ပေကျင်း၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီး Yvan Gil ၏ ဖိတ်ကြားမှုအရ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။
ဝူးလူမုချီ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) စိုက်လီမုရေကန်သည် တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ပေါ်အယ်ထာလား မွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသခွဲ၌ တည်ရှိပြီး ရှင်းကျန်းဒေသတွင် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ဆုံး၊ ဧရိယာအကြီးဆုံး မြင့်မားသောတောင်တန်းပေါ်က ရေကန်ဖြစ်သည်။ နှစ်ကုန်အေးခဲသောရာသီချိန်တွင် စိုက်လီမုရေကန်သည် ငွေရောင်ဝတ်စုံ လွှမ်းခြုံထားရာ ဖြူစင်လှသည့် ရေခဲဆီးနှင်းပန်းချီကားချပ်ပမာပင်ဖြစ်သည်။
ဟိုင်ခို၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ဧရိယာအားဖြင့် ကမ္ဘာ့အကြီးဆုံး လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်း (FTP) ဖြစ်သော ဟိုင်နန် FTP တွင် ကျွန်းတစ်ခွင် အထူးအကောက်ခွန်လုပ်ငန်းများကို စတင်ခဲ့ပြီး ပြည်ပမှ ကုန်စည်များ လွတ်လပ်စွာဝင်ရောက်ခွင့်ပြုကာ စည်းကြပ်ခွန်သုည အကျုံးဝင်မှုနှင့် စီးပွားရေးလုပ်ငန်းအားပေးသော အစီအမံများစွာ တိုးချဲ့ထားကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံရှိ ဒစ်ဂျစ်တယ်သုံးစွဲသူဦးရေမှာ ၉၅၈ သန်းကျော်ရှိခဲ့ပြီး ယင်းမှာ နိုင်ငံ၏ စုစုပေါင်းသုံးစွဲမှုတွင် ဒစ်ဂျစ်တယ်သုံးစွဲမှု၏ အခန်းကဏ္ဍ ကြီးထွားလာမှုကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးသံတမန်သည် ဒီဇင်ဘာ ၁၈ ရက်တွင် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံသို့ ထပ်မံကူးလူးသွားလာ၍ အပစ်ရပ်ရေး ကြားဝင်စေ့စပ်ညှိနှိုင်းပေးမည်ဖြစ်ပြီး နှစ်ဖက်ဦးတည်ချက်တူ လျှောက်လှမ်းရေးကို တွန်းအားပေးရန်၊ ငြိမ်းချမ်းရေး အမြန်ဆုံး ပြန်လည်တည်ဆောက်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက...
ပေကျင်း၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ၁၅ ကြိမ်မြောက် နိုင်ငံအဆင့် ငါးနှစ်စီမံကိန်း (၂၀၂၆-၂၀၃၀) မှ တင်ပြလာသည့် ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းများအား ရယူနိုင်ရေးအတွက် ထိုင်ဝမ်စီးပွားရေးလုပ်ငန်းများကို တရုတ်ပြည်မကြီးက ကူညီရန် အသင့်ရှိနေကြောင်း တရုတ်ပြည်မကြီးပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဇင်ဘာ ၁၇ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ပြည်သူလူထုအကြား စာဖတ်ရှိန်မြှင့်တင်ရေး စည်းမျဉ်းအား ထုတ်ပြန်သည့် နိုင်ငံတော်ကောင်စီ၏ အမိန့်ကြော်ငြာစာကို တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပြီး ယင်းစည်းမျဉ်းမှာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်၌ စတင်အသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။
မက်ဒရစ်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)
မက်ဒရစ်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)
ပေကျင်း၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)