ပေကျင်း၊ မတ် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မတ် ၁၈ ရက်နှောင်းပိုင်းက အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်၏ ဖုန်းခေါ်ဆိုမှုကို လက်ခံပြောကြားခဲ့သည်။ နှစ်နိုင်ငံ သမ္မတများသည် တရုတ်-အမေရိကန် ဆက်ဆံရေး၊ ယူကရိန်းနိုင်ငံအခြေအနေနှင့် အခြား အပြန်အလှန်အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များအပေါ် ပွင့်ပွင့်လင်းလင်း၊ နက်နက်ရှိုင်းရှိုင်း...
ချိန်တူး၊ မတ် ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပင်လယ်ရေမျက်နှာအမြင့်ဆုံး ကီလိုဝပ် သန်းနှင့်ချီထုတ်လုပ်နိုင်သော ရေအားလျှပ်စစ်စီမံကိန်း ဖြစ်သည့် ရာလုံကျန်းမြစ် လျန်းဟယ်ခို ရေအားလျှပ်စစ်စီမံကိန်း၏ နောက်ဆုံးစက်အုပ်စုသည် မတ် ၁၈ ရက်တွင် ၇၂ နာရီကြာ စမ်းသပ်လည်ပတ်ပြီးဖြစ်သဖြင့် တရားဝင် စီးပွားဖြစ်ထုတ်လုပ်နေပြီဖြစ်ကြောင်း သိရသည်။
ကွေ့ယန်၊ မတ် ၁၈ ရက် (ဆင်ဟွာ)
ပေကျင်း၊ မတ် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုဖြစ်မြောက်ရေးကဏ္ဍတွင် လုပ်ဆောင်လျက်ရှိပြီး ယူကရိန်းအရေးကိစ္စ ဖြေရှင်းရန် ကြိုးပမ်းနေကြောင်းနှင့် ယူကရိန်းအရေးကိစ္စ၌ အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဟု ကျောက်လိကျန်းက မတ် ၁၇ ရက်တွင် ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ရှစ်ဆောင်ပဏ္ဏား၊ မတ် ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား၌ အာရှဆင်ပေါက်လေးတစ်ကောင်သည် မွေးကင်းစ ၂ လသားအရွယ်တွင် ခြေထောက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့ခြင်းကြောင့် ဆင်အုပ်ကြီးက သူ့ကို ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ထားရစ်ခဲ့သည်။ အဆိုပါဆင်ပေါက်လေးကို ရှစ်ဆောင်ပဏ္ဏား အာရှဆင်များ ကျွေးမွေးစောင့်ရှောက်ရေးနှင့်ကယ်ဆယ်ရေးစင်တာသို့ ပို့ဆောင်ကာ ကုသပေးခဲ့ပြီး “လုံးလုံး”ဟု အမည်ပေးထားသည်။...
ဖူကျိုး၊ မတ် ၁၇ ရက် (ဆင်ဟွာ) မီတာ ၅၀၀ ရှိသော သံမဏိရထားသံလမ်းပိုင်းတစ်စုံကို တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ်ရှိ Putian ဘူတာရှိ ကွန်ကရစ်ကြမ်းခင်းပေါ်၌ အောင်မြင်စွာခင်းခဲ့ကာ နိုင်ငံ၏ ပထမဆုံး ပင်လယ်ဖြတ်ကျော် မြန်နှုန်းမြင့်ရထားလမ်း သံလမ်းခင်းခြင်းလုပ်ငန်းကို စတင်လျက်ရှိကြောင်း သိရသည်။ အရှည် ၂၇၇ ကီလိုမီတာရှိသော...
ပေကျင်း၊ မတ် ၁၇ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ လေယာဉ်ထုတ်လုပ်ရေး Embraer က တရုတ်နိုင်ငံ၏ ပွင့်လင်းကောင်းမွန်လျက်ရှိသော လေကြောင်းကုန်စည်ဈေးကွက်အပေါ် ယုံကြည်စိတ်ချလျက်ရှိကြောင်းနှင့် ဒေသတွင်းမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ယင်းကဏ္ဍ၏ ပိုမိုတိုးတက်မှုကို ပံ့ပိုးသွားရန် ဆန္ဒရှိကြောင်း ကုမ္ပဏီ၏ အဆင့်မြင့်အမှုဆောင်များက ပြောကြားခဲ့သည်။ “တရုတ်နိုင်ငံက အထူးသဖြင့် ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ကွင်းဆက်နဲ့...
ပေကျင်း၊ မတ် ၁၇ ရက်(ဆင်ဟွာ) ယခုရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ရုရှား-ယူကရိန်း ပဋိပက္ခတွင် ”နိုင်ငံကြီးက နိုင်ငံငယ်ကို အနိုင်မကျင့်ရ”ဟူသည့် နိုင်ငံတကာအခြေခံစည်းမျဉ်းဖျက်ဆီးခံရကြောင်း ပြောကြားအပေါ် တရုတ်နိုင်ငံခြားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အမေရိကန်၏လုပ်ရပ်ကသာ “နိုင်ငံကြီးက နိုင်ငံငယ်ကို အနိုင်ကျင့်”သည့် စံနမူနာဖြစ်ကြောင်း မတ် ၁၆ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲမေးမြန်းမှုတွင်...
ပေကျင်း၊ မတ်လ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တာ့ခ်မင်နစ္စတန်နိုင်ငံ သမ္မတ Gurbanguly Berdimuhamedov နှင့် ရွေးကောက်ခံသမ္မတ Serdar Berdimuhamedov တို့နှင့် မတ် ၁၆ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ရှီက တာ့ခ်မင်နစ္စတန်သမ္မတရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အတွက်...
ပေကျင်း၊ မတ် ၁၇ ရက်(ဆင်ဟွာ) ယခုကာလများတွင် အမေရိကန်က တရုတ်ကိုဦးတည်ကာ ရန်လိုရန်စသည့်ပြောဆိုမှု များစွာ ထုတ်ပြန်ခဲ့ရာ ၎င်းမှာ အမေရိကန်၏ အမြစ်တွယ်နေသည့် စစ်အေးတိုက်ပွဲ သူနိုင်ကိုယ်နိုင် အတွေးအခေါ် နှင့် အုပ်စုဖွဲ့ ထိတ်တိုက်ရင်ဆိုင်မှု အတွေးအမြင်များကို ပေါ်လွင်စေကြောင်း၊ တရုတ်နိုင်ငံ၏ တရားဝင်အခွင့်အရေးနှင့်အကျိုးစီးပွားကို မည်သည့်နည်းလမ်းနှင့်မျှ ထိခိုက်အောင် ဆောင်ရွက်ခွင့်ပြုမည်မဟုတ်သလို...