ပေကျင်း၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို ကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ၊ တရုတ်-အမေရိကန် ဘက်စုံစီးပွားရေးတွေ့ဆုံဆွေးနွေးမှုဆိုင်ရာ ဦးဆောင်သူ လျိုဟဲ့သည် ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Janet Yellenနှင့် အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက ဗွီဒီယိုလင့်ခ်ဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။...
ပေကျင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က လူသားမျိုးနွယ်စု ရင်ဆိုင်ကြုံတွေ့နေရသည့် ကမ္ဘာလုံးဆိုင်ရာအရေးကိစ္စရပ်များ နှင့် စိတ်ခေါ်မှုအမျိုးမျိုးကို ဖြေရှင်းအတွက် အတူတကွလုပ်ဆောင်ရန် နှင့် ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်ရန် အောက်တိုဘာ ၂၅ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။ ပေကျင်းမြို့၌ ကျင်းပသော ကုလသမဂ္ဂတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရားဝင်နေရာ ပြန်လည်ရရှိခြင်း...
ပေကျင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) ကုလသမဂ္ဂတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) ၏ တရားဝင်နေရာပြန်လည် ရရှိခြင်းသည် ကမ္ဘာကြီးနှင့် ကုလသမဂ္ဂအတွက် အလွန်ကြီးမားသော လေးနက်မှုတစ်ခုဖြစ်ကြောင်း ၊ တရုတ်နိုင်ငံနှင့် ပိုမိုကျယ်ပြန့်သောကမ္ဘာကြီး နှစ်ခုလုံးအတွက် အရေးကြီး၍ ကျယ်ကျယ်ပြန့်ပြန့်အရေးပါကြောင်း သမ္မတ ရှီကျင့်ဖိန်က ယနေ့အောက်တိုဘာ ၂၅ ရက်၌...
ပေကျင်း၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်မှနေ၍ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့် အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းတွင် အွန်လိုင်းဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ ဗဟိုအတွင်းရေးမှူးရုံး အတွင်းရေးမှူး ဝမ်ဟုနင် ပါဝင်တက်ရောက်ခဲ့သည်။...
ပေကျင်း ၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က လူသားမျိုးနွယ် ကံကြမ္မာအကျိုးတူအသိုက်အဝန်းတစ်ခုတည်ဆောက်ရေး ပူးပေါင်းကြိုးပမ်းအားထုတ်ရန်အတွက် တိုက်တွန်းပြောကြားခဲ့ပြီး “ သမိုင်းရဲ့ အမှန်တရားဘက်အခြမ်းနဲ့ လူသားမျိုးနွယ်ဖွံ့ဖြိုးတိုးတက်မှုဘက်အခြမ်းကနေပြီး ကမ္ဘာကြီးထာဝရငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်ဖို့အတွက် မဆုတ်မနစ်ကြိုးပမ်းအားထုတ်ရင်း ကျွန်ုပ်တို့လက်တွေ ချိတ်ဆက်ထားကြပါစို့ ” ဟု ယနေ့ အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ သမ္မတရှီသည်...
နန်ချန်းရေယာဉ်၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) တရုတ်-ရုရှား ပင်လယ်ပြင် ပူးတွဲ ကင်းလှည့်အဖွဲ့သည် အောက်တိုဘာ ၂၃ ရက် ညနေပိုင်းက အရှေ့တရုတ်ပင်လယ်ပြင် အရှေ့ပိုင်းရေပြင် ကင်းလှည့်မှုပြီးဆုံးခြင်း အခမ်းအနား ကျင်းပခဲ့သည်။ နှစ်နိုင်ငံ ရေယာဉ်သင်္ဘောအုပ်စုသည် ၇ ရက်ကြာ ပူးတွဲကင်းလှည့်မှုအပြီး အစီအစဉ်အတိုင်း လမ်းခွဲခဲ့ကြရာ တရုတ်-ရုရှား ပထမဆုံးအကြိမ်...
ချိန်တူး၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) “ချိန်ယွီ မြို့နှစ်မြို့ စီးပွားရေးစက်ဝန်း တည်ဆောက်မှု စီမံကိန်း အကျဉ်းချုပ်”ကို အောက်တိုဘာ ၂၀ ရက်တွင် တရားဝင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ၎င်းမှာ ပေကျင်း-ထျန်းကျင်း-ဟဲပေ၊ ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသ၊ ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်ကွေ့ဒေသ နောက်ပိုင်း တရုတ်နိုင်ငံ၏ အဓိက ဒေသဖွံဖြိုးရေး မဟာဗျူဟာနောက်တစ်ရပ်ဖြစ်သည်။ “ချိန်”၊”ယွီ”သည်...
ကျိနန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ် ကွန်မြူနစ်ပါတီ (CPC) ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန် သည် တရုတ်နိုင်ငံ၏ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်၊ Dongying မြို့၌ စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ပစိဖိတ်ကျွန်းနိုင်ငံများနှင့် ပိုမိုနီးကပ်သော ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေး တည်ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း တရုတ် နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အောက်တိုဘာ ၂၁ ရက်၌ ပြောကြားခဲ့သည်။
ဂျေရုဆလင်၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံ တဲလ်အဗစ်ရှိ အပေါ့စား ရထားလမ်းတွင် ဗုဒ္ဓဟူးနေ့ညက ပထမဆုံး ရထားစမ်းသပ်ပြေးဆွဲမှုပြုလုပ်ခဲ့ကြောင်း အစ္စရေးနိုင်ငံပိုင်ကုမ္ပဏီ NTA Metropolitan Mass Transit Systemက ပြောကြားခဲ့သည်။