ပေကျင်း ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် တရုတ်နိုင်ငံသို့ ရောက်ရှိလာသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် နှင့် ပေကျင်းမြို့၌ ဖေဖော်ဝါရီ ၅ ရက်တွင် တွေ့ဆုံခဲ့ပြီး နိုင်ငံတကာရေးရာကိစ္စရပ်များတွင် ကုလသမဂ္ဂ၏ အဓိကအခန်းကဏ္ဍအား ထောက်ပံ့ရေးအတွက် တရုတ်နိုင်ငံ၏...
ပေကျင်း၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖေဖော်ဝါရီ ၆ ရက်က ဗြိတိန် ဘုရင်မကြီး အဲလိဇဘက် (၂)ထံသို့ ၎င်း နန်းတက်သည့်နှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုသဝဏ်လွှာပေးပိုခဲ့သည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့အကြား ဖေဖော်ဝါရီ ၄ ရက်တွင် ဆွေးနွေးမှုများသည် အလွန်အောင်မြင်ခဲ့ကြောင်း တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Le Yucheng က မီဒီယာများအား ပြောကြားခဲ့သည်။
YANQING ၊ ပေကျင်း ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) ယနေ့ ဖေဖော်ဝါရီ ၆ ရက်( တနင်္ဂနွေနေ့)တွင် ကျင်းပရန်ရှိသည့် ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ၏ အမျိုးသားတောင်စောင်းနှင်းလျှောစီးပြိုင်ပွဲကို ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် ရွှေ့ဆိုင်းလိုက်ရကြောင်း သိရသည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) ဖေဖော်ဝါရီ ၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ၏ မီတာ ၂၀၀၀ အသင်းလိုက်လက်ဆင့်ကမ်း စကိတ်စီးပြိုင်ပွဲတွင် တရုတ်နိုင်ငံအသင်းက နိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ဆွတ်ခူးပေးနိုင်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံရေးခေါင်းဆောင်များက “Bird’s Nest”ဟု လူသိများသည့် အမျိုးသားအားကစားရုံ၌ ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းတွင် ကျင်းခဲ့သည့် ၂၄ ကြိမ်မြောက် အိုလံပစ်ဆောင်းရာသီပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ချီးကျူးခဲ့ကြကြောင်း သိရသည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ပေကျင်းမြို့၌ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်နှင့်တွေ့ဆုံဆွေးနွေးစဉ်အတွင်း အမျိုးမျိုးသောကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် စည်းလုံးညီညွတ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ မြစ်ဝါမြစ်ဝှမ်းတွင် စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ရေးများဆောင်ရွက်ပြီးနောက် ဂေဟဗေဒဆိုင်ရာ သဘာဝပတ်ဝန်းကျင်၌ ကြီးမားသော တိုးတက်မှုရှိခဲ့ကြောင်း မြစ်ဝါမြစ် ထိန်းသိမ်းရေးကော်မရှင်က ထုတ်ပြန်သော နောက်ဆုံးအစီရင်ခံစာအရ သိရသည်။ ၁၉၉၀ ခုနှစ်တွင် နိုင်ငံတော်ကောင်စီမှ ပြုလုပ်သော ပထမဆုံး မြေဆီလွှာတိုက်စားမှုစစ်တမ်းရလဒ်များနှင့် နှိုင်းယှဉ်ပါက မြစ်ဝါမြစ်ဝှမ်းရှိ...
ထျန်းကျင်း၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းဆိပ်ကမ်းတွင် ရပ်ဝန်းနှင့် ပိုးလမ်းမ နိုင်ငံများအတွက် ရည်ရွယ်ထားသော ကုန်စည်စီးဆင်းမှုပမာဏသည် ဇန်နဝါရီလကုန်ပိုင်းအထိ ဆိပ်ကမ်းရှိ စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းရှိကြောင်း ဒေသခံအာဏာပိုင်များအရ သိရသည်။ ထျန်းကျင်းဆိပ်ကမ်းသည် ယမန်နှစ် ဒီဇင်ဘာလကုန်ပိုင်းအထိ 20-foot equivalent unit...
ပေကျင်း၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် တစ်နိုင်ငံချင်းစီ၏ အဓိကအကျိုးစီးပွား၊ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုအတွက် အခိုင်အမာထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး ပြည်တွင်းရေးရာများ၌ ပြင်ပမှဝင်ရောက်စွက်ဖက်မှုကိုလည်း ကန့်ကွက်ကြောင်း နှစ်နိုင်ငံ သမ္မတများ တွေ့ဆုံပြီးနောက် ဖေဖော်ဝါရီ ၄ ရက်၌ ထုတ်ပြန်သည့် ပူးတွဲကြေညာချက်အရ သိရသည်။...