၏ မိန့်ဆိုမှု လမ်းညွှန်ချက်များကို အဓိက နိုင်ငံရေးတာဝန်တစ်ရပ်အဖြစ် လေ့လာသင်ယူပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တရုတ်နိုင်ငံဒုတိယဝန်ကြီးချုပ် Hu Chunhua က...
ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ နက်ရှိုင်းသောအာကာသစူးစမ်းလေ့လာရေး ဓာတ်ခွဲခန်းကို စတင်လည်ပတ်နေပြီဖြစ်ကြောင်း တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က ဇွန် ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း မဟာဘွဲ့ ၆ ဒသမ ၅ သန်းကျော် နှင့် ပါရဂူဘွဲ့ ၆၀၀,၀၀၀ ကျော် ချီးမြှင့်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။
ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ရာသီဥတုဒဏ်ခံနိုင်မှု မြှင့်တင်ရေး ကြိုးပမ်းအားထုတ်မှုများ၌ အရေးပါသော ရှေ့ဆက်ခြေလှမ်းများအဖြစ် ရာသီဥတုပြောင်းလဲခြင်း စောင့်ကြည့်ခြင်းနှင့် အန္တရာယ်ဖြစ်နိုင်သော ကာကွယ်နိုင်စွမ်းများ အဆင့်မြှင့်တင်ရန် အသေးစိတ် ဆောင်ရွက်ချက်များကို ထားရှိကြောင်း သိရသည်။
ဖနွမ်းပင် ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံအား စီမံကိန်း ၁၃ ခု အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး(LMC)အထူးရန်ပုံငွေ ၂၀၂၂ မှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ သန်းကျော်အား ဇွန် ၁၃ ရက်တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
လူဇင်ဘတ်၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ယန်ကျဲ့ချီနှင့် အမေရိကန် သမ္မတ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်(Jake Sullivan)တို့ လူဇင်ဘတ်နိုင်ငံတွင် ဇွန် ၁၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရေအရင်းအမြစ်ဝန်ကြီးဌာနက နိုင်ငံတောင်ပိုင်းရှိ ပုလဲမြစ်ဝှမ်းဒေသ၌ ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် ရေကြီးရေလျှံမှု အရေးပေါ်တုံ့ပြန်ခြင်း အဆင့်-၃ အဖြစ် ကနဦးသတ်မှတ်ထားကြောင်း ဇွန် ၁၃ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဗဟိုစစ်ကော်မရှင်ဥက္ကဌ ရှီကျင့်ဖိန်သည် စစ်ပွဲမှ လွဲ၍ အခြားသော စစ်ဆင်ရေးလှုပ်ရှားမှုဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်ကြေညာသွားရန် အမိန့်တစ်ရပ်အား လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရသည်။
ဖနွမ်းပင် ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ) အာရှ-ပစိဖိတ်အတွက် တရုတ်နိုင်ငံ၏ အမြော်အမြင်က ရေရှည်ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်သောဖွံ့ဖြိုးတိုးတက်မှု ရရှိရေးအတွက် စိတ်ကူးအသစ်များ ပေးအပ်ခဲ့ကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။