ဆစ်ဒနီ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ Chang’e-5 အာကာသယာဉ်က လမျက်နှာပြင်ပေါ်မှ စုဆောင်းလာခဲ့သော မီးတောင်ချော်နက် မီးသင့်ကျောက်များသည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၂ ဘီလီယံခန့် ရှိပြီဖြစ်ကြောင်း၊ လမျက်နှာပြင်ပေါ်တွင် အသေးငယ်ဆုံး မီးသင့်ကျောက်များဖြစ်ကြောင်း အောက်တိုဘာ ၈ ရက်၌ ထုတ်ပြန်သော သိပ္ပံဂျာနယ်တွင် နိုင်ငံတကာသုတေသနအရ...
ပေကျင်း ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ တောရိုင်းတိရစ္ဆာန်များအတွက် စားကျက်မြေများသည် ကျယ်ပြန့်လာနေပြီး ၎င်းတို့၏ ပေါက်ဖွားမှုအကောင်ရေမှာလည်း တိုးပွားလာကြောင်း နိုင်ငံတော်ကောင်စီက အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်သော စက္ကဖြူစာတမ်းတစ်စောင်တွင် ဖော်ပြထားသည်။
ပေကျင်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက် (BRI) အောက်တွင် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်မှုလုပ်ထုံးလုပ်နည်းများ ထူထောင်ထားရှိကြောင်း နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးမှ အောက်တိုဘာ ၈ ရက်၌ ထုတ်ပြန်သည့် စက္ကူဖြူစာတမ်း၌ ဖော်ပြထားသည်။
ပေကျင်း ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ အမျိုးသားနေ့အားလပ်ရက် (ခုနှစ်ရက်တာ) ကာလအတွင်း ပြည်တွင်းခရီးသွား စုစုပေါင်း ၅၁၅ သန်းအထိ ရှိခဲ့ကြောင်း ယဉ်ကျေးမှု နှင့် ခရီးသွား ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက် အရ သိရသည်။
ကျိုချွမ်၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) Shenzhou-13အာကာသယာဉ်အား ယခုကာလအတွင်း လွှတ်တင်မည်ဖြစ်ရာ ယာဉ်နှင့်ဒုံးပျံအတွဲလိုက်အား လွှတ်တင်ရေးနေရာသို့ အောက်တိုဘာ ၇ ရက်တွင် ရွှေ့ပြောင်းထားကြောင်း သိရသည်။
ဇူးရစ်ချ်၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ယန်ကျဲ့ချီနှင့် အမေရိကန်သမ္မတ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်(Jake Sullivan)တို့သည် အောက်တိုဘာ ၆ ရက်က ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်ချ်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထန့်စော၁၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ ကိုယ်တိုင်တီထွင်ထုတ်လုပ်ထားသည့် အဏ္ဏဝါရေနက်ပိုင်းသုံး လူတင်ရေငုပ်ယာဉ် Fendouzhe (Striver)ကို ယခုရက်ပိုင်း Mariana သမုဒ္ဒရာချောက်၌ပုံမှန် သိပ္ပံသုတေသန စူးစမ်းလေ့လာမှုများတွင် တရားဝင် အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ယန်ကျဲ့ချီသည် အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလ်လီဗန် (Jake Sullivan) နှင့် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့၌ တွေ့ဆုံမည်ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။
ဂျီနီဗာ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) အချို့နိုင်ငံများ၏ ဒီမိုကရေစီကို အကြောင်းပြပြီး အခြားနိုင်ငံအား စွက်ဖက်တားဆီးမှုကို ဆန့်ကျင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ (ဂျီနီဗာရုံး) တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်နှင့် ဆွစ်ဇာလန် အခြေစိုက် အခြားနိုင်ငံတကာအဖွဲ့အစည်း ကိုယ်စားလှယ် ချန်ရွှိက အောက်တိုဘာ ၄ ရက် ကုလသမဂ္ဂ လူအခွင့်အရေးကောင်စီ (၄၈)ကြိမ်မြောက် အစည်းအဝေးတွင်...
ချုံချင့်၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချုင့်မြို့တွင် ယင်းနှစ်၏ ဇန်နဝါရီမှ စက်တင်ဘာထိ (တတိယသုံးလပတ်)အတွင်း ရထားလမ်းနှင့်ပင်လယ်ရေကြောင်းလမ်း ဆက်နွယ်သယ်ယူပို့ဆောင်မှု ခရီးစဉ်ပေါင်း ၁,၄၉၃ ခု ရှိခဲ့ရာ ၎င်းမှာပြီးခဲ့သည့်နှစ်ကာလတူထက် ၇၇ ရာခိုင်နှုန်းတိုးတက်လာခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် တစ်နှစ်ပတ်လုံး၏ ခရီးစဉ်ပေါင်း ၁,၂၉၇ ခုကို...