ကူမင်း၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံ၏ ၁၁၃ ကြိမ်မြောက် မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှုတွင် ပါဝင်သော တရုတ် ဥပဒေစိုးမိုးရေးရေယာဉ် ၂ စင်းသည် ဇန်နဝါရီ ၁၈ ရက်နံနက် ၉ နာရီတွင် ယူနန်ပြည်နယ်၊ ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် ကျင်ဟားဆိပ်ကမ်းမှ...
ဖူကျိုး ၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် Quanzhou မြို့မှ ကုန်ပစ္စည်း ၄၄၅ တန် သယ်ဆောင်ထားသည့် ကုန်တင်ရထားသစ်တစ်စီးသည် ဇန်နဝါရီ ၁၈ ရက်တွင် ရုရှားနိုင်ငံ မော်စကိုမြို့သို့ ဦးတည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ဝူဟန့် ၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအလယ်ပိုင်းတွင် တည်ရှိသည့် ဝူဟန့်တက္ကသိုလ်သည် အမည်မဖော်လိုသူ ကျောင်းသားဟောင်းတစ်ဦးထံမှ တရုတ်ငွေ ယွမ် ၇၈ သန်း (အမေရိကန်ဒေါ်လာ ၁၂.၃ သန်း) ကို ဇန်နဝါရီ ၁၈ ရက်တွင် လက်ခံရှိခဲ့ကြောင်း တက္ကသိုလ်သတင်းအရင်းအမြစ်များအရ သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၂၀၂၂ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ် ဗွီဒီယိုကွန်ဖရင့်သို့ ဇန်နဝါရီ ၁၇ ရက်က ပေကျင်းမြို့မှ တက်ရောက်၍ 《ခိုင်မာသည့်ယုံကြည်ချက်၊ ရဲဝံ့သည့်ဇွဲလုံလဖြင့် ရှေ့သို့လျှောက်လှမ်းကာ ကပ်ရောဂါအလွန် သာယာလှပသည့်ကမ္ဘာကြီးအား အတူတည်ဆောက်သွားမည်》ဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။
ချုံချင့်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) တရုတ်-စင်ကာပူ (ချုံချင့်) သရုပ်ပြစီမံကိန်းအောက်တွင် ၂၀၂၁ ခုနှစ် နှစ်မကုန်မီအထိ မဟာဗျူဟာမြောက် ကွန်ရက်ချိတ်ဆက်မှုအရ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စီမံကိန်း စုစုပေါင်း ၁၆၂ ခု လက်မှတ်ရေးထိုးထားကြောင်း သိရသည်။
ပေကျင်း ၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက တရုတ်နိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ၎င်းတို့၏ ချစ်ကြည်ရင်းနှီးမှုအား ထိန်းသိမ်းကာ အနှောင့်အယှက်အဟန့်အတားများအား ဖယ်ရှားပြီး နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားသင့်ကြောင်း နှင့် နှစ်နိုင်ငံဆက်ဆံရေးအတွက် ပိုမိုကောင်းမွန်သည့်အနာဂတ်တစ်ခုအား အတူတကွဖွင့်လှစ်သင့်ကြောင်း ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
တီရာနာ ၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဖေဖော်ဝါရီ ၄ ရက်တွင် စတင်ဖွင့်လှစ်မည့် အိုလံပစ်ဆောင်းရာသီအားကစားပြိုင်ပွဲများကို တရုတ်နိုင်ငံက အကောင်းဆုံး လက်ခံကျင်းပသွားနိုင်မည်ဖြစ်ကြောင်း အယ်လ်ဘေးနီးယားနိုင်ငံအမျိုးသားအိုလံပစ်ကော်မတီဥက္ကဌ Fidel Ylli က ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ကူမင်း၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) တောဆင်ရိုင်းမကြီးက မွေးကင်းစ ဆင်ပေါက်လေးကို ထိန်းကျောင်းရေကစားနေသည့် ဗွီဒီယို ယခုရက်ပိုင်းကာလ အွန်လိုင်းတွင် နာမည်ကြီးလာခဲ့သည်။ ယင်းဆင်ပေါက်လေးကို ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တောဆင်ချိုင့်ဝှမ်းတွင် မွေးဖွားခြင်းဖြစ်ကြောင်း သက်ဆိုင်သူများက မိတ်ဆက်ပြောကြားခဲ့သည်။ တောဆင်ချိုင့်ဝှမ်း ဆင်အုပ် ၄ အုပ်တွင် ယခုကာလအတွင်း အသစ်မွေးဖွားသည့် ဆင်ပေါက်ကလေး...
ကွမ်ကျိုး ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ) အေဒင်ပင်လယ်ကွေ့ နှင့် ဆိုမာလီကမ်းလွန်ပင်လယ်ပြင်တို့၌ အစောင့်အရှောက်တာဝန် ထမ်းဆောင်ရန် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA) ရေတပ်၏ အကြိမ် ၄၀ မြောက် သင်္ဘောအုပ်စုသည် ဇန်နဝါရီ ၁၅ ရက်တွင် နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ကျန့်ကျန်းမြို့ရှိ စစ်ဘက်ဆိုင်ရာဆိပ်ကမ်းတစ်ခုမှ စတင်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။...
ကွေ့ကျိုး၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) တရုတ်နှစ်သစ်ကူးအခါသမယနှင့် နီးကပ်လာသည်နှင့်အမျှ တရုတ်နိုင်ငံတဝှမ်းတွင် (အနီရောင်စက္ကူပေါ် ဆုမွန်စာ၊ ဂုဏ်ပြုစာရေးထားပြီး တံခါးနှစ်ဖက်တွင် ကပ်ရသော )အနီရောင် နွေဦးပွဲတော်နှစ်ချိုးစပ်စာတန်းများကို စတင်ရေးသားကြ၊ ဝယ်ယူကြရာ ပွဲတော်အငွေ့အသက်များဖြင့် ပြည့်နှက်နေကြောင်း သိရသည်။(Xinhua) ………………………………………… (Chinese Version) 火红春联迎新春 新华社照片,从江(贵州),2022年1月15日 新春临近,人们开始书写、置办春联,节日气氛渐浓。...