နန်နင်း၊ မတ် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်ရှီး (ကျွမ့်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ခရီးသည် ၁၃၂ ဦး စီးနင်းလိုက်ပါသွားသော ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျပြီးနောက် အသက်ရှင်ကျန်ရစ်သူမတွေ့ရှိရသေးကြောင်း လေကြောင်းမှ တာဝန်ရှိသူက မတ် ၂၂ ရက်နှောင်းပိုင်း၌ ပြောကြားခဲ့သည်။
နန်နင်း ၊ မတ် ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ မတ် ၂၁ ရက် မွန်းလွဲပိုင်းတွင် ပျက်ကျသွားသည့် လူပေါင်း ၁၃၂ ဦး လိုက်ပါလာသော ခရီးသည်တင်လေယာဉ်၏ ပျံသန်းမှုခရီးစဉ် အသေးစိတ်အကြောင်းအရာကို အလိုအလျောက် မှတ်တမ်းတင်ပေးသည့် စက်ကိရိယာ(Black Boxes)များအား ပြန်လည်ရယူရန် ကယ်ဆယ်ရေးသမားများက အစွမ်းကုန်ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း...
အစ္စလာမ်မာဘတ်၊ မတ် ၂၃ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Shah Mahmood Qureshi တို့သည် မတ် ၂၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နယ်ပယ်စုံ၌ လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။
နန်နင်း ၊ မတ် ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ မတ် ၂၁ ရက် မွန်းလွဲပိုင်းတွင် လူပေါင်း ၁၃၂ ဦး လိုက်ပါလာသည့် ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျမှု ဖြစ်ပွားပြီးနောက် မတ် ၂၂ ရက်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
ပေကျင်း ၊ မတ် ၂၂ ရက်(ဆင်ဟွာ) ဘိုးရင်း ၇၃၇ ခရီးသည်တင်လေယာဉ်တစ်စင်း မတ် ၂၁ ရက် မွန်းလွဲပိုင်းတွင် ပျက်ကျမှု ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံ အရှေ့ပိုင်းလေကြောင်းလိုင်းနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ကြောင်း နှင့် ဝိုင်းဝန်းကူညီမှုများ ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း Boeing China ကုမ္ပဏီက မတ် ၂၂...
ရှန်ဟိုင်း ၊ မတ် ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျမှု ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံ အရှေ့ပိုင်းလေကြောင်းလိုင်းက အရေးပေါ်တုံ့ပြန်ရေးယန္တရားတစ်ခုအား စတင်လိုက်ကြောင်း လေကြောင်းကုမ္ပဏီက မတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ အရှေ့ပိုင်းလေကြောင်းလိုင်းက လေယာဉ်ရှင်းလင်းဖယ်ရှားခြင်း ၊ မတော်တဆမှု စုံစမ်းစစ်ဆေးရေးလုပ်ဆောင်ခြင်း ၊...
ပေကျင်း၊ မတ် ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်းလေကြောင်းလိုင်းကုမ္ပဏီ၏ MU5735လေယာဉ် သည် ကူမင်းမြို့မှ ကွမ်ကျိုးမြို့သို့ ဦးတည်ပျံသန်းစဉ် မတ် ၂၁ ရက် ၁၄ နာရီ ၃၈ မိနစ်ခန့်တွင် ကွမ်ရှီးဒေသ ဝူကျိုးမြို့ကောင်းကင်၌ အဆက်အသွယ်ပြတ်၍ ပြတ်ကျမှုဖြစ်ပွားခဲ့ကြောင်း နှင့် လေယာဉ်တွင် ခရီးသည် ၁၂၃...
ကန်းစု၊ မတ် ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကန်းစုပြည်နယ်ကို “ပိုလျှံလျှပ်စစ်ဓါတ်အား ကျဲ့ကျန်းပြည်နယ်သို့ ပို့လွှတ်”ပံ့ပိုးပေးနိုင်သော ပြည်နယ်အဖြစ် တရုတ်အမျိုးသားစွမ်းအင်ဌာနက ပြီးခဲ့သည့် ရက်ပိုင်းတွင် အတည်ပြုခဲ့ကြောင်း အမျိုးသားလျှပ်စစ်ဓါတ်အားကွန်ရက် ကန်းစုပြည်နယ် လျှပ်စစ်ဓါတ်အားကုမ္ပဏီမှ သိရသည်။ UHV ဓာတ်အားပို့လွှတ်ရေး စီမံကိန်းမှတစ်ဆင့် ကျဲ့ကျန်းပြည်နယ်သို့ လျှပ်စစ်ဓါတ်အား စွမ်းအင် ပို့လွှတ်ခြင်း ဖြစ်သည်။...
ပေကျင်း၊ မတ် ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ် ၁၉ ရက် ညနေပိုင်းတွင် အန်းဟွေးပြည်နယ်Tunxi ၌ သတင်းထောက်များ၏ တွေ့ဆုံမေးမြန်းမှုကိုဖြေကြားစဉ် တရုတ် နှင့် အမေရိကန် သမ္မတတို့ ၏ ယူကရိန်းအရေးအပေါ် အမြင်ချင်းဖလှယ်မှုအခြေအနေကို ရှင်းလင်း ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၁၉ ရက် (ဆင်ဟွာ) “တရုတ်လူမှုသိပ္ပံအကယ်ဒမီ ရှေ့ဟောင်းသုတေသနဖိုရမ် -၂၀၂၁ ခုနှစ် တရုတ်ရှေးဟောင်းသုတေသနရှာဖွေတွေ့ရှိမှုအသစ်” ကို မတ် ၁၈ ရက်က တရုတ်နိုင်ငံ သမိုင်းသုတေသနဌာနတွင် ကျင်းပခဲ့သည်။